၁၃-၉-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter "TalkSport"

မန်ယူ ။ ။ မန်ယူအသင်းရဲ့ ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာနဲ့ ကွင်းလယ်လူ မာရှယ် တို့ဟာ ဒီတစ်ပတ်ကစားမယ့် လက်စတာအသင်းနဲ့ပွဲစဉ်ကို ကျိန်းသေပေါက်လွဲချော်ရတော့မယ့်အကြောင်း နည်းပြ ဆိုးလ်ရှားက အသိပေးလိုက်ပါတယ်။ ဒါပေမယ့်လည်း အခြား ဒဏ်ရာရ ကစားသမားတွေဖြစ်ကြတဲ့ ကွင်းလယ်လူ လင်ဂတ်နဲ့ နောက်ခံလူ ဘစ်ဆာကာ တို့ကတော့ လေ့ကျင့်ရေးအစီအစဉ်တွေမှာ ပြန်လည်ပါဝင်နေကြပြီး မန်ယူအသင်းရဲ့လူစာရင်းမှာ ပြန်လည်ပါဝင်လာဖို့ရှိနေတာပါ။

ချယ်လ်ဆီး ။     ။ ချယ်လ်ဆီးအသင်းဟာ အသက် (၁၄)နှစ်အရွယ် ကစားသမားလေး သီယာနို ဘယ်လို ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ချမှတ်ထားတဲ့ စည်းမျဉ်းတွေကိုချိုးဖောက်ပြီး ခေါ်ယူခဲ့တယ်လို့ ဂျာမန်မဂ္ဂဇင်း Der Spiegel က ဖော်ပြပါတယ်။ FIFA က ချမှတ်ထားတဲ့ အပြောင်းအရွှေ့စည်းမျဉ်းတွေထဲမှာ ကလပ်အသင်းတွေအနေနဲ့အသက် (၁၆)နှစ်မပြည့်သေးတဲ့ ကစားသမားတွေကို ငွေကြေးမက်လုံးပေးပြီး ခေါ်ယူခြင်းမျိုး မပြုလုပ်ရဘူးလို့ သတ်မှတ်ထားခဲ့ပေမယ့် ချယ်လ်ဆီးအသင်းကတော့ ဘယ်လို ကို ကိုလုံးအသင်းကနေ စည်းမျဉ်းတွေကိုချိုးဖောက်ပြီး ခေါ်ယူသွားခဲ့တယ်လို့ ဂျာမန်မဂ္ဂဇင်းကဖော်ပြပါတယ်။

 

မန်ယူ ။ ။ မန်ယူအသင်းဟာ နောက်ခံလူ လင်ဒီလော့ဖ် ကို တစ်ပတ်လုပ်ခ ပေါင်(၁၅၀၀၀၀)နဲ့ စာချုပ်သစ် ကမ်းလှမ်းခဲ့တယ်လို့ TheSun က ဖော်ပြပါတယ်။ နည်းပြ ဆိုးလ်ရှားဟာ အသင်းရဲ့ ခံစစ်ကစားသမား (၄)ယောက်ကို နောက်ထပ် (၅)နှစ်လောက်အထိ အသင်းမှာ ဆက်ရှိနေစေချင်ပြီး ကာလရှည်စာချုပ်တွေ ချုပ်ဆိုဖို့ စီစဉ်နေတာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

ဘိုတန် ။         ။ လက်ရှိမှာ ဖီအိုရင်တီးနားရဲ့ ကွင်းလယ်ကစားသမားအဖြစ် ရောက်ရှိနေတဲ့ ပရင့်စ်ဘိုတန် ကတော့ စပါးအသင်းမှာ ကစားနေတဲ့အချိန်အတွင်း တစ်ရက်တည်းနဲ့ကား(၃)စီး ၀ယ်ခဲ့တဲ့အကြောင်းကို ပြန်လည်ဖောက်သည်ချခဲ့ပါတယ်။ (၂၀၀၇)ကနေ (၂၀၀၉)ခုနှစ်အထိ စပါးအသင်းမှာ ကစားခဲ့ပြီး အသင်းအတွက် (၁၄)ပွဲသာ ကစားခွင့်ရခဲ့တဲ့ ဘိုတန်ဟာ သူ့ရဲ့မပျော်ရွှင်မှုကို ဖြေဖျောက်ဖို့အတွက် ဇိမ်ခံကား (၃)စီးကို တစ်ရက်အတွင်း ၀ယ်ယူခဲ့ပြီး သူ့ကိုယ်သူ ပျော်ရွှင်အောင် လုပ်ခဲ့ရတယ်လို့ ၀န်ခံလိုက်တာပါ။

ဘာစီလိုနာ ။    ။ ဆာအိုပေါ်လိုအသင်းကိုပြောင်းရွှေ့သွားခဲ့ပြီဖြစ်တဲ့ နောက်ခံလူ ဒါနီအဲဗက်စ်က သူ့အနေနဲ့ အသင်းဟောင်းတွေဖြစ်တဲ့ ဘာစီလိုနာနဲ့ ဂျူဗင်တပ်စ်တို့ဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည်ပြောင်းရွှေ့ဖို့ အခွင့်အရေးရှိခဲ့ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ PSG အသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့ပြီးတဲ့နောက် အဲဗက်စ်ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ်အသင်းတွေအပြင်၊ ဂျူဗင်တပ်စ်၊ ဘာစီလိုနာအသင်းတို့က ကြိုးစားခဲ့ကြပြီး နောက်ဆုံးမှာတော့ မွေးရပ်မြေကလပ် ဆာအိုပေါ်လိုအသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်သွားခဲ့တာပါ။

READ
ကမ္ဘာ့ဖလားကနေရရှိခဲ့တဲ့ ဆုကြေးဒေါ်လာ (၅)သိန်းကျော်ကို ကတိအတိုင်းလှူဒါန်းခဲ့တဲ့ အမ္ဘက္ပီ

Linn

Source : TheSun , Mirror , Goal

SHARE