၁၃-၁-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

မန်ယူ ။ ။ မန်ယူအသင်းရဲ့ နည်းပြသစ်အဖြစ် လျာထားတဲ့စာရင်းထဲမှာ အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီလည်း ပါဝင်လာခဲ့ပြီဖြစ်တယ်လို့ Mirror သတင်းစာက ဖော်ပြပါတယ်။ ရာသီကုန်ရင် ခန့်အပ်မယ့် မန်ယူနည်းပြသစ် ရာထူးအတွက် ထင်ကြေးပေးမှုတွေနဲ့ သတင်းအသစ်တွေက အမြဲတမ်းပေါ်ထွက်နေခဲ့ပြီး အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်တောင် မန်ယူနည်းပြသစ်စာရင်းမှာ ပါဝင်လာခဲ့တာပါ။ ဗြိတိန်လောင်းကစားဒိုင်တွေကတော့ ရာသီကုန်ရင် မန်ယူနည်းပြသစ်ဖြစ်လာဖို့ လက်ရှိယာယီနည်းပြ ဆိုးလ်ရှားကို အလေးပေးမှု အများဆုံး ပြုလုပ်ထားခဲ့ပြီး အခုအချိန်မှာ အက်သလက်နည်းပြ ဆီမြွန်နီလည်း အလေးပေးမှု စာရင်းမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။

ဗယ်လ်ဗာဒီ ။    ။ ဘာစီလိုနာအသင်းနည်းပြ ဗယ်လ်ဗာဒီက နေမာနဲ့ ပတ်သက်တဲ့ အပြောင်းအရွှေ့သတင်းတွေကို ငြင်းဆန်သွားခဲ့ပြီး သူ့အနေနဲ့ နေမာရဲ့အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ ဘာမှကြားသိထားခြင်းမရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။ နေမာရဲ့ ဖခင်ဖြစ်သူဟာ ဘာစီလိုနာအသင်းရဲ့ တာဝန်ရှိသူတွေကို အပြောင်းအရွှေ့အတွက် ဖုန်းနဲ့ ဆက်သွယ်ခဲ့တယ်ဆိုတဲ့သတင်းတွေကို ဗယ်လ်ဗာဒီက ငြင်းဆိုသွားခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းတာဝန်ရှိသူတွေအနေနဲ့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ငြင်းဆန်နေခဲ့ကြတယ်လို့ ဗယ်လ်ဗာဒီက ဆိုလိုက်တာပါ။

Mirror

လင်ဂတ် ။       ။ မန်ယူအသင်းကွင်းလယ်ကစားသမား လင်ဂတ် က ဒီနေ့ညမှာ ကစားမယ့် စပါးအသင်းနဲ့ ပွဲစဉ်အတွက် နည်းပြဆိုးလ်ရှားက အသင်းသားတွေကို တွေ့ဆုံစကားပြောခဲ့ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဆိုးလ်ရှားဟာ အသင်းလေ့ကျင့်ခန်းအစီအစဉ်မတိုင်ခင် အသင်းသားတွေကို စုဝေးစကားပြောခဲ့ပြီး စပါးအသင်းနဲ့ ပွဲစဉ်မှာ (၁၀၀)ရာခိုင်နှုန်းအပြည့် ပေးဆပ်ကစားကြဖို့ တိုက်တွန်းသွားခဲ့ပါတယ်။ လင်ဂတ်က ဆိုးလ်ရှားဟာ ကစားသမားတွေကို ဖိအားပေးပြီး ခိုင်းစေတာမျိုးမဟုတ်ပဲ စိတ်ဓာတ်တက်ကြွလာအောင်တွန်းအားပေးနိုင်တဲ့ နည်းပြမျိုးဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

