၁၄-၁-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

လင်ဒီလော့ဖ် ။  ။ မနေ့ညက ကစားခဲ့တဲ့ စပါးအသင်းနဲ့ မန်ယူအသင်းတို့ပွဲစဉ်မှာ အဲရစ်ဆင်ရဲ့ ပြစ်ဒဏ်ဘောလွဲချော်မှုအပေါ် အောင်ပွဲခံနေတဲ့ မန်ယူနောက်ခံလူ လင်ဒီလော့ဖ်ကို ပရိသတ်တွေက ဟာသလုပ်နေကြပါတယ်။ မန်ယူအသင်းက (၀-၁)ဂိုးနဲ့ အနိုင်ရနေတဲ့အချိန် ၊ ပွဲချိန် (၆၆) မိနစ်မှာ စပါးအသင်းက မန်ယူဂိုးဧရိယာထိပ်မှာ ပြစ်ဒဏ်ဘောကန်ခွင့်ရခဲ့တာဖြစ်ပြီး အဲရစ်ဆင်ရဲ့ ကန်သွင်းမှုက ဂိုးပေါက်နဲ့ လွဲချော်သွားခဲ့ရတာပါ။ အဲဒီအခြေအနေကို လင်ဒီလော့ဖ်က အောင်ပွဲခံနေခဲ့လို့ ပရိသတ်တွေက ဟာသလုပ်နေခဲ့ကြတာဖြစ်ပြီး မန်ယူကစားသမားတွေဟာ အောင်ပွဲခံဖို့အဆင်သင့်ဖြစ်နေကြတယ်လို့ ပြောဆိုနေကြတာပါ။

ရှနိုက်ဒါလင် ။   ။ ရိုးမားအသင်းဟာ အဲဗာတန်အသင်းကွင်းလယ်ကစားသမား ရှနိုက်ဒါလင် ကိုခေါ်ယူဖို့ ကြိုးစားနေတယ်လို့ Corriere Dello Sport က ဖော်ပြသွားပါတယ်။ အသက် (၂၉)နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့ (၂၀၁၈) စက်တင်ဘာလက စလို့ အဲဗာတန်အသင်းအတွက် ပွဲထွက်ခွင့်မရတော့ပဲ ဒီရာသီမှာအသင်းအတွက် (၃၉)မိနစ်သာ ပွဲထွက်ခွင့်ရရှိထားသေးတာပါ။ ရိုးမားအသင်းဟာ ဒီရာသီကုန်ရင် အသင်းကနေ ထွက်ခွာတော့မယ့် ဒီရော့ဆီရဲ့နေရာမှာ အစားထိုးဖို့ ကွင်းလယ်ကစားသမားတစ်ယောက် ရှာဖွေနေတာဖြစ်ပြီး ရှနိုက်ဒါလင် ကို ပစ်မှတ်ထားနေခဲ့တာပါ။

READ
၁၁-၂-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ
EPA

အစ္စကို ။         ။ ရီးယဲလ်အသင်းကွင်းလယ်လူ အစ္စကို ဟာ ဘက်တစ်အသင်းနဲ့ ပွဲမှာ ၀င်ရောက်ကစားခွင့်မရခဲ့တဲ့နောက် အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်လာခဲ့ပြန်ပါတယ်။ ဘက်တစ်နဲ့ပွဲစဉ်မှာ အရန်ခုံမှာသာ ထိုင်နေခဲ့ရတဲ့ အစ္စကို ဟာ လူစားလဲ ကစားသမားအဖြစ် ပါဝင်ကစားခွင့်မရခဲ့ပဲ နည်းပြ ဆိုလာရီက လူငယ်ကစားသမားတွေကိုသာ လူစားလဲအသုံးပြုသွားခဲ့တာပါ။ အစ္စကို ဟာ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းက စပိန်အသင်းနဲ့ ရီးယဲလ်အသင်းအတွက် ပုံမှန်ပွဲထွက်ကစားသမားအဖြစ် ကစားပေးခဲ့ရပေမယ့်လည်း လက်ရှိအချိန်မှာတော့ ပွဲကစားခွင့်တွေ ပျောက်ဆုံးနေခဲ့ရပါတယ်။

AFP

အမ်မရီ ။         ။ အာဆင်နယ်အသင်းနည်းပြ အမ်မရီက ပြီးခဲ့တဲ့ စနေနေ့က ၀က်စ်ဟမ်းအသင်းကို ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် အာဆင်နယ်အသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲဟာ တကယ့်ကို ခက်ခဲနေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဒီတစ်ပတ် ပွဲစဉ်မှာ နယူးကာဆယ်အသင်းကို အနိုင်ရရှိသွားခဲ့တာကြောင့် ချယ်လ်ဆီးနဲ့ အာဆင်နယ်အကြား (၆)မှတ်အထိ ကွာဟသွားခဲ့လို့ ချန်ပီယံလိဂ်ပြိုင်ပွဲ ၀င်ခွင့်အတွက် ရုန်းကန်ရတော့မယ့် အနေအထားဖြစ်သွားခဲ့တာပါ။ အမ်မရီက အာဆင်နယ်အသင်းဟာ အရေးကြီးတဲ့အချိန်မှာ ကစားသမားတွေ ဒဏ်ရာရနေခဲ့လို့ အသင်းကစားပုံ ထိခိုက်သွားခဲ့ရတယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

READ
၂၃-၈-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဂျော်ဒီအယ်လ်ဘာ ။      ။ လာမယ့်ရာသီကုန်ရင် ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဂျော်ဒီအယ်လ်ဘာ က သူ့အနေနဲ့ ဘာစီလိုနာအသင်းမှာသာဆက်လက် ကစားပေးနေချင်သေးတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ လာမယ့်ရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ကစားသမားဟာ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေခဲ့ပေမယ့်လည်း အဆင်မပြေဖြစ်နေခဲ့တာပါ။ ဘာစီလိုနာအသင်းဟာ ခံစစ်ကစားသမား ပီကေးနဲ့ ကွင်းလယ်လူ ဘက်စ်ကွက်ဇ် တို့ကို ပြီးခဲ့တဲ့ လတွေအတွင်းက စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့ပြီး အယ်လ်ဘာနဲ့ ဆွေးနွေးမှုကတော့ အဆင်မပြေဖြစ်နေဆဲပါ။

REX

ကာဘာယီ ။     ။ ယူအေအီးကလပ် အယ်လ်နာဆာ အသင်းကို သွားရောက်ကစားနေတဲ့ နယူးကာဆယ် ကွင်းလယ်လူဟောင်း ကာဘာယီ ဟာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားခဲ့ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်တဲ့ အခြေအနေကို ရောက်ရှိသွားခဲ့ပါပြီ။ အသက် (၃၃)နှစ်အရွယ် ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ (၂၀၁၈)ဇူလိုင်လကမှ အယ်လ်နာဆာ အသင်းနဲ့ (၂)နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ အသင်းကနေ ထွက်ခွာလာခဲ့တာပါ။ အဲဒီအတွက် ကာဘာယီဟာ ဇန်န၀ါရီဈေးကွက်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ကစားသမားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

Linn

Source : TheSun , Goal , Mirror

SHARE