၁၄-၃-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ပေါ့ဂ်ဘာ ။         ။ မန်ယူအသင်းကွင်းလယ်ကစားသမား ပေါ့ဂ်ဘာ က သူ့အနေနဲ့ မန်ယူအသင်းကနေ ထွက်ခွာသွားမှာမဟုတ်ပဲ အသင်းမှာဆက်ရှိနေမယ်လို့ နည်းပြဆိုးလ်ရှားကို ကတိပေးလိုက်ပါတယ်။ TheSun သတင်းစာရဲ့ ဖော်ပြချက်အရ ပေါ့ဂ်ဘာကို ဘာစီလိုနာ၊ ဂျူဗင်တပ်စ်အသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြပေမယ့်လည်း ကစားသမားအနေနဲ့ကတော့ အသင်းကနေ ထွက်သွားဖို့ ဆန္ဒမရှိတော့ဘူးလို့ သိရတာပါ။ နည်းပြ ဆိုးလ်ရှားကလည်း ပေါ့ဂ်ဘာဟာ အသင်းကို အဓိက ဦးဆောင်သူအဖြစ် ယူဆနေပြီး မန်ယူအသင်းရဲ့ အရေးကြီးတဲ့ကစားသမားလို့ မှတ်ချက်ပေးခဲ့ဖူးတာပါ။

ဘာနာဒိုဆေးလ်ဗား ။    ။ မန်စီးတီးအသင်း ကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားက ပေါ်တူဂီအသင်းဖော် ရော်နယ်ဒိုရဲ့ ဂျူဗင်တပ်စ်အသင်းနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ တွေ့ချင်တယ်လို့ ပြောဆိုလိုက်ပါတယ်။ မန်စီးတီးအသင်းနဲ့အတူ ခြေစွမ်းပြပြီး ပုံမှန်ပွဲထွက်ခွင့်တွေ ရနေတဲ့ ဘာနာဒို က သူ့အနေနဲ့ ကွာတားဖိုင်နယ်အဆင့်မှာ ရော်နယ်ဒိုရဲ့အသင်းကို ရှောင်ရှားချင်ပြီး ဗိုလ်လုပွဲမှာသာ တွေ့ဆုံချင်တယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောဆိုသွားခဲ့ပါတယ်။

SkySports

ဘေးလ် ။        ။ တော့တင်ဟမ်ဟော့စပါးအသင်းဟာ ရီးရဲမက်ဒရစ်အသင်းရဲ့ကြယ်ပွင့်တောင်ပံကစားသမား ဂါရတ်ဘေးလ်ကို အငှားနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ဂါရတ်ဘေးလ်ဟာ ၂၀၁၃ ခုနှစ်မှာ စပါးအသင်းကနေ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ၂၁၉ ပွဲမှာ ၁၀၁ ဂိုး သွင်းယူပေးထားသူဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂါရတ်ဘေးလ်ရဲ့ အနာဂတ်ဟာ ရီးရဲမက်ဒရစ်အသင်းကို နည်းပြဟောင်းဇီဒန်း ပြန်လည်ရောက်ရှိလာမှုကြောင့် မရေမရာဖြစ်နေပြီး အသင်းဖော်တွေနဲ့ ပရိသတ်တွေရဲ့ ဝေဖန်မှုကိုလည်း ခံနေရသူဖြစ်ပါတယ်။ AS ရဲ့သတင်းအရ တော့တင်ဟမ်ဟော့စပါးအသင်းဟာ ကစားသမားဟောင်း ဂါရတ်ဘေးလ်ကို အငှားနဲ့ ပြန်လည်ခေါ်ယူဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပြီး ဂါရတ်ဘေးလ်ရဲ့ လစာတစ်စိတ်တပိုင်းကို ကာမိအောင် လုပ်ဖို့သာ လိုတော့တာဖြစ်ပါတယ်။

READ
(၁၆-၄-၁၈)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
AP

ဆာရီ ။  ။ ချယ်လ်ဆီးအသင်းနည်းပြ ဆာရီက ဒီနေ့ည ကစားရမယ့် ဒိုင်နမိုကိဗ်ရဲ့ အိမ်ကွင်းဟာ အခြေအနေဆိုးနေပြီး ကစားသမားတွေအတွက် စိုးရိမ်မိကြောင်း ပြောဆိုလိုက်ပါတယ်။ ပထမအကျော့ပွဲစဉ်တုန်းက ဒိုင်နမိုကိဗ်ကို အိမ်ကွင်းမှာ (၃-၀)ဂိုးနဲ့ နိုင်ခဲ့တဲ့ ချယ်လ်ဆီးဟာ ဒီည ပွဲမှာတော့ ဆိုးရွားနေတဲ့ ဒိုင်နမိုကိဗ်ကွင်းမျက်နှာပြင်နဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပြီး ကစားသမားတွေ ဒဏ်ရာရသွားမှာကို ဆာရီက စိုးရိမ်နေခဲ့တာပါ။ ဆာရီ က ဥရောပဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေကို အပြစ်တင်သွားခဲ့ပြီး ကွင်းကို ကြိုတင်လို့ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့သင့်တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။

Youtube

လီဝန်ဒေါစကီး ။  ။ ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး လီဝန်ဒေါစကီး ကလီဗာပူးလ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲဟာ နည်းပြရဲ့ နည်းဗျူဟာအမှားကြောင့်ဖြစ်ကြောင်း ဝေဖန်လိုက်ပါတယ်။ (၁-၃)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတဲ့ အဲဒီပွဲစဉ်မှာ လီဗာပူးလ်နောက်ခံလူ မာတစ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့်သာ ဘိုင်ယန်အသင်း ချေပဂိုးတစ်ဂိုး ရခဲ့တာဖြစ်ပြီး လက်ကျန်ပွဲချိန်တွေမှာ ဂိုးရဖို့ ရုန်းကန်ခဲ့ရတာပါ။ လီဝန်ဒေါစကီးက နည်းပြအနေနဲ့ ခံစစ်ကို အသားပေးပြီး ကစားစေခဲ့ကြောင်းနဲ့ အဲဒီ နည်းစနစ်ပိုင်းဟာ အလုပ်မဖြစ်ခဲ့ကြောင်း ပွဲအပြီး အင်တာဗျူးမှာ ပြောဆိုသွားခဲ့ပါတယ်။

READ
(၂၁-၅-၁၈)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဆွာရက်ဇ် ။        ။ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး ဆွာရက်ဇ်က ချန်ပီယံလိဂ်မှာ ဂိုးသွင်းနိုင်ဖို့ ရုန်းကန်နေရပေမယ့်လည်း စိတ်မပူမိကြောင်း ပြောဆိုလိုက်ပါတယ်။ လိုင်ယွန်အသင်းကို (၅-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ဆွာရက်ဇ်က ဂိုးဖန်တီးမှု တစ်ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပြီး မက်ဆီကန်သွင်းခဲ့တဲ့ ပင်နယ်တီဂိုးကလည်း သူ့ကြောင့် ရရှိခဲ့တာပါ။ ဆွာရက်ဇ်က တိုက်စစ်မှူးတစ်ယောက်အတွက် ဂိုးသွင်းနိုင်ဖို့က အရေးကြီးပေမယ့်လည်း လက်ရှိအခြေအနေအရတော့ ဘယ်လိုဖိအားမျိုးမှ သူ့အတွက် ရှိမနေဘူးလို့ ဆိုလိုက်ပါတယ်။

AFP

Linn

Source : TheSun , Dailymail , Mirror

SHARE