၁၂-၉-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Goal "Twitter"

ရော်နယ်ဒို ။     ။ ရီးယဲလ်အသင်းမှာ ရော်နယ်ဒိုနဲ့အတူ လက်တွဲခဲ့ဖူးတဲ့ နည်းပြ မော်ရင်ဟို က ရော်နယ်ဒို ဟာ အသက် (၅၀)အရွယ်အထိ ဘောလုံးကစားနေဦးမယ်ဆိုရင်လည်း ဂိုးသွင်းနိုင်မယ့်သူဖြစ်ကြောင်း ချီးကျူးလိုက်ပါတယ်။ မော်ရင်ဟို က အသက် (၃၄)နှစ်အရွယ်အထိ ရော်နယ်ဒိုတစ်ယောက် ခြေစွမ်းပြနေနိုင်တာဟာ အံ့အားသင့်စရာမရှိကြောင်းနဲ့ သူဟာ အမြဲပိုကောင်းဖို့ ကြိုးစားနေသူတစ်ယောက်ဖြစ်ကြောင်း မှတ်ချက်ပေးလိုက်ပါတယ်။

ရီးယဲလ် ။        ။ ရီးယဲလ်မက်ဒရစ်အသင်းဥက္ကဌ ပီရက်ဇ် က ဘိုင်ယန်တိုက်စစ်မှူး လီဝန်ဒေါစကီးနဲ့ မန်ယူကွင်းလယ်လူ ပေါ့ဂ်ဘာတို့ကို ခေါ်ယူဖို့ အစဉ်တစိုက်ကြိုးစားခဲ့ကြောင်းနဲ့ သူတို့ဟာ ခေါ်ရခက်တဲ့ ကစားသမားတွေဖြစ်နေကြကြောင်း ပြောဆိုလိုက်ပါတယ်။ ရီးယဲလ်အသင်းရဲ့ ပွဲတစ်ခုမှာ ပီရက်ဇ်က ဒီ ကစားသမားနှစ်ဦးဟာ သူတို့ကလပ်တွေက မရောင်းဖို့ဆုံးဖြတ်ထားကြတာကြောင့် ခေါ်ယူရ ခက်ခဲသူတွေဖြစ်ခဲ့ကြပြီး ရီးယဲလ်အနေနဲ့ သူတို့ကိုခေါ်ဖို့ထပ်ပြီး ကြိုးစားသွားဦးမယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

 

အိုဇေးလ် ။       ။ အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်း မာတီဆက်ကာ က လက်ရှိအာဆင်နယ်အသင်းမှာ ပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့ ကွင်းလယ်ကစားသမား အိုဇေးလ်ဟာ ဘောလုံးနဲ့ပတ်သက်လာရင် ဥာဏ်ကြီးရှင်တစ်ယောက်ဖြစ်တယ်လို့ ချီးကျူးလိုက်ပါတယ်။ အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်(၃)ပွဲမှာ ပါဝင်နိုင်ခဲ့ခြင်းမရှိတဲ့ အိုဇေးလ်အနေနဲ့ သူ့ရဲ့ပုံမှန်ခြေစွမ်းမျိုးပြန်ရဖို့ သူကိုယ်တိုင်ပဲ အားထုတ်ရလိမ့်မယ်လို့ အာဆင်နယ်အသင်းနောက်ခံလူဟောင်း မာတီဆက်ကာ က ပြောဆိုသွားခဲ့တာပါ။

