၁၅-၂-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

အမ်မရီ ။         ။ အာဆင်နယ်အသင်းပရိသတ်တွေဟာ မနေ့က ကစားခဲ့တဲ့ ယူရိုပါလိဂ်ရှုံးပွဲအပြီးမှာ နည်းပြ အမ်မရီရဲ့ နည်းစနစ်ပိုင်းကို ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြပြီး အမ်မရီကို အသင်းက ထွက်သွားဖို့တောင်းဆိုနေကြပြီလို့ TheSun က ဖော်ပြပါတယ်။ အာဆင်နယ်အသင်းဟာ အဲဒီပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်မှု (၇၆)ရာခိုင်နှုန်းအထိ ရှိခဲ့ပေမယ့် ဂိုးပေါက်တည့်အောင် ကန်သွင်းနိုင်မှုမှာတော့ (၂)ကြိမ်သာ ရှိခဲ့တာကြောင့် အာဆင်နယ်ပရိသတ်တွေက အမ်မရီရဲ့ ကစားပုံကို မေးခွန်းထုတ်ခဲ့ကြပါတယ်။ အာဆင်နယ်အသင်း ပရိသတ်တွေဟာ ကွင်းလယ်လူ အိုဇေးလ်ကို ချောင်ထိုးထားခဲ့တဲ့ အမ်မရီရဲ့ အပြုအမူကြောင့်လည်း သူတို့ရဲ့နည်းပြသစ်အပေါ် အမြင်မကြည်ဖြစ်နေကြပါတယ်။

ပေါ့ဂ်ဘာ ။       ။ မန်ယူအသင်းကွင်းလယ်ကစားသမား ပေါ့ဂ်ဘာ က PSG အသင်းနဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ အနီကတ်ပြစ်ဒဏ်အတွက် အသင်းဖော်တွေကို ပြန်လည်တောင်းပန်လိုက်ပါတယ်။ အဲဒီပွဲစဉ်ရဲ့ ပွဲချိန် (၈၉)မိနစ်မှာ ပေါ့ဂ်ဘာဟာ PSG ကစားသမား အဲလ်ဗက်စ်ကို ကြမ်းကြမ်းတမ်းတမ်းကစားမိခဲ့လို့ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပြီး လာမယ့် ဒုတိယအကျော့ပွဲစဉ်ကို လွဲချော်မှာဖြစ်ပါတယ်။ ပေါ့ဂ်ဘာက သူ့ရဲ့အပြုအမူကြောင့် အသင်းဖော်တွေကို တောင်းပန်ကြောင်းနဲ့ မန်ယူအသင်းနဲ့အတူ ဒုတိယအကျော့မှာ မပါနိုင်တဲ့အတွက်လည်း စိတ်မကောင်းဖြစ်မိကြောင်း ပြောဆိုသွားခဲ့ပါတယ်။

READ
(၁၈-၃-၁၈)အတွက် ညနေခင်းပိုင်း ဦးဦးဖျားဖျား အားကစားသတင်းများ
EPA

မန်ယူ ။ ။ မန်ယူအသင်းပရိသတ်တွေဟာ ချယ်လ်ဆီးနဲ့ကစားမယ့်ပွဲစဉ်အတွက် မာရှယ်နေရာမှာ အစားထိုးကစားဖို့ ကစားသမားတစ်ဦးရဲ့အမည်ကို ထုတ်ဖော်တောင်းဆိုလိုက်ပါတယ်။ ချယ်လ်ဆီးအသင်းနဲ့ ကစားမယ့် FA ဖလားပွဲစဉ်ကို ဒဏ်ရာကြောင့်မပါနိုင်တဲ့ မာရှယ်ရဲ့နေရာမှာ လူငယ်ကစားသမားလေး တာဟစ်ချောင်း ကို ထည့်သွင်းကစားဖို့ ပရိသတ်တွေက တောင်းဆိုခဲ့ကြတာဖြစ်ပြီး ဆန်းချက်