(၁၄-၄-၂၀၁၉)အတွက် ညနေပိုင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဖာမီနို – လီဗာပူးအသင်းတိုက်စစ်မှူး ဖာမီနိုက ယနေ့ည ရင်ဆိုင်ကစားမယ့် ချယ်လ်ဆီးအသင်းနဲ့ပွဲစဉ်ဟာ လီဗာပူးသမိုင်းမှာ ဂန္ထဝင်ပွဲတစ်ပွဲ ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။ လီဗာပူးအသင်းဟာ ချန်ပီယံလမ်းကြောင်းကနေ သွေဖယ်မှုမရှိစေဖို့ ယနေ့ညပွဲကို မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်နေပါတယ်။ လီဗာပူးအနေနဲ့လည်း ချန်ပီယံခြေစွမ်းကို ပိုင်ဆိုင်ထားပြီလို့ ဖာမီနိုက ဆိုပါတယ်။

ဂီရော့ဒ် – ချယ်လ်ဆီးအသင်းရဲ့တိုက်စစ်မှူး ဂီရော့ဒ်က လီဗာပူးနဲ့ ကစားရမယ့်ပွဲမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရမယ်လို့ ယုံကြည်နေကြောင်း ဆိုပါတယ်။ ဂီရော့ဒ်ဟာ ချယ်လ်ဆီးအသင်းမှာ (၃၇)ပွဲကစားပြီး (၅)ဂိုး သွင်းယူထားတဲ့ တိုက်စစ်မှူးဖြစ်ပါတယ်။

AFP

အာဆင်နယ် VS ချယ်လ်ဆီး – အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်းတို့ဟာ လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ လျှော့ဈေးနဲ့ရရှိမယ့် Toby Alderweireld ကို အပြိုင်ခေါ်ယူဖို့ ကြိုးပမ်းဖွယ် ရှိနေပါတယ်။ မန်ယူအသင်းကလည်း အာဆင်နယ်၊ ချယ်လ်ဆီးမတိုင်ခင် Alderweireld ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တဲ့ အသင်းဖြစ်ပါတယ်။

READ
ရော်နယ်ဒိုက ဖိနပ်အနက်ရောင်ကို မဝတ်ဆင်ရခြင်း အကြောင်းအရင်း

ပေါလ်စခိုး – မန်ယူအသင်းရဲ့ ဂန္ထဝင်ဖြစ်တဲ့ ပေါလ်စခိုးက ဝက်စ်ဟမ်းအသင်းကို အနိုင်ရရှိပြီးနောက် ချန်ပီယံလိဂ်မျှော်လင့်ချက် ပိုပြီးအသက်ဝင်လာတဲ့ မန်ယူအသင်းနဲ့ပတ်သက်ပြီး၊ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် နောက်တစ်ဆင့်မှာလည်း ဘာစီလိုနာကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဆိုပါတယ်။ စခိုးလ်က “ဘာကာဟာ မရှုံးဖူးတဲ့ အသင်းမျိုး မဟုတ်ပါဘူး”လို့ ပြောခဲ့ပါတယ်။

မန်ယူ – မန်ယူအသင်းဟာ အသင်းကွင်းလယ်လူ ပေါ့ဂ်ဘာကို ရီးယဲလ်မက်ဒရစ်အသင်းထံ မရောက်ရှိစေဖို့ ကြိုးစားနေကြောင်း သိရပါတယ်။ ဒါကြောင့် မကြာမီမှာ အသင်းကပ္ပတိန်ရာထူးကိုတောင် ပေးအပ်ဖို့ရှိနေပြီး၊ ဒီနည်းအားဖြင့် ရီးယဲလ်နဲ့ပတ်သက်တဲ့ သတင်းတွေကို အဆုံးသတ်ဖို့ ကြိုးစားဖွယ် ရှိနေပါတယ်။

AFP

ပီလီ – ကျောက်ကပ်အတွင်း ကျောက်တည်မှုကို ခွဲစိတ်အောင်မြင်ခဲ့တဲ့ ပီလီဟာ စိုးရိမ်ရတဲ့ အနေအထား မဟုတ်တော့သော်လည်း၊ အခြေအနေ စောင့်ကြည့်နေရဆဲဖြစ်ကြောင်း သိရပါတယ်။ ပီလီဟာ မကြာသေးခင်က ခွဲစိတ်မှုခံယူခဲ့တာဖြစ်ပြီး၊ လနဲ့ချီ အနားယူနေရဖို့ ရှိနေပါတယ်။

READ
(၂၆-၄-၁၈)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

မော်ရင်ဟို – မန်ယူ-ချယ်လ်ဆီး-ရီးယဲလ် အစရှိတဲ့အသင်းတွေမှာ နည်းပြအဖြစ် ဆောင်ရွက်ခဲ့တဲ့ နည်းပြဟောင်း မော်ရင်ဟိုဟာ ဖူဟမ်-အဲဗာတန် အသင်းတို့ရဲ့ ပရီးမီယားလိဂ်ပွဲစဉ်ကို လာရောက်ကြည့်ရှုခဲ့ပါတယ်။ မော်ရင်ဟိုကို ဘောလုံးအဝန်းအဝိုင်းမှာ အနီးစပ်ဆုံး ပြန်လည်တွေ့ရှိလိုက်ရခြင်းကြောင့် မကြာမီ နည်းပြလောကထဲ ပြန်ဝင်လာလေမလား သုံးသပ်မှုတွေ ရှိနေပါတယ်။

PA

အီဝိုဘီ – အာဆင်နယ် ကစားသမား အီဝိုဘီက သူ့အနေနဲ့ အာဆင်နယ်အသင်းကို စွန့်ခွာဖို့ နှစ်ကြိမ်အထိ ဆုံးဖြတ်ချက် ချခဲ့မိကြောင်း၊ ဒါပေမယ့် ဆုံးဖြတ်ချက်ကို လက်လျှော့လိုက်ပြီး ဆက်နေခဲ့ရာ၊ တတိယဆုံးဖြတ်ချက်မှာ မှန်ကန်ခဲ့ပြီး၊ အခုဆိုရင် သူဟာ အာဆင်နယ်ရဲ့ အရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်လာခဲ့ပြီလို့ ဆိုပါတယ်။

လင်းသုတ (SportAhtar)

SHARE