၁၅-၁၁-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Mirror

မန်ယူ ။ ။ မန်ယူအသင်းပရိသတ်တွေက ဒေါ့တ်မွန်တောင်ပံကစားသမား ဆန်ချို ကို မခေါ်ဖို့ အသင်းတာဝန်ရှိသူတွေကို တိုက်တွန်းနေကြပြီး လက်ရှိ တောင်ပံကစားသမား ဒင်နီယယ်ဂျိမ်းစ် က ဆန်ချို ထက်ပိုကောင်းတဲ့ ကစားသမား ဖြစ်တယ်လို့ မှတ်ချက်ပေးနေကြပါတယ်။ ဒေါ့တ်မွန်အသင်းရဲ့ အသက် (၁၉)နှစ်အရွယ် တောင်ပံကစားသမားဟာ လာမယ့် ဇန်န၀ါရီအပြောင်းအရွှေ့မှာ မန်ယူအသင်းရဲ့အဓိက ပစ်မှတ် ဖြစ်လာဖို့ရှိနေပြီးမန်ယူပရိသတ်တွေကတော့ ပြောင်းရွှေ့ကြေးမြင့်မားမယ့် ဆန်ချို ကိုမခေါ်ဖို့ အသင်းတာဝန်ရှိသူတွေကို တိုက်တွန်းနေတာပဲဖြစ်ပါတယ်။

Twitter / TheSun

ပိုချက်တီနို ။     ။ စပါးအသင်းနည်းပြ ပိုချက်တီနို က ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ ဘာစီလိုနာကွင်းလယ်လူ ကော်တင်ဟို ကိုသာ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် စပါးအသင်းအနေနဲ့ ဒီလောက်အထိ ရုန်းကန်ရမှာမဟုတ်ဘူးလို့ မှတ်ချက်ပေးလိုက်ပါတယ်။ စပါးအသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလမှာ ကော်တင်ဟို ကို အငှားနဲ့ခေါ်ယူဖို့ ကြိုးစားခဲ့သေးပြီး သူတို့ရဲ့ ကမ်းလှမ်းမှု မအောင်မြင်ခဲ့တာကြောင့် ကော်တင်ဟို ကို ဘိုင်ယန်မြူးနစ်အသင်းက အငှားခေါ်ခွင့်ရရှိသွားခဲ့တာပဲဖြစ်ပါတယ်။

 

ရော်နယ်ဒို ။     ။ မနေ့ညက ကစားခဲ့တဲ့ ပေါ်တူဂီနဲ့ လစ်သူယေးနီးယား အသင်းတို့ရဲ့ ပွဲစဉ်မှာ ကွင်းအတွင်းကို ပြေးဝင်ပြီး ရော်နယ်ဒိုနဲ့ ဓာတ်ပုံရိုက်ဖို့ ကြိုးစားခဲ့တဲ့ ပရိသတ်တစ်ဦးရဲ့အကြောင်းကို မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ ဂျူဗင်တပ်စ်အသင်း ဂျာစီကို ၀တ်ဆင်ထားတဲ့ ပရိသတ်တစ်ဦးဟာ ပွဲချိန်အတွင်းမှာ ကွင်းအတွင်းကို ပြေးဝင်လာခဲ့ပြီး ရော်နယ်ဒိုနဲ့အတူ ဓာတ်ပုံရိုက်ဖို့ ကြိုးစားခဲ့တာပါ။ ကွင်းလုံခြုံရေးတွေက လိုက်လံတားဆီးဖို့ ကြိုးစားခဲ့ပေမယ့် ရော်နယ်ဒိုက ပရိသတ်ကို ဓာတ်ပုံရိုက်ခွင့်ပေးခဲ့တာကြောင့် ကွင်းအတွင်းကနေ ၀မ်းသာမျက်ရည်တွေနဲ့ ပြန်ထွက်သွားခဲ့ရတဲ့ ပရိသတ်ရဲ့ ဗီဒီယိုဖိုင်တွေကလည်း ဆိုရှယ်မီဒီယာတွေပေါ်မှာ ပျံ့နှံ့နေခဲ့ပါတယ်။

ဒေါ့တ်မွန် ။      ။ ဒေါ့တ်မွန်အသင်းဟာ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာဖို့ရှိနေတဲ့ တိုက်စစ်မှူး ဂျီရော့ဒ် ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ Mirror သတင်းစာက ဖော်ပြပါတယ်။ ဒေါ့တ်မွန်အသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့တုန်းကလည်း ဂျီရော့ဒ်အတွက် ပေါင်(၅)သန်းနဲ့ ကမ်းလှမ်းခဲ့ဖူးပြီး ချယ်လ်ဆီးအသင်းက ပယ်ချသွားခဲ့တာပါ။ ဂျီရော့ဒ်ကို စီးရီအေကလပ် အင်တာမီလန်အသင်းကလည်း စောင့်ကြည့်နေပြီး ဒေါ့တ်မွန်နဲ့အပြိုင် ကြိုးစားသွားဖွယ်ရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

မာတီနက်ဇ် ။    ။ အင်တာမီလန်အသင်းနဲ့အတူ ဒီရာသီမှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး မာတီနက်ဇ်အတွက် မန်ချက်စတာနှစ်သင်းက အပြိုင်ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။ Mirror ရဲ့ ဖော်ပြချက်အရ လက်ရှိပေါက်ဈေး ပေါင်သန်း(၁၀၀)လောက်တန်တဲ့ ကစားသမားဟာ ပရီးမီးယားလိဂ် ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ခံနေရပြီး လာမယ့်အပြောင်းအရွှေ့ဈေးကွက်မှာ အရေးပါတဲ့ ကစားသမား ဖြစ်လာလိမ့်မယ်လို့ ဖော်ပြသွားခဲ့တာပါ။

READ
(၂၀-၄-၁၈)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Linn

Source : TheSun , Goal , Mirror

SHARE