(၁၃-၄-၂၀၁၉)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဘာစီလိုနာ – ဘာစီလိုနာအသင်းဟာ အသင်းရဲ့အဓိက ကစားသမားနှစ်ဦးဖြစ်တဲ့ မက်ဆီနဲ့ ဆာဂျီယိုဘက်စ်ကွက်စ်တို့ကို မန်ယူအသင်းနဲ့ကစားရမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ် မတိုင်ခင်အထိ အနားပေးထားမှာလို့ သိရပါတယ်။ ဒါကြောင့် သူတို့နှစ်ဦးဟာ ယနေ့ညမှာ ကစားမယ့် Huesca ပွဲစဉ်မှာ ပါဝင်လာဖို့ မရှိပါဘူး။

ဆိုးလ်ရှား – မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ပေါ့ဂ်ဘာအနေနဲ့ ရီးယဲလ်အသင်းကို ပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေသော်လည်း လက်ရှိအချိန်မှာ မန်ယူအသင်းအတွက် အာရုံအပြည့်အဝ စိုက်ထားကြောင်း၊ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

PA

မစ်ဂ်နိုလက် – လီဗာပူးအသင်းဂိုးသမား မစ်ဂ်နိုလက်က မိမိတို့ လီဗာပူးအသင်းဟာ (၂၀၁၄)က ခါးသီးခဲ့တဲ့ ချန်ပီယံလွဲချော်မှုမျိုးကို ယခုနှစ်မှာ ထပ်ပြီးအကြုံတွေ့ခံတော့မှာ မဟုတ်ကြောင်း၊ လီဗာပူးဟာ မတူညီခြားနားတဲ့အသင်းအဖြစ် နည်းပြကလော့အောက်မှာ ဖွံ့ဖြိုးလာခဲ့ပြီး၊ ယခုနှစ်မှာ အောင်မြင်မှုများစွာ ရမယ်လို့ ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။

READ
စပိန်အာဏာပိုင်တွေရဲ့ အခွန်ရှောင်လွှဲမှု နောက်ဆုံးသားကောင်ဖြစ်လာတဲ့ မော်ရင်ဟို

ဂီရော့ဒ် – ချယ်လ်ဆီးတိုက်စစ်မှူး ဂီရော့ဒ်က အသင်းဖော် ဟာဇက်ဟာ ယခုနှစ် ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ထိုက်တန်သူဖြစ်ကြောင်း၊ သူရဲ့ ခြေစွမ်းခြေစနဲ့ စွမ်းဆောင်ရည်ဟာ ပရီးမီးယားလိဂ်က မည်သည့်ကစားသမားကိုမဆို ယှဉ်နိုင်ကြောင်း ဆိုပါတယ်။

Twitter

 

လီဗာပူး – လီဗာပူးအသင်းနည်းပြ ကလော့ပ်နဲ့ အသင်းကစားသမား မာနေးတို့ဟာ မတ်လအတွက် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးနည်းပြနဲ့ ကစားသမားဆုတွေကို အသီးသီး ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရပါတယ်။ သူတို့နှစ်ဦးစလုံးဟာ လီဗာပူးအတွက် မတ်လတစ်လျှောက်လုံးမှာ အကောင်းဆုံး ပံ့ပိုးမှုတွေ ပေးခဲ့ကြသူတွေပါ။

ကလော့ပ် – ဆာလက်ကို လူမျိုးရေးခွဲခြားတိုက်ခိုက်ခဲ့တဲ့ အခြားအသင်း အားပေးသူ ပရိသတ်တွေကို ၎င်းတို့အိမ်ကွင်း အန်ဖီးလ်မှာ လာရောက်ကြည့်ရှုခွင့် ပိတ်ပင်ပေးဖို့ လီဗာပူးအသင်းနည်းပြ ကလော့ပ်က တောင်းဆိုထားကြောင်း သိရပါတယ်။ ပရီးမီယားလိဂ်မှာ မကြာသေးခင်က လူမျိုးရေးခွဲခြားမှုတွေ ဆက်တိုက် ဖြစ်ပေါ်ခဲ့ရာ၊ ကစားသမားတွေအနေနဲ့ အတော်လေး စိတ်မသက်သာစရာ ဖြစ်စေခဲ့ပါတယ်။

READ
၁၁-၁၀-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
AFP

ဂယ်ရီနဗီးလ် – မန်ယူဂန္ထဝင်ကစားသမားဟောင်း ဂယ်ရီနဗီးလ်က လီဗာပူးနောက်ခံလူ ဗန်ဒိုက်ဟာ ယခုနှစ် ပရီးမီယားလိဂ်အကောင်းဆုံး ကစားသမားဆုကို ရထိုက်သူဖြစ်ကြောင်း ထောက်ခံခဲ့ပါတယ်။ နဗီးလ်က မိမိအနေနဲ့ စိတ်ကြိုက်ရွေးချယ်ခွင့်သာ ရှိမယ်ဆိုရင် ဗန်ဒိုက်ကိုသာ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်မိမှာဖြစ်ကြောင်း ဆိုပါတယ်။

လင်းသူရိန် (SportAhtar)

Source : skysports.com

SHARE