READ
၅-၂-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ကန်တီ ။         ။ ရီးယဲလ်အသင်းဟာ ချယ်လ်ဆီးကွင်းလယ်လူ ကန်တီ ကို လာမယ့်အပြောင်းအရွှေ့မှာ ပေါင်သန်း(၁၀၀)နဲ့ခေါ်ယူဖို့ စီစဉ်နေကြောင်း TheSun က ဖော်ပြပါတယ်။ နည်းပြ ဇီဒန်းဟာ အသင်းရဲ့ကွင်းလယ်မှာ ကန်တီနဲ့ ကက်ဆီမီရို တို့အတွဲကို အသုံးပြုဖို့ စီစဉ်နေတာဖြစ်ပြီး ခြေစွမ်းကျနေတဲ့ မိုဒရစ်နဲ့ တိုနီခရူးစ် တို့ကြောင့် အသင်းရလဒ်တွေဆိုးရွားနေတာလို့ ထင်မြင်နေခဲ့တာပါ။ ရီးယဲလ်ဥက္ကဌ ပီရက်ဇ်အနေနဲ့လည်း လာမယ့်အပြောင်းအရွှေ့မှာ ကြယ်ပွင့်ကစားသမားတွေ ခေါ်ယူဖို့ရှိနေတယ်လို့ မှတ်ချက်ပေးခဲ့တာကြောင့် ကန်တီတစ်ယောက် ရီးယဲလ်ကိုရောက်လာနိုင်ချေရှိတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

လူကာကူ ။      ။ စီးရီးအေကစားသမားတွေဖြစ်ကြတဲ့ လူကာကူ နဲ့ ကူလီဘာလေ တို့ရဲ့ လူမျိုးရေးခွဲခြားခံရမှုအပေါ် စီးရီးအေတာဝန်ရှိသူတွေက Campaign တစ်ခု လုပ်ဖို့ စီစဉ်နေပြီး အဲဒီ Campaign ကို ဦးဆောင်ဖို့အတွက် လူကာကူ က ခွင့်တောင်းနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ အင်တာမီလန်အသင်းရဲ့ပွဲစဉ်တွေမှာ ပရိသတ်တွေက မျောက်အော်သံနဲ့ အော်ဟစ်လှောင်ပြောင်နေခဲ့ကြပြီး အင်တာမီလန်ပရိသတ်တွေကတော့ အဲဒီလို အော်သံပြုလုပ်တာဟာ လှောင်ပြောင်မှုတစ်ခုသာဖြစ်ကြောင်းနဲ့ လူမျိုးရေးခွဲခြားတာမျိုးမဟုတ်ကြောင်း ပြန်လည်ပြောဆိုထားခဲ့ပါတယ်။

ဇာဟာ ။         ။ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ ပဲလေ့စ်အသင်းကနေ မပြောင်းရွှေ့နိုင်ခဲ့တဲ့နောက် ကွင်းလယ်လူ ဇာဟာကတော့ သူ့ရဲ့အေးဂျင့်နဲ့ လမ်းခွဲလိုက်ပါပြီ။ အသက် (၂၆)နှစ်အရွယ် အိုင်ဗရီကို့စ်ကစားသမားဟာ ကလပ်အသင်းကြီးတစ်သင်းကို ပြောင်းရွှေ့ချင်ခဲ့ပေမယ့်လည်း ဆွေးနွေးမှုတွေ မအောင်မြင်ခဲ့တာကြောင့် ဒီရာသီမှာ ပဲလေ့စ်အသင်းအတွက် ဆက်ကစားပေးနေခဲ့ရတာပါ။ ဇာဟာ ရဲ့အေးဂျင့်ကုမ္ပဏီဖြစ်တဲ့ ဆော့လ်ဟောက်စ် ဟာ မန်ယူကို ပြောင်းရွှေ့သွားတဲ့ ဘစ်ဆာကာ ရဲ့အေးဂျင့်အဖြစ်လည်း တာဝန်ယူထားသူတွေဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဇာဟာနဲ့ လမ်းခွဲလိုက်ကြပြီလို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

READ
စံချိန်တင်လစာနဲ့တိဗက်ဇ်ကို ခေါ်ယူချင်နေတဲ့တရုတ်ကလပ်အသင်း

Linn

Source : TheSun , Goal , Mirror

SHARE