ဂွာဒီယိုလာ ။ ။ ဘိုင်ယန်မြူးနစ်အသင်းဟာ သူတို့ရဲ့နည်းပြဟောင်း ဂွာဒီယိုလာ ကို အသင်းဆီ ပြန်လာပြီး နည်းပြပေးဖို့ ပြန်လည်ချိတ်ဆက်နေတယ်လို့ Bild က ဖော်ပြသွားပါတယ်။ နည်းပြ ကိုဗက် ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီးတဲ့နောက် ဘိုင်ယန်မြူးနစ်ဟာ နည်းပြသစ်တစ်ယောက်ကို ခေါ်ယူဖို့ ဆက်သွယ်နေခဲ့ပြီး PSG အသင်းနည်းပြ တူချယ် ၊ အေဂျက်ဇ်နည်းပြ အဲရစ်တန်ဟက် တို့ကိုလည်း ချိတ်ဆက်နေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။
ဆာလက် ။ ။ လီဗာပူးလ်အသင်းတိုက်စစ်မှူး ဆာလက် ဟာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် အာဖရိကဖလားပြိုင်ပွဲဝင်မယ့် အီဂျစ်အသင်း လူစာရင်းကနေ နုတ်ထွက်သွားခဲ့ပါတယ်။ လက်စတာနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ပွဲစဉ်မှာ လက်စတာအသင်းကွင်းလယ်လူ ချောင်ဒူရီ နဲ့ ထိခိုက်မိခဲ့တာဖြစ်ပြီး ကန်ညာ၊ ကိုမိုရို့စ်တို့နဲ့ ကစားမယ့် ပွဲစဉ်တွေကို လွဲချော်မှာဖြစ်တယ်လို့ သိရပါတယ်။
“The injury needs a period of treatment to recover.”
It’s bad news for Mohamed Salah.
Full story: https://t.co/aHLlf3EYjB pic.twitter.com/1FfrucYN4D
— BBC Sport (@BBCSport) November 12, 2019
ဖေဘီယန်ဒဲဖ် ။ ။ အင်္ဂလန်အသင်းရဲ့ ကွင်းလယ်ကစားသမား ဖေဘီယန်ဒဲဖ် ဟာ ဒဏ်ရာကြောင့် အင်္ဂလန်အသင်း လူစာရင်းကနေ နုတ်ထွက်သွားခဲ့ကြောင်း အသင်းတာဝန်ရှိသူတွေက ကြေညာလိုက်ပါတယ်။ ဖေဘီယန်ဒဲဖ်ဟာ မွန်တီနီဂရိုး၊ ကိုဆိုဗို တို့နဲ့ ကစားမယ့်ပွဲစဉ်ကို လွဲချော်မှာဖြစ်ပြီး သူ့နေရာကို အစားထိုးဖို့ ကစားသမားခေါ်ယူမှာမဟုတ်ဘူးလို့ အသင်း တာဝန်ရှိသူတွေက ကြေညာထားပါတယ်။
Fabian Delph has not managed to recover from his latest injury, and has thus left the England squad ahead of @UEFAEURO qualifications against Montenegro & Kosovo. The FA has confirmed that he will not be replaced.
[Daily Mirror] pic.twitter.com/ydExX2nRbB
— Kosovans Abroad (@KosovansAbroad) November 13, 2019
လင်ဒီလော့ဖ် ။ ။ မန်ယူအသင်းနောက်ခံကစားသမား လင်ဒီလော့ဖ် က မော်ရင်ဟို တစ်ယောက် ဘောလုံးလောကထဲ အမြန်ဆုံးပြန်လည်ဝင်ရောက်နိုင်ဖို့ မျှော်လင့်ကြောင်းနဲ့ သူနဲ့အတူ အလုပ်တွဲလုပ်ခဲ့ရချိန်တွေကို လွမ်းဆွတ်မိကြောင်း ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်က မန်ယူအသင်းကနေ ထုတ်ပယ်ခံခဲ့ရသူ နည်းပြ မော်ရင်ဟို ဟာ လက်ရှိအချိန်အထိ နည်းပြ ရာထူးတစ်ခု ရရှိခြင်းမရှိသေးပဲ ဘောလုံးလောကနဲ့ ဝေးကွာနေခဲ့ရတာပါ။ လင်ဒီလော့ဖ်က မော်ရင်ဟို ဟာ နည်းစနစ်ပိုင်းကောင်းမွန်တဲ့နည်းပြ တစ်ယောက်ဖြစ်ပြီး ဘောလုံးလောကထဲမှာ သူ့ကိုပြန်လည်မြင်တွေ့ချင်မိကြောင်း အင်တာဗျူးတစ်ခုမှာ ဖြေဆိုသွားခဲ့တာပါ။
EPL: Why I miss Jose Mourinho – Man Utd star, Victor Lindelof https://t.co/jbM3VbKbS8 pic.twitter.com/4LVcpShYTE
— odunsco2014 (@odunsco2014) November 13, 2019
ဒေးဗစ်ဗီလာ ။ ။ စပိန်တိုက်စစ်မှူးဟောင်း ဒေးဗစ်ဗီလာကတော့ ဘောလုံးလောက ကနေ အနားယူတော့မယ်ဆိုတဲ့အကြောင်း ကြေညာသွားခဲ့ပါတယ်။ ဂျပန်ဘောလုံးလိဂ်မှာ သွားရောက်ကစားနေခဲ့တဲ့ အသက် (၃၇)နှစ်အရွယ် တိုက်စစ်မှူးဟာ ဒီနှစ်ဘောလုံးရာသီ ပြီးဆုံးသွားချိန်မှာတော့ သူ့အနေနဲ့ ဘောလုံးကစားခြင်းကနေ အနားယူတော့မှာဖြစ်တယ်လို့ တရားဝင်အသိပေးခဲ့ပြီး သူ့ရဲ့အသင်း ဗစ်ဆယ်ကိုဘေး အနေနဲ့ နောက်ထပ် (၃)ပွဲသာ ကစားရဖို့ ကျန်ရှိနေတော့တာပါ။
PSG ။ ။ PSG အသင်းဟာ အင်တာမီလန်ကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ တိုက်စစ်မှူး အီကာဒီ ကို အပြီးသတ်စာချုပ် ချုပ်ဆိုဖို့ စီစဉ်နေတယ်လို့ Inter News က ဖော်ပြပါတယ်။ PSG ဟာ အီကာဒီ အတွက် ပေါင်(၅၅)သန်း ပေးချေရဖို့ရှိနေပြီး (၅)နှစ်စာချုပ်နဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့ အီတလီသတင်းစာတွေက ဖော်ပြနေကြတာပါ။
Linn
Source : TheSun , Goal , Mirror