၁၄-၇-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ဒီလစ် ။ ။ ဂျူဗင်တပ်စ်အသင်းဟာ အေဂျက်ဇ်အသင်းနောက်ခံလူ ဒီလစ်ကို ယူရို(၇၅)သန်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီလို့ အီတလီသတင်းစာတွေက ဖော်ပြသွားခဲ့ပြီး ဒီလစ်ဟာ ဂျူဗင်တပ်စ်အသင်းမှာ ကျောနံပတ်(၄)ကို ၀တ်ဆင်ဖို့ရွေးချယ်ပြီးပြီလို့တောင်ရေးသားနေကြပါတယ်။ ဒီလစ်ဟာ ဂျူဗင်တပ်စ်နဲ့ (၅)နှစ် စာချုပ် ချုပ်ဆိုသွားမှာဖြစ်ပြီး တစ်နှစ်လစာအဖြစ် ယူရို(၁၂)သန်း ရရှိသွားမှာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

ဒန်နီယယ်ဂျိမ်းစ် ။        ။ မန်ယူအသင်းရဲ့တောင်ပံကစားသမားသစ်လေး ဒန်နီယယ်ဂျိမ်းစ်ဟာ အသင်းအတွက် ကစားပေးခဲ့တဲ့ အဖွင့်ပွဲစဉ်မှာပဲ ပရိသတ်တွေရဲ့ ချီးကျူးမှုတွေကို လက်ခံရရှိသွားခဲ့ပါတယ်။ ပါ့သ်အသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းခဲ့တဲ့ ပွဲအပြီးမှာ မန်ယူပရိသတ်တွေက အသင်းကစားသမားသစ်တွေဖြစ်တဲ့ ဘစ်ဆာကာ နဲ့ ဂျိမ်းစ်တို့ရဲ့ စွမ်းဆောင်မှုတွေကို ချီးကျူးသွားခဲ့ပြီး အဲဒီပွဲရဲ့အကောင်းဆုံး ကစားသမားအဖြစ် ဂျိမ်းစ်ကို တညီတညွတ်တည်းမဲပေးရွေးချယ်ခဲ့ကြပါတယ်။

 

လီဗာပူးလ် ။     ။ လီဗာပူးလ်အသင်းဟာ ဘာစီလိုနာအသင်း ကွင်းလယ်ကစားသမား ကော်တင်ဟို ကို ခေါ်ယူချင်ပေမယ့်လည်း ကော်တင်ဟိုအတွက်  ပေးချေရမယ့် ပြောင်းရွှေ့ကြေးကြောင့် နှောင့်နှေးနေရတယ်လို့ Marca က ဖော်ပြပါတယ်။ ဘာစီလိုနာကို ဂရစ်ဇ်မန်းရောက်လာပြီးတဲ့နောက် ကစားခွင့်ရဖို့အတွက် ရုန်းကန်ရဖွယ်ရှိနေတဲ့ ကော်တင်ဟို ဟာ (၂၀၁၈)ခုနှစ်က လီဗာပူးလ်ကနေ ဘာစီလိုနာအသင်းဆီ ပေါင်(၁၄၂)သန်းနဲ့ရောက်ရှိလာခဲ့တာဖြစ်ပြီး သူ့ကိုပြန်ခေါ်မယ်ဆိုရင် လက်ရှိဈေးနှုန်းက ပေါင်သန်း(၁၄၀)၀န်းကျင်မှာ ရှိနေမှာပါ။

