၁၄-၈-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter "Monaco FC"

မိုနာကို ။         ။ မိုနာကို အသင်းဟာ ဆီးဗီးလားတိုက်စစ်မှူး ဘန်ယက်ဒါ ကို ယူရိုသန်း(၄၀)နဲ့ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ အသက် (၂၉)နှစ်အရွယ် တိုက်စစ်မှူးဟာ ဆီးဗီးလားအသင်းအတွက် (၁၃၈)ပွဲကစားပြီး သွင်းဂိုး (၇၀) အထိ သွင်းယူပေးထားခဲ့သူပါ။ မိုနာကိုအသင်းက ဘန်ယက်ဒါ ကို (၅)နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အသင်းရဲ့ အားနည်းနေတဲ့ တိုက်စစ်ပိုင်းအတွက် အဖြေတစ်ခု ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

ရင်းနက်စ် ။      ။မိုချန်ဂလက်ဘတ်အသင်းဟာ  ပြင်သစ်လီဂူးကလပ် ရင်းနက်စ်အသင်းရဲ့နောက်ခံကစားသမား ဘန်ဆီဘိုင်နီ ကို (၄)နှစ်စာချုပ်နဲ့ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပါတယ်။ ဂလက်ဘတ် ဟာ ဘန်ဆီဘိုင်နီအတွက် ယူရို(၈)သန်း ပေးချေခဲ့ရပြီး အယ်လ်ဂျီးရီးယား ဘယ်နောက်ခံလူ ဟာ ဂလက်ဘတ်အသင်းဆီ အပြီးသတ် ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။

 

ရိုးမား ။ ။ အင်တာမီလန်အနေနဲ့ အသင်းရဲ့တိုက်စစ်မှူး ဒီဇီကို ကိုခေါ်ယူမယ်ဆိုရင် သူတို့ရဲ့တိုက်စစ်မှူး အီကာဒီ နဲ့ အလဲအလှယ်လုပ်မှ ရလိမ့်မယ်ဆိုတဲ့အကြောင်းကို ရိုးမားတာဝန်ရှိသူတွေက အသိပေးလိုက်ပါတယ်။ Gazzetta Dello Sport ရဲ့ဖော်ပြချက်အရ အင်တာမီလန်ဟာ အသင်းရဲ့တိုက်စစ်မှာ ဒီဇီကိုနဲ့ လူကာကူ တို့ကို တွဲဖက်ကစားစေဖို့ ဆန္ဒရှိနေခဲ့ပြီး ခေါ်ယူဖို့ကြိုးစားနေတာဖြစ်ပါတယ်။ ဒါပေမယ့် ရိုးမားကတော့ အပြန်အလှန်အဖြစ် အင်တာတိုက်စစ်မှူး အီကာဒီ ကို အပြောင်းအရွှေ့တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်စေချင်နေတာပါ။

READ
(၆-၄-၁၈)အတွက် ညနေခင်းပိုင်း ဦးဦးဖျားဖျား အားကစားသတင်းများ

 

လမ်းပတ် ။      ။ ချယ်လ်ဆီးအသင်းနည်းပြသစ် လမ်းပတ်က ချယ်လ်ဆီးအနေနဲ့ ဟာဇက်ရဲ့လစ်လပ်သွားတဲ့နေရာကို အစားထိုးဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ မှတ်ချက်ပေးလိုက်ပါတယ်။ ဒီနှစ်နွေရာသီအပြောင်းအရွှေ့မှာ ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့သွားခဲ့တဲ့ ဟာဇက်ကြောင့် ချယ်လ်ဆီးကွင်းလယ်ဟာ နဂိုထက်ပိုပြီး အားနည်းသွားခဲ့တယ်လို့ လမ်းပတ်က ၀န်ခံခဲ့ပြီး ဟာဇက်ရဲ့နေရာကို အစားထိုးနိုင်မယ့် ကစားသမားမျိုး ချယ်လ်ဆီးမှာ မရှိသေးဘူးလို့ မှတ်ချက်ပေးလိုက်ပါတယ်။

READ
(၂၄-၂-၁၈) အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

 

အီဝိုဘီ ။         ။ အာဆင်နယ်အသင်းကနေ အဲဗာတန်အသင်းဆီ ပြောင်းရွှေ့သွားခဲ့တဲ့ ကွင်းလယ်ကစားသမား အီဝိုဘီ က အဲဗာတန်မှာ သူ့ရဲ့နာမည်ကို ပိုမိုကျော်ကြားလာဖို့ တည်ဆောက်ပြသွားမယ်လို့ ကြုံးဝါးလိုက်ပါတယ်။ အသက် (၂၃)နှစ်အရွယ် ကွင်းလယ်လူ ဟာ အဲဗာတန်နဲ့ (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး နည်းပြ မာကိုဆေးလ်ဗားရဲ့လက်အောက်မှာ တောက်ပလာမယ့် ကြယ်ပွင့်ကစားသမားအဖြစ် သုံးသပ်ခြင်းခံနေရသူပါ။ အီဝိုဘီ က အဲဗာတန်အသင်းနဲ့အတူ သမိုင်းတစ်ခုရေးထိုးဖို့ အဆင်သင့်ဖြစ်နေကြောင်းနဲ့ ပရီးမီးယားလိဂ်မှာ ပိုမိုခြေစွမ်းပြနိုင်ဖို့မျှော်လင့်ကြောင်းကိုလည်းပြောဆိုသွားခဲ့ပါတယ်။

ကာရေဂါ ။       ။ လီဗာပူးလ်အသင်းနောက်ခံလူဟောင်း ကာရေဂါ က မန်ယူအသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့ အခွင့်အရေးတွေရှိနေတယ်လို့ ပြောဆိုလိုက်ပါတယ်။ ကာရေဂါ က မန်ယူအသင်းဟာ ကစားသမားအများအပြားခေါ်ယူနိုင်ခြင်းမရှိခဲ့ပေမယ့်လည်း သူတို့ခေါ်ယူခဲ့တဲ့ ကစားသမားတွေက အသင်းနဲ့ အံဝင်သူတွေဖြစ်ခဲ့ကြတယ်လို့ သုံးသပ်ခဲ့ပြီး ဆုဖလားရနိုင်ဖို့ အခွင့်အရေးတွေရှိနေတယ်လို့ မှတ်ချက်ပေးလိုက်တာပါ။

Linn

Source : TheSun , Goal , Mirror

SHARE