READ
(၁၄-၄-၁၈)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
Man United

ဂတ်တူဆို ။      ။ အေစီမီလန်အသင်းနည်းပြ ဂက်တူဆို က အသင်းတိုက်စစ်မှူး ဟီဂူအင်အနေနဲ့ ချယ်လ်ဆီးကို ထွက်ခွာဖို့ ဆန္ဒရှိနေတယ်ဆိုရင်လည်း အချိန်မရွေးထွက်ခွာသွားနိုင်တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ ဟီဂူအင် ဟာ ဒီအပြောင်းအရွှေ့မှာ ချယ်လ်ဆီးအသင်းရဲ့ ပစ်မှတ်ကစားသမား ဖြစ်နေခဲ့ပြီး အီတလီသတင်းစာတွေပေါ်မှာ မကြာခဏဖော်ပြခံနေရတာပါ။ ဂတ်တူဆို က ဟီဂူအင်ဟာ အသင်းအတွက် အရေးကြီးတဲ့ ကစားသမားတစ်ယောက်ဖြစ်ပေမယ့် သူဆန္ဒရှိတယ်ဆိုရင် အသင်းကနေ ထွက်ခွာသွားလို့ရတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

SkySports

ဗလင်စီယာနဲ့ဖယ်လိုင်နီ ။                   ။ ဒီရာသီကုန်ရင် မန်ယူအသင်းကနေ ထွက်ခွာကြတော့မယ့် အသင်းခေါင်းဆောင် ဗလင်စီယာနဲ့ ကွင်းလယ်လူ ဖယ်လိုင်နီ တို့ဟာ စီးရီးအေကလပ်အသင်းတွေဆီ ပြောင်းရွှေ့ဖို့သဘောတူညီမှုတွေ ရရှိခဲ့ကြပြီလို့ ESPN က ဖော်ပြပါတယ်။ မန်ယူဟာ ဒီကစားသမားနှစ်ယောက်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်လိုက်ရတော့မှာဖြစ်ပြီး ဗလင်စီယာက အင်တာမီလန်အသင်းဆီရောက်ရှိမှာဖြစ်သလို ဖယ်လိုင်နီကတော့ အေစီမီလန်အသင်းဆီရောက်ရှိမှာ ဖြစ်တယ်လို့ ဖော်ပြသွားခဲ့တာပါ။ ဒီကစားသမားနှစ်ယောက်ဟာ မန်ယူမှာ အသင်းဖော်တွေ ဖြစ်ခဲ့ကြပေမယ့် စီးရီးအေမှာတော့ ပြင်းထန်တဲ့ပြိုင်ဖက်တွေအဖြစ် ပြန်လည်ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။

READ
ရန်ကုန်မှာ ယှဉ်ပြိုင်ထိုးသတ်မယ့် ဗစ်ဒက်ဟ်နဲ့ အောင်လအန်ဆန်တို့ရဲ့ မကျေပွဲ

ဆန်းချက်ဇ် ။    ။ မန်ယူအသင်းတိုက်စစ်မှူး ဆန်းချက်ဇ်ဟာ ဒီနေ့ညပွဲစဉ်အတွက် လန်ဒန်ကိုထွက်ခွာလာတဲ့ မန်ယူအသင်းကစားသမားတွေထဲမှာ ပါဝင်မလာခဲ့ဘူးလို့ Mirror က ဖော်ပြပါတယ်။ လန်ဒန်ကို ထွက်ခွာလာတဲ့ မန်ယူအသင်းလူစာရင်းမှာ ဆန်းချက်ဇ် ၊ စမောလင်း ၊ ဘိုင်လီ ၊ ဗလင်စီယာ ၊ ဒါမီယန် ၊ ဖယ်လိုင်နီ တို့ ပါဝင်လာခြင်းမရှိခဲ့ပဲ ဆန်းချက်ဇ်အနေနဲ့ ဒီအရေးကြီးတဲ့ပွဲကို လွဲချော်မှာလားဆိုတာ သံသယရှိနေခဲ့ကြတာပါ။ မန်ယူအသင်းရဲ့ အဓိက ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကတော့ ဒီပွဲမှာ ပါဝင်လာဖို့ ရှိနေပေမယ့် သူ့ရဲ့ကြံ့ခိုင်မှုအတွက် ရုန်းကန်နေရဆဲဖြစ်တယ်လို့ Mirror က ဖော်ပြပါတယ်။

Linn

Source : TheSun , Mirror , Goal

SHARE