၁၃-၆-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

မန်ယူ ။ ။ မန်ယူအသင်းဟာ ဂရစ်ဇ်မန်းကိုခေါ်ယူဖို့အတွက် ပေါင်သန်း(၁၀၀)အထိ တိုးမြှင့်ပြီး ကမ်းလှမ်းမှု ပြုလုပ်လိုက်ပြီဖြစ်တယ်လို့ Mirror က ဖော်ပြပါတယ်။ ဘာစီလိုနာအသင်းနဲ့ စာချုပ်ချုပ်ဖို့ ကြန့်ကြာနေတဲ့ အက်သလက်တီကို တိုက်စစ်မှူးကို မန်ယူ၊ ဂျူဗင်တပ်စ်၊ PSG တို့က စိတ်ဝင်စားနေကြပြီး အပြိုင်အဆိုင်ကမ်းလှမ်းမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။သတင်းတွေအရတော့ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာကိုသာ ပြောင်းရွှေ့နိုင်ခြင်းမရှိခဲ့ဘူးဆိုရင် PSG အသင်းဆီ ရောက်ရှိသွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။

ဒီလစ် ။ ။ အေဂျက်ဇ်နောက်ခံကစားသမား ဒီလစ် ရဲ့ အေးဂျင့်ဖြစ်သူ ရိုင်အိုလာ က PSG အသင်းကိုပြောင်းရွှေ့မယ်လို့ ထွက်ပေါ်နေတဲ့သတင်းတွေဟာ သတင်းမှားတွေသာ ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။ ဒီလစ် ဟာ ဘာစီလိုနာ၊ မန်ယူနဲ့ လီဗာပူးလ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ခံနေရသူ ဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ PSG အသင်းက လက်ဦးမှု ရယူခဲ့ပြီလို့ သတင်းတွေ ထွက်နေခဲ့တာပါ။ ရိုင်အိုလာက ဒီလဟစ်ဟာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်မှု မပြုလုပ်ရသေးကြောင်းနဲ့ လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေဟာ သတင်းမှားတွေသာဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

(AP Photo/Martin Meissner)

လီဗာပူးလ် ။     ။ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ခေါ်ယူဖို့ကြိုးစားခဲ့တဲ့ လိုင်ယွန်အသင်းကွင်းလယ်လူ ဖီကီယာ ကိုခေါ်ယူဖို့ ထပ်မံကြိုးစားနေပြန်ပါတယ်။ ဖီကီယာ ဟာ ပြီးခဲ့တဲ့ နှစ် ဘောလုံးရာသီတုန်းက လီဗာပူးလ်အသင်းကိုရောက်ဖို့ အနီးစပ်ဆုံးဖြစ်ခဲ့ပြီး ပေါင်(၄၄.၅)သန်းနဲ့ သဘောတူညီမှုရခဲ့ပြီးမှ အပြောင်းအရွှေ့ပျက်ပြယ်သွားခဲ့ရတာပါ။ လက်ရှိအချိန်မှာတော့ လီဗာပူးလ်အသင်းက ဖီကီယာအတွက် ထပ်မံကမ်းလှမ်းဖို့ပြင်ဆင်နေပြီး ဒီတစ်ကြိမ်မှာတော့ ပေါင်(၂၅)သန်းဝန်းကျင်သာ ပေးချေဖို့ဆန္ဒရှိတယ်လို့ သတင်းတွေက ဖော်ပြနေကြတာပါ။

READ
ဗန်ဟားဟာ သူ့ကိုဘယ်တုန်းကမှ အခွင့်အရေးမပေးခဲ့ဘူးလို့ပြောလိုက်တဲ့ ဟာနန်ဒက်

ရန်းဂ်နစ် ။       ။ ဘွန်ဒက်စ်လီဂါကလပ် လိုက်ပ်ဇစ်အသင်းရဲ့ နည်းပြ ရန်းဂ်နစ် ဟာ ချယ်လ်ဆီးအသင်းရဲ့နည်းပြ ရာထူးကို ဆက်ခံဖို့အတွက် ရေပန်းစားနေပါတယ်။ ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့နည်းပြ ဆာရီ ကို ဂျူဗင်တပ်စ်အသင်းဆီ လက်လွှတ်ရဖွယ်ရှိနေပြီး ရန်းဂ်နစ် က ဆာရီရဲ့နေရာကို အစားထိုးဝင်ရောက်လာနိုင်တယ်လို့ Bild က ဖော်ပြသွားခဲ့တာပါ။ ရန်းဂ်နစ်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ဘွန်ဒက်စ်လီဂါပြိုင်ပွဲရဲ့ အကောင်းဆုံးနည်းပြစာရင်းထဲမှာ ပါဝင်ခဲ့ပြီး လိုက်ပ်ဇစ်အသင်းကို အမှတ်ပေးဇယားရဲ့ တတိယနေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

 

ဆာလီဘာ ။     ။ အာဆင်နယ်အသင်းဟာ စိန့်အက်တီနီအသင်း နောက်ခံကစားသမား ဆာလီဘာ ကို ပေါင်(၂၇)သန်းနဲ့ ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံးအခြေအနေ ဖြစ်နေပြီလို့ Le 10 Sport က ဖော်ပြပါတယ်။ အာဆင်နယ်ဟာ အသက် (၁၈)နှစ်အရွယ် ဗဟိုနောက်ခံလူကိုခေါ်ယူနိုင်ဖို့အတွက် အပြီးသတ်စာချုပ် ချုပ်ဆိုဖို့ကိုသာ စောင့်ဆိုင်းနေချိန်ရောက်ရှိခဲ့ပြီး ရက်ပိုင်းအတွင်းစာချုပ် ချုပ်နိုင်လိမ့်မယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

READ
မန်ယူကိုအနိုင်ယူမည်ဟု ကြွေးကြော်လိုက်တဲ့ မာနေး

 

ကိုဗာဆစ် ။      ။ ချယ်လ်ဆီးအသင်းဟာ ရီးယဲလ်ကနေ အငှားလာရောက်ကစားခဲ့တဲ့ ကွင်းလယ်လူ ကိုဗာဆစ် ကို အပြီးသတ်စာချုပ် ချုပ်ဆိုဖို့ ဆန္ဒမရှိသေးဘူးလို့ Dailymail က ဖော်ပြပါတယ်။ ကိုဗာဆစ် ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ချယ်လ်ဆီးရဲ့ကွင်းလယ်မှာ ပွဲထွက်ခွင့်အချို့ရခဲ့ပေမယ့်လည်း ဂျော်ဂျင်ဟို ရောက်လာပြီးတဲ့နောက် သူ့ရဲ့ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးသွားခဲ့ပြီး ရာသီကုန်ဆုံးချိန်မှာ ရီးယဲလ်အသင်းဆီ ပြန်လည်ရောက်ရှိသွားခဲ့တာပါ။

(AP Photo/Darko Bandic)

Linn

SHARE