၁၅-၁၀-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / TheSun

ရက်ရှ်ဖို့ဒ် ။       ။ မန်ယူအသင်းတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပျောက်ဆုံးနေခဲ့ပေမယ့်လည်း ဒီရာသီစွမ်းဆောင်မှုတွေအရတော့ PSG တိုက်စစ်မှူး ဘက်ပီ ထက် သာလွန်နေသေးတယ်လို့ အချက်အလက်တွေက ဖော်ပြနေပါတယ်။ TheSun က ဖော်ပြခဲ့တဲ့အချက်အလက်တွေအရ ရက်ရှ်ဖို့ဒ်ဟာ (၂၀၁၉/၂၀)လိဂ်ပြိုင်ပွဲစွမ်းဆောင်ရည်အရ ဘက်ပီထက် သာလွန်တဲ့အနေအထားမှာရှိနေပြီး ဘက်ပီကတော့ သူ့ရဲ့ပုံစံကောင်းအတွက် ပိုမိုရုန်းကန်နေရတယ်လို့ ဖော်ပြသွားခဲ့ပါတယ်။

ဂျီရော့ဒ် ။        ။ ပြင်သစ်အသင်းနည်းပြ ဒက်ချမ့်ပ်က မနေ့ညက ပွဲစဉ်မှာ အသင်းအတွက်ဂိုးသွင်းပေးခဲ့တဲ့ တိုက်စစ်မှူး ဂျီရော့ဒ်ဟာ ပွဲကစားခွင့်ရဖို့သာ လိုအပ်နေသူဖြစ်ကြောင်းနဲ့ ဂိုးသွင်းဖို့အတွက် အဆင်သင့်ဖြစ်နေသူဖြစ်ကြောင်း မှတ်ချက်ပေးလိုက်ပါတယ်။ တူရကီအသင်းနဲ့တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ ပြင်သစ်အသင်းအတွက် ဂိုးသွင်းယူပေးခဲ့တဲ့ ဂျီရော့ဒ် ဟာ ချယ်လ်ဆီးအသင်းမှာ ပွဲထွက်ခွင့်ရဖို့ ထိုက်တန်သူတစ်ယောက်လို့ ဒက်ချမ့်ပ်က ထောက်ခံလိုက်တာပါ။

 

မန်ယူ ။ ။ မန်ယူအသင်းပိုင်ရှင်တွေထဲက တစ်ဦးဖြစ်တဲ့ ကီဗင်ဂလေဇာ ဟာ မန်ယ်ူအသင်းရဲ့ရှယ်ယာ (၁၃)ရာခိုင်နှုန်းကို ပေါင်သန်း(၂၇၀)၀န်းကျင်နဲ့ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ Dailymail က ဖော်ပြပါတယ်။ မန်ယူအသင်းရဲ့အမြတ်ငွေလျော့ကျသွားတဲ့အနေအထား၊ ရှာဗိုလက်အမှတ်တံဆိပ်နဲ့ စပွန်ဆာ စာချုပ် ဆက်လက်ရဖို့ မသေချာတဲ့အနေအထားတွေကြောင့် ဂလေဇာမိသားစုဝင်တွေထဲက တစ်ယောက်ဖြစ်တဲ့ ကီဗင်ဟာ သူ့ရဲ့ရှယ်ယာတွေကို ထုတ်ပြီးရောင်းချဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

ဂျော်ဂျင်ဟို ။     ။ ချယ်လ်ဆီးအသင်းကွင်းလယ်လူ ဂျော်ဂျင်ဟိုရဲ့အေးဂျင့်ဖြစ်သူက ဂျော်ဂျင်ဟို ဟာ ချယ်လ်ဆီးပရိသတ်တွေရဲ့ မေတ္တာကို ခံယူနေရပြီးတဲ့နောက် အီတလီမြေကို ပြန်ဖို့ကိုသာ စဉ်းစားနေပြီလို့ ဟာသလုပ် ပြောဆိုသွားခဲ့ပါတယ်။ နည်းပြ ဆာရီရဲ့လက်ထက်မှာတုန်းက ချယ်လ်ဆီးအသင်းပရိသတ်တွေဟာ ဂျော်ဂျင်ဟိုရဲ့စွမ်းဆောင်ရည်အပေါ် လှောင်ပြောင်ခဲ့ကြပေမယ့်လည်း လက်ရှိအချိန်မှာတော့ ဂျော်ဂျင်ဟို ဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမားဖြစ်တယ်လို့ ထောက်ခံနေကြတာပါ။

တိုမီနေး ။        ။ မန်ယူအသင်းကွင်းလယ်ကစားသမား တိုမီနေး က မော်ရင်ဟို ဟာ သူ့အပေါ်မှာ အလွန်ကောင်းတဲ့နည်းပြတစ်ယောက် ဖြစ်ကြောင်းနဲ့ သူတို့နှစ်ဦးအကြားမှာ အခုအချိန်အထိ ဆက်သွယ်မှုတွေ ရှိနေကြဆဲဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။ မော်ရင်ဟိုရဲ့နေရာပေးမှုက စတင်ပြီး မန်ယူအသင်းမှာ ပွဲထွက်ခွင့်ရခဲ့တဲ့ တိုမီနေးက မော်ရင်ဟို ဟာ တချို့ပွဲစဉ်တွေကစားပြီးတဲ့နောက် သူ့ဆီကို ဖုန်းဆက်ပြီး ကစားပွဲနဲ့ပတ်သက်တဲ့ ထင်မြင်ချက်တချို့ကို ပြောဆိုနေဆဲဖြစ်တယ်လို့ ဖွင့်ဟသွားခဲ့တာပါ။

READ
၉-၁၀-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ဒီလစ် ။ ။ ဂျူဗင်တပ်စ်အသင်းနောက်ခံကစားသမား ဒီလစ် က သူ့အနေနဲ့ ဂျူဗင်တပ်စ်အသင်းမှာ ထင်သလောက် ခြေစွမ်းမပြနိုင်ဘူးလို့ ထင်မိကြောင်းနဲ့ အေဂျက်ဇ်အသင်းမှာတုန်းက ကစားပုံမျိုးကို ပြန်မရသေးကြောင်း ၀န်ခံသွားခဲ့ပါတယ်။ ဒီလစ်ရဲ့ခြေစွမ်းကြောင့် နည်းပြဆာရီက ၀ိတ်ချခိုင်းခဲ့တယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်ပေါ်ခဲ့သေးပြီး ဒီလစ် က သူ့ရဲ့ခြေစွမ်းမပြနိုင်မှုဟာ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကြောင့်မဟုတ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

Linn

Source : TheSun , Goal, Mirror

SHARE