READ
လီဗာပူးလ်ကိုရောက်ဖို့ သေချာသလောက်ဖြစ်သွားတဲ့ လိုင်ယွန်ကွင်းလယ်လူ ဖေကီယာ

ဆိုးလ်ရှား ။      ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားဟာ စပို့တင်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကိုခေါ်ယူပေးဖို့အတွက် မန်ယူဘုတ်အဖွဲ့ဆီ ထပ်မံတောင်းဆိုထားတယ်လို့ Mirror က ဖော်ပြပါတယ်။ စပို့တင်းအသင်းရဲ့တာဝန်ရှိသူတွေဟာ ဖာနန်ဒက်စ်အတွက် ဆွေးနွေးမှု ပြုလုပ်ဖို့ မန်ချက်စတာမြို့ကိုရောက်ရှိလာခဲ့ကြပေမယ့် မန်ယူအသင်းနဲ့ရော၊ မန်စီးတီးအသင်းနဲ့ပါ ဆွေးနွေးမှုတွေ ပြုလုပ်သွားခဲ့တာကြောင့် အပြောင်းအရွှေ့ဟာ မတင်မကျ ဖြစ်လို့နေခဲ့တာပါ။

 

ဆာနေး ။        ။ မန်စီးတီးအသင်းဟာ တောင်ပံကစားသမား ဆာနေး တစ်ယောက် ဘိုင်ယန်ကို မရွေးချယ်ပဲ အသင်းမှာသာ ဆက်ရှိနေစေဖို့မျှော်လင့်နေပါတယ်။ ဘိုင်ယန်အသင်းက ဆာနေးအတွက် ပေါင်သန်း(၇၀)နဲ့ ကမ်းလှမ်းလိုက်ပြီးတဲ့နောက် မန်စီးတီးအသင်းက သူတို့ရဲ့ကစားသမားဟာ ပေါင်သန်း(၁၀၀)တန်ကြောင်း ပြန်လည်အသိပေးခဲ့ပြီး ဘိုင်ယန်မြူးနစ်ရဲ့ထပ်မံကမ်းလှမ်းမှုကို စောင့်ဆိုင်းနေတာပါ။ ဒါပေမယ့် အသင်းတာဝန်ရှိသူတွေကတော့ ဆာနေးဟာ ဘိုင်ယန်ထက် မန်စီးတီးမှာပဲ ဆက်နေဖို့ ဆုံးဖြတ်လိမ့်မယ်လို့ ယုံကြည်ကြောင်းပြောဆိုနေကြပါတယ်။

READ
၂၉-၉-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
(AP Photo/Martin Meissner)

ဘလက်ဘန်း ။  ။ ဘလက်ဘန်းအသင်းဟာ ဆောက်သမ်တန်အသင်းတိုက်စစ်မှူး ဂယ်လက်ဟာ ကို (၄)နှစ်စာချုပ်နဲ့ခေါ်ယူလိုက်ကြောင်း ပရိသတ်တွေဆီ အသိပေးသွားခဲ့ပါပြီ။ အသက် (၂၃)နှစ်အရွယ် တိုက်စစ်မှူးဟာ (၂၀၁၆-၁၇)ဘောလုံးရာသီမှာ ဘလက်ဘန်းအသင်းဆီ အငှားနဲ့လာရောက်ကစားခဲ့ဖူးပြီး (၄၃)ပွဲကစား(၁၁)ဂိုး သွင်းယူပေးထားခဲ့သူပါ။

ဖူလ်ဟမ် ။       ။ ဖူလ်ဟမ်အသင်းဟာ ၀ုဗ်အသင်းရဲ့တောင်ပံကစားသမား ကာဗယ်လီယို ကို တစ်ရာသီ အငှားနဲ့ခေါ်ယူလိုက်ပါပြီ။ (၂၀၁၆)ခုနှစ်ကတည်းက ၀ုဗ်အသင်းကိုရောက်ရှိခဲ့ပြီး အသင်းအတွက် (၉၆)ပွဲအထိ ကစားပေးခဲ့တဲ့ ကာဗယ်လီယို ဟာ လာမယ့်ရာသီအတွက် အငှားချထားခြင်းခံလိုက်ရတာဖြစ်ပြီး ချန်ပီယံရှစ်ပြိုင်ပွဲတွေဆီ သွားရောက်ကစားရတော့မှာဖြစ်ပါတယ်။

Linn

Source : TheSun , Goal , Mirror

SHARE