၁၃-၇-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter "Metro"

ဘက်ပီ ။         ။ ရီးယဲလ်အသင်းနည်းပြ ဇီဒန်းနဲ့ PSG အသင်းတိုက်စစ်မှူး ဘက်ပီ တို့ဟာ ပုံမှန်ဆက်သွယ်မှု ပြုလုပ်နေကြသူတွေဖြစ်တယ်လို့ Le10Sport က ဖော်ပြပါတယ်။ ရီးယဲလ်အသင်းဆီ ဘက်ပီ ကိုခေါ်ဖို့ ကြိုးစားနေတဲ့ ဇီဒန်းဟာ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကိုပိုမိုကောင်းမွန်လာအောင် ကြိုးစားနေတာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြပြီး ဘက်ပီနဲ့ဇီဒန်းတို့ဟာ တစ်ပတ်တစ်ခါလောက် ဖုန်းအဆက်အသွယ်ရှိခဲ့ကြတယ်လို့ သိရပါတယ်။

မန်စီးတီး ။       ။ မန်ချက်စတာယူနိုက်တက်အသင်း ကစားသမားဟောင်း ဘရိုင်ယန်ရော့ဘ်ဆင် က ပြီးခဲ့တဲ့ ရာသီတုန်းက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ မန်စီးတီးအသင်းဟာ ဒီရာသီမှာတော့ ရုန်းကန်ရလိမ့်မယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ အကြောင်းရင်းကတော့ မန်စီးတီးဟာ အသင်းခေါင်းဆောင် ကွန်ပနီကို ဆုံးရှုံးထားခဲ့ရပြီး အသင်းခေါင်းဆောင်ကောင်းမရှိတဲ့ ပြဿနာကြောင့် စုစည်းမှုလည်း အားနည်းသွားလိမ့်မယ်လို့ သုံးသပ်ခဲ့တာပါ။

(AP Photo/Frank Augstein, File)

ဖေဘီယန်ဒဲ့ဖ် ။  ။ မန်စီးတီးအသင်းရဲ့နောက်ခံကစားသမား ဖေဘီယန်ဒဲ့ဖ်ကိုခေါ်ယူဖို့အတွက် မန်စီးတီးနဲ့ အဲဗာတန်တို့ သဘောတူညီမှု ရရှိသွားခဲ့ပြီဖြစ်ကြောင်း The Times က ဖော်ပြပါတယ်။ အဲဗာတန်အသင်းဟာ ကွင်းလယ်မှာရော ဘယ်နောက်ခံနေရာမှာပါ ကစားနိုင်သူ ဖေဘီယန်ဒဲဖ်အတွက် ပေါင်(၈.၅)သန်း ပေးချေခဲ့ရပြီး (၃)နှစ်စာချုပ်နဲ့ခေါ်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

ရိန်းဂျား ။        ။ လီဗာပူးလ်ကွင်းလယ်ကစားသမားဟောင်း စတီဗင်ဂျရတ် တာဝန်ယူကိုင်တွယ်နေတဲ့ ရိန်းဂျားအသင်းဟာ လီဗာပူးလ်နောက်ခံလူဟောင်း စကာတယ် ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူနိုင်ဖို့ ဆွေးနွေးမှု ပြုလုပ်နေပါပြီ။ ရိန်းဂျားနည်းပြ ဂျရတ်ဟာ သူ့ရဲ့အသင်းဖော်ဟောင်း စကာတယ် ကို သူကိုယ်တိုင်ဆက်သွယ်ခေါ်ယူဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ဘိုလော့နာအသင်းနောက်ခံလူ ဟယ်လန်ဒါ ကိုလည်း ပေါင်(၃.၅)သန်းနဲ့ခေါ်ယူနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။

READ
ဝင်ငွေရပ်တည်မှုဇယားမှာ (၁၁)နှစ်အတွင်း နံပတ်(၁)နေရာကို ပြန်ရောက်လာတဲ့ မန်ယူ

ဝက်စ်ဟမ်း ။     ။ ၀က်စ်ဟမ်းအသင်းဟာ ဆက်ဆူအိုလို၊ ဘိုလော့နာအသင်းတွေက ခေါ်ယူဖို့ ဆက်သွယ်နေတဲ့ ကွင်းလယ်လူ အိုဘီယန်း အတွက် ပေါင်(၁၀)သန်း အလိုရှိနေတယ်လို့ TheSun က ဖော်ပြပါတယ်။ လက်ရှိအချိန်မှာ ၀က်စ်ဟမ်းရဲ့ကွင်းလယ်လူတွေဖြစ်ကြတဲ့ ၀ီလ်ရှိုင်းယားနဲ့ ကားလို့စ်ဆန်းချက်ဇ်တို့ ဒဏ်ရာရနေတဲ့အခြေအနေတွေကြောင့်လည်း အိုဘီယန်ကိုရောင်းချဖို့ ၀က်စ်ဟမ်းအနေနဲ့ စဉ်းစားနေရတယ်လို့ TheSun က ဖော်ပြပါတယ်။

အေစီ ။ ။ ရီးယဲလ်ကွင်းလယ်လူ စီဘယ်လို့စ်အတွက် ဆွေးနွေးမှု အဆင်မပြေဖြစ်ခဲ့တဲ့ အေစီမီလန်ဟာ ဖီအိုရင်တီးနားအသင်း ကွင်းလယ်ကစားသမား ဗာရီတော့တ် ကိုခေါ်ဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပါတယ်။ အသက် (၂၆)နှစ်အရွယ် ကွင်းလယ်ကစားသမားကို အေစီမီလန်က (၃)နှစ်စာချုပ်နဲ့ခေါ်ယူသွားဖို့ရှိနေခဲ့ပြီး ပြောင်းရွှေ့ကြေးနဲ့ပတ်သက်တဲ့ သဘောတူညီမှု အသေးစိတ်ကတော့ ထွက်ပေါ်လာခြင်းမရှိသေးပါဘူး။

READ
(၁၄-၆-၂၀၁၈) အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

 

မန်ယူ ။ ။ မန်ယူအသင်းဟာ အသင်းရဲ့ကွင်းလယ်ကစားသမား မာတစ် ကို နိုင်ဂိုလန်နဲ့လဲလှယ်ဖို့ ကမ်းလှမ်းခဲ့တဲ့ အင်တာမီလန်ရဲ့ကမ်းလှမ်းမှုကို ငြင်းဆန်လိုက်တယ်လို့ TheSun က ဖော်ပြပါတယ်။ လူကာကူ အတွက် မန်ချက်စတာမြေကိုရောက်ရှိလာခဲ့တဲ့ အင်တာမီလန်အသင်း တာဝန်ရှိသူတွေဟာ မာတစ်ကိုခေါ်ယူဖို့ ကမ်းလှမ်းမှု ပြုလုပ်သွားခဲ့ပြီး သူတို့ရဲ့ကွင်းလယ်လူ နိုင်ဂိုလန်နဲ့  အပိုငွေသားထပ်ဆောင်းပေးသွားဖို့ ကမ်းလှမ်းလိုက်တာပါ။ ဒါပေမယ့် မန်ယူအသင်းကတော့ သူတို့ရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်သွားခဲ့ပါတယ်။

Linn

Source : TheSun , Mirror , Goal

SHARE