၁၃-၃-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ရေးပါလာ ။      ။ အာဆင်နယ်အသင်းကစားသမားဟောင်း ရေးပါလာ က မန်ချက်စတာ ယူနိုက်တက် အသင်း အနေ နဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ အလက်ဆစ် ဆန်းချက် ကို ရီးယဲလ် မက်ဒရစ် အသင်း မှာ ဝေဖန် မှုတွေ ခံနေ ရတဲ့ ဂါရတ် ဘေးလ် နဲ့ အလဲအထပ် ပြုလုပ် ဖို့ တိုက်တွန်း သွားခဲ့ ပါတယ် ။ (၂၀၁၈)ခုနှစ်ဘောလုံးရာသီမှာ မန်ယူအသင်းကိုရောက်ရှိလာတဲ့ ဆန်းချက်ဇ်ဟာ အသင်းအတွက် ခြေစွမ်းမပြနိုင်ခဲ့ပဲ အသင်းကနေ ထွက်ခွာတော့မယ့်အလားအလာတွေ တွေ့နေရတာပါ။ ရေးပါလာက မန်ယူအသင်းအတွက် ဘေးလ်က ပိုပြီး အသုံးဝင်မှာဖြစ်ပြီး ဆန်းချက်ဇ်နဲ့ အလဲအထပ် ပြုလုပ်သင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။

ဂွာဒီယိုလာ ။    ။ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ဒီနေ့ည ကစားမယ့် ဘိုင်ယန်နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ပွဲစဉ်မှာ ဘိုင်ယန်ကိုပဲ နောက်တစ်ဆင့် တက်သွားစေချင်ကြောင်း ပြောဆိုလိုက်ပါတယ်။ “ကျွန်တော့်အနေနဲ့ ဘိုင်ယန်မြူးနစ်ကိုပဲ တက်စေချင်ပါတယ်၊ အင်္ဂလန်က ပရိသတ်တွေအတွက်တော့ စိတ်မကောင်းပါဘူး၊ ဒါပေမယ့် ကျွန်တော်က ဘိုင်ယန်ရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်ပြီး မြူးနစ်တစ်မြို့လုံးကိုလည်း ချစ်မြတ်နိုးပါတယ်၊ ဘိုင်ယန်ကိုပဲ တက်စေချင်ပေမယ့် လွယ်ကူမှာတော့ မဟုတ်ပါဘူး၊ နှစ်သင်းစလုံးအနေနဲ့ အကောင်းဆုံးကြိုးစားကစားဖို့ လိုအပ်ပါတယ်”လို့ ဂွာဒီယိုလာက မှတ်ချက်ပေးသွားခဲ့ပါတယ်။

READ
စတုတ္ထဒိုင်လူကြီးကို တွန်းခဲ့တဲ့ အာဆင်ဝင်းဂါးကို အရေးယူဖို့ စီစဉ်နေတဲ့ FA

အိုဇေးလ် ။       ။ ရီးရဲလ်မက်ဒရစ်မှာ ရော်နယ်ဒိုနဲ့ အတွဲအဖက်ညီစွာ ခြေစွမ်းပြခဲ့တဲ့ဖူးတဲ့ အာဆင်နယ်ကွင်းလယ်ကစားသမား အိုဇေးလ်က ဂျူဗင်တပ်စ်-အက်သလက်တီကိုပွဲစဉ်မှာ ဟက်ထရစ်သွင်းပြီး ခြေစွမ်းပြခဲ့တဲ့ အသင်းဖော်ဟောင်း ရော်နယ်ဒိုကို တွစ်တာက တစ်ဆင့် ချီးကျူးစကားဆိုလိုက်ပါတယ်။ အိုဇေးလ်ဟာ အရင်ကလည်း ရော်နယ်ဒိုကို ချီျးကျူးခဲ့ဖူးသူဖြစ်ပြီး ရော်နယ်ဒိုကြောင့် သူတိုးတက်မှုများစွာရရှိခဲ့ကြောင်း ဝန်ခံထားဖူးသူဖြစ်ပါတယ်။ ရော်နယ်ဒိုကိုယ်တိုင်ကလည်း အိုဇေးလ်နဲ့တွဲကစားရတာကို နှစ်သက်သူဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်း အိုဇေးလ်ကိုရောင်းထုတ်ခဲ့စဉ်က ဒေါသထွက်ခဲ့သူဖြစ်ပါတယ်။ အိုဇေးလ်က တွစ်တာပေါ်မှာ “Amazing @Cristiano show #UCL” ဆိုပြီး ရေးသားကာ ရော်နယ်ဒိုရဲ့ ခြေစွမ်းကို ချီးကျူးခဲ့တာ ဖြစ်ပါတယ်။

