၁၃-၈-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

bayern munich fc

ပါရီဆစ် ။        ။ ဘိုင်ယန်မြူးနစ်အသင်းဟာ အင်တာမီလန်အသင်းကွင်းလယ်ကစားသမား ပါရီဆစ် ကို တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီနေ့မနက်ပိုင်းမှာ ပါရီဆစ်ရဲ့ဆေးစစ်မှု အောင်မြင်ခဲ့တာဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းဆီ တရားဝင်ရောက်ရှိသွားခဲ့ပါပြီ။ ဘိုင်ယန်ဟာ ပါရီဆစ်ရဲ့အငှားစာချုပ်သက်တမ်းကုန်ဆုံးရင် အပြီးသတ်ခေါ်ယူခွင့်ပေးရမယ်ဆိုတဲ့အချက်ကိုပါ ထည့်သွင်းချုပ်ဆိုခဲ့တယ်ဆိုတဲ့အချက်ကိုပါ ထည့်သွင်းချုပ်ဆိုထားခဲ့တယ်လို့ သိရပါတယ်။

အာဆင်နယ် ။   ။ အာဆင်နယ်အသင်းဟာ အသင်းကနေ ထွက်ခွာချင်ကြောင်း ပြောဆိုနေတဲ့ နောက်ခံလူ မူစတာဖီ ကို ဒီအပြောင်းအရွှေ့မှာ အငှားချထားဖို့ စီစဉ်နေပြီး သူ့အတွက် ပေးချေရမယ့် တစ်ပတ်လုပ်ခ လစာ ပေါင်(၈၀၀၀၀) ကို သက်သာဖို့ စီမံနေတယ်လို့ TheSun က ဖော်ပြပါတယ်။ ဥရောပအပြောင်းအရွှေ့ဈေးကွက် ပိတ်သိမ်းဖို့ (၃)ပတ်သာ လိုတော့ချိန်မှာ အာဆင်နယ်အသင်းက မူစတာဖီကို အငှားချဖို့ ကြိုးစားလာခဲ့တာဖြစ်ပြီး အသက်(၂၇)နှစ်အရွယ် နောက်ခံလူဟာ စီးရီးအေအသင်းတွေဆီ အငှားနဲ့ရောက်ရှိမယ်လို့ သတင်းတွေထွက်လာနေပါတယ်။

 

ဆိုးလ်ရှား ။      ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်အနေနဲ့ ဒီရာသီမှာ အသင်းအတွက် အနည်းဆုံး ဂိုး(၂၀) သွင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းပြောဆိုလိုက်ပါတယ်။ ချယ်လ်ဆီးနဲ့ပွဲတုန်းက မန်ယူအသင်းအတွက် ဂိုးသွင်းနိုင်ခဲ့တဲ့ အသက် (၂၁)နှစ်အရွယ် တိုက်စစ်မှူးလေးဟာ မန်ယူအသင်းမှာ တစ်ရာသီကို (၁၄)ဂိုးထက်ကျော်ပြီး သွင်းနိုင်ခြင်းမရှိခဲ့ပေမယ့်လည်း ဆိုးလ်ရှားကတော့ ဒီရာသီမှာ ရက်ရှ်ဖို့ဒ်ဆီက သွင်းဂိုးတွေကို ပိုလို့ မျှော်လင့်ထားခဲ့တာပါ။

READ
ဘေးလ်ကိုထိန်းနိုင်မှ အခြေအနေကောင်းမယ့်အင်္ဂလန်

 

လီဗာပူးလ် ။     ။ လီဗာပူးလ်အသင်းဟာ ချယ်လ်ဆီးနဲ့ ယှဉ်ပြိုင်ကစားရမယ့် UEFA စူပါဖလားပွဲစဉ်အတွက် အစ္စတန်ဘူလ်မြေကို ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့ညမှာ ကစားရမယ့် ဒီပွဲစဉ်အတွက် လီဗာပူးလ်အသင်းရဲ့လူစာရင်းမှာ တိုက်စစ်မှူး မာနေး ပါဝင်သွားခဲ့ပြီး အငှားနဲ့ခေါ်ယူထားတဲ့ ဂိုးသမား လိုနာဂန်ကိုလည်း ကလော့ပ်က ခေါ်ယူသွားခဲ့ပါတယ်။ ရိုးမားအသင်းကို ပေါင်(၁၅)သန်းနဲ့ပြောင်းမယ်လို့ သတင်းတွေထွက်နေတဲ့ နောက်ခံလူ လိုဗရန် ကတော့ နေမကောင်းလို့ဆိုတဲ့အကြောင်းပြချက်နဲ့ အသင်းလူစာရင်းမှာ ပါဝင်လာခဲ့ခြင်းမရှိပါဘူး။

READ
ဝီရှိုင်းယားကို အရခေါ်ယူသင့်ကြောင်း မန်ယူကို ကစားသမားဟောင်းတစ်ဦး တိုက်တွန်း
Twitter “Mirror”

ဘာစီလိုနာ ။    ။ ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူးနေမာအတွက် ကမ်းလှမ်းမှုပမာဏကို တိုးမြှင့်လိုက်ပြီး ကွင်းလယ်လူ ကော်တင်ဟိုနဲ့ ပေါင် (၅၅)သန်းကို ပေးချေသွားမယ်လို့ ကမ်းလှမ်းလိုက်ပါတယ်။ PSG အသင်းတိုက်စစ်မှူး နေမာ ဟာ အသင်းပရိသတ်တွေနဲ့ အဆင်မပြေမှုတွေ ဖြစ်လာခဲ့ပြီးတဲ့နောက် PSG အနေနဲ့ နေမာကို ရောင်းချသွားဖို့သေချာသလောက်ဖြစ်နေပြီလို့ သတင်းတွေက ဖော်ပြနေကြပါပြီ။

ဘာကာယိုကို ။  ။ ချယ်လ်ဆီးအသင်းဟာ ကွင်းလယ်ကစားသမား ဘာကာယိုကို ကို မိုနာကို အသင်းဆီ အငှားချထားဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့ Mirror က ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက အေစီမီလန်အသင်းဆီ သွားရောက်ကစားခဲ့ရတဲ့ ဘာကာယိုကို ဟာ နည်းပြသစ် လမ်းပတ်လက်ထက်မှာလည်း အသင်းအတွက်ပွဲထွက်ခွင့်ရမယ့် အခြေအနေမရှိတာကြောင့် တခြားအသင်းဆီ သွားရောက်ကစားဖို့ ဆန္ဒရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

Linn

Source : TheSun , Mirror , Goal

SHARE