၁၃-၂-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ဆိုးလ်ရှား ။      ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားဟာ PSG ကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာ ဆိုးရွားတဲ့ မှတ်တမ်းတွေကို ပိုင်ဆိုင်သူတစ်ယောက် ဖြစ်သွားခဲ့ပါတယ်။ မန်ယူအသင်းဟာ ဥရောပပြိုင်ပွဲတွေကို အိုးထရက်ဖို့ဒ်မှာ လက်ခံယှဉ်ပြိုင်ရတိုင်း တစ်ဂိုးထက်ပိုပြီး ရှုံးလေ့မရှိတဲ့ စံချိန်ဟာ ဆိုးလ်ရှားရဲ့လက်ထက်မှာ ကျိုးပျက်သွားခဲ့တာပါ။ ဒါ့အပြင် (၂၀၀၅)ခုနှစ်နောက်ပိုင်း ကစားခဲ့တဲ့ ဥရောပပြိုင်ပွဲတွေမှာ ပြိုင်ဖက်အသင်းဖက်ကို ဂိုးပေါက်ကန်သွင်းမှု တစ်ကြိမ်သာ ရရှိခဲ့တဲ့ ပထမဆုံးပွဲစဉ်လည်း ဖြစ်လာခဲ့ပါတယ်။

စပါး ။   ။ စပါးအသင်းနည်းပြ ပိုချက်တီနိုက အသင်းနောက်ခံလူတစ်ဦးဖြစ်တဲ့ ဒန်နီရို့စ်ဟာ ဒေါ့တ်မွန်နဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲကို ဒဏ်ရာကြောင့် လွဲချော်မှာဖြစ်တယ်လို့ အတည်ပြုလိုက်ပါတယ်။ ချန်ပီယံလိဂ်ပွဲ ကစားမယ့် စပါးအသင်းရဲ့ လူစာရင်းမှာ လူငယ်နောက်ခံလူ ဝေါ်လ်ကာပီတာစ် နဲ့ အော်ရဲရား တို့ ပါဝင်လာခဲ့ပြီး ဟယ်ရီကိန်း ၊ အယ်လီ တို့ကလွဲလို့ အခြားကစားသမားအစုံပါဝင်ခဲ့ပါတယ်။ ရို့စ်ဟာ လက်စတာအသင်းကို (၃-၁)ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ စပါးအတွက် ကစားပေးခဲ့ပြီး ပွဲချိန် (၈၈)မိနစ်မှာ ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။

READ
တမင်တကာ ဂိုးတွေခွင့်ပြုခဲ့သည့် ဗီယက်နမ်ဂိုးသမားတစ်ဦးကို (၂)နှစ်ပွဲပယ်ပစ်ဒဏ်ချမှတ်
AFP

ဆန်းချက်ဇ် ။    ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက အသင်းတိုက်စစ်မှူး ဆန်းချက်ဇ်ရဲ့ ခြေစွမ်းနဲ့ပတ်သက်လို့ သူ့အနေနဲ့ ဘာမှ တတ်နိုင်တာမရှိဘူးလို့ ငြီးငြူလိုက်ပါတယ်။ PSG အသင်းနဲ့ ကစားခဲ့ရတဲ့ ပွဲစဉ်ရဲ့ ဒုတိယပိုင်းမှာ လူစားဝင်ကစားခဲ့တဲ့ ဆန်းချက်ဇ်ဟာ ပုံမှန်ခြေစွမ်းအောက် ရောက်ရှိနေခဲ့ပြီး အသင်းအတွက်လည်း ထိရောက်တဲ့ ပံ့ပိုးမှုတွေ ပြုလုပ်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဆိုးလ်ရှားက သူ့အနေနဲ့ အသင်းကစားသမားတွေရဲ့ ခြေစွမ်းပိုမိုတိုးတက်လာစေဖို့ ကူညီမှုတွေ ပြုလုပ်ပေးလိုပေမယ့် ဆန်းချက်ဇ်ရဲ့ ခြေစွမ်းတိုးတက်လာဖို့အတွက်တော့ သူလုပ်ပေးနိုင်တာ ဘာမှမရှိတော့ဘူးလို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

Goal

မာဆယ်လို ။    ။ ရီးယဲလ်အသင်းနောက်ခံကစားသမား မာဆယ်လို က အသင်းအနေနဲ့ သူ့ကိုလစာတိုးမပေးဘူးဆိုရင် အသင်းပြောင်းရွှေ့ဖို့ စီစဉ်ပေးစေလိုကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အသက် (၃၀)အရွယ် ဘရာဇီးနောက်ခံလူ ဟာ ရီးယဲလ်အသင်းမှာ (၁၂)နှစ်တာ ကာလကို ဖြတ်သန်းခဲ့ပြီး လာလီဂါဖလား(၄)ကြိမ်နဲ့ ချန်ပီယံလိဂ်ဆုဖလား(၄)ကြိမ်တို့ကိုရယူထားသူပါ။ မာဆယ်လို ဟာ သူ့ရဲ့ ရီးယဲလ်အသင်းဖော်ဟောင်း ရော်နယ်ဒို ရှိရာ ဂျူဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပြီး အသင်းကို တရားဝင်တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

READ
၂၁-၇-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
PA

အိုဝင် ။ ။ လီဗာပူးလ်အသင်းတိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က လီဗာပူးလ်အသင်းဟာ တိုက်စစ်ပိုင်းအားဖြည့်ဖို့ လိုအပ်နေတယ်လို့ သုံးသပ်သွားခဲ့ပြီး သာမန်အဆင့် တိုက်စစ်မှူး တစ်ဦးအနေနဲ့ လီဗာပူးလ်မှာ လာရောက်ကစားဖို့ ယုံကြည်မှုရှိမှာမဟုတ်ဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။ အိုဝင်က လီဗာပူးလ်အသင်းအနေနဲ့ ကစားသမားခေါ်ယူမှုတွေ ပြုလုပ်သင့်ခဲ့ကြောင်း ထောက်ပြပြောဆိုသွားခဲ့ပြီး လက်ရှိအခြေအနေမှာတော့ တိုက်စစ်ကစားသမားတွေရဲ့ခြေစွမ်းအတက်အကျကသာ အသင်းရဲ့ ရလဒ်ပိုင်းကို အဆုံးအဖြတ်ပေးသွားမှာဖြစ်တယ်လို့ ပြောဆိုသွားခဲ့တာပါ။

Goal

ကလွိုင်ဗတ် ။    ။ ရိုးမားအသင်းမှာကစားနေတဲ့ ဂျက်စတင်ကလွိုင်ဗက်က သူ့အနေနဲ့ ပရီးမီးယားလိဂ်မှာ မန်စီးတီးထက် ၊ လီဗာပူးလ်အသင်းကိုသာ ဗိုလ်စွဲစေချင်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အကြောင်းရင်းကတော့ နယ်သာလန်ကစားသမားတွေဖြစ်တဲ့ ဗန်ဒိုက် ၊ ၀စ်နယ်ဒန် တို့ဟာ လီဗာပူးလ်ကစားသမားတွေ ဖြစ်ကြတာကြောင့် သူ့အနေနဲ့ လီဗာပူးလ်ကို ပိုပြီး ချန်ပီယံဖြစ်စေချင်တယ်လို့ ပြောဆိုလိုက်တာပါ။ ကလွိုင်ဗက်က မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာ ဟာ နည်းစနစ်ပိုင်းကောင်းမွန်တဲ့ နည်းပြတစ်ယောက်ဖြစ်ပေမယ့်လည်း သူ့အနေနဲ့ နယ်သာလန်အသင်းဖော်တွေရှိတဲ့ လီဗာပူးလ်ကိုသာ ချန်ပီယံဖြစ်စေချင်နေတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Linn

Source : TheSun , Goal , Mirror

SHARE