N7

ရက်ရှ်ဖို့ဒ် ။       ။ မန်ယူအသင်းရဲ့တိုက်စစ်မှူး ရပ်ခ်ျဖို့ဒ်ကို အသင်းမှာ ဆက်ထိန်းနိုင်ဖို့အတွက် နီးစပ်နေပြီလို့ သတင်းတွေက ဖော်ပြလာခဲ့ကြပါတယ်။ ရပ်ခ်ျဖို့ဒ်ဟာ ဒီနှစ်ရာသီအကုန်မှာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့်သူပါ။ သူဟာ လက်ရှိမှာ တစ်ပတ် လစာ ပေါင် ၇၅၀၀၀ ဝန်းကျင်ရရှိနေသူပါ။ အခုချိန်မှာတော့ မန်ယူအသင်းဟာ ရပ်ခ်ျဖို့ဒ်ကို တစ်ပတ်လစာ ပေါင် တစ်သိန်းခွဲနဲ့ ဘောနပ်စ်တွေအပါအဝင် ပေါင် ၂ သိန်းလောက်ပေးချေသွားဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။ မန်ယူနဲ့ ရက်ရှ်ဖို့ဒ်တို့ ချုပ်ဆိုထားတဲ့ စာချုပ်အရ ရက်ရှ်ဖို့ဒ်ဖက်က သက်တမ်းမတိုးဘူးဆိုရင်လည်း မန်ယူဖက်က တစ်နှစ်ထပ်မံ သက်တမ်းတိုးခွင့်ရှိတယ်လို့ ပါရှိပါတယ်။

AFP

အိုဒွိုင်း ။      ။ ချယ်လ်ဆီး အသင်း ရဲ့ ဂန္တဝင် ကွင်းလယ်လူ ဟောင်း ဖြစ်သူ လက်ရှိ ဒါဘီ နည်းပြ ဖရန့် လမ်းပတ် ကတော့ ချယ်လ်ဆီး အနေနဲ့ ဟတ်ဒ်ဆန် အိုဒွိုင်း လို လူငယ် ခြေတက် အကယ်ဒမီ ထွက် တောင်ပံ ကစားသမား တစ်ဦး ကို အသင်း မှာ ဆက်ထိန်း ဖို့ ကြိုးစား သင့်ကြောင်း တိုက်တွန်း ခဲ့သလို အိုဒွိုင်း ကိုလည်း ချယ်လ်ဆီး မှာ ဆက်ကစား ဖို့ အတွက် တိုက်တွန်း ပြောကြား ခဲ့ပါတယ် ။ ချယ်လ်ဆီးအသင်းရဲ့ လူငယ်တောင်ပံကစားသမားဟာ ဒီနှစ်ဘောလုံးရာသီမှာ ချယ်လ်ဆီးအတွက် ပွဲထွက်ခွင့်တွေ ရခဲ့ပေမယ့် ဟာဇက်၊ ပက်ဒရိုတို့ ရှိနေသရွေ့တော့ နေရာမရနိုင်ဘူးလို့ ယူဆနေပြီး အသင်းကနေ ထွက်ခွာဖို့ ကြိုးစားနေခဲ့သူပါ။

READ
၆ - ၁ နဲ့ PSG ကို အနိုင်ရကာ ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့တဲ့ ဘာစီလိုနာ
SkySports

ကလော့ပ် ။      ။ လီဗာပူးလ်အသင်းနည်းပြ ဂျာဂန်ကလော့ပ်က လီဗာပူးလ်အနေနဲ့ ချန်ပီယံလိဂ်ထက် ပရီးမီးယားလိဂ်ကို ပိုမိုအာရုံစိုက်သင့်တယ်ဆိုတဲ့ ဂယ်ရီနဗီးလ်ရဲ့မှတ်ချက်အပေါ် တုန့်ပြန်လိုက်ပါတယ်။ ကလော့ပ်က လီဗာပူးလ်ဟာ ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်ကို တက်ရောက်ချင်သလို ပရီးမီးယားလိဂ်မှာလည်း ချန်ပီယံဆုဖလားရဖို့ တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ဆိုလိုက်တာပါ။ နဗီးလ်ကတော့ ကလော့ပ်အနေနဲ့ ချန်ပီယံလိဂ်ကို မျှော်လင့်နေသရွေ့ ပရီးမီးယားလိဂ်စွမ်းဆောင်ရည်ကိုပါ ထိခိုက်မှာ ဖြစ်တယ်လို့ သုံးသပ်ပြောဆိုထားခဲ့ပါတယ်။

Linn

Source : TheSun , Dailymail , Mirror

 

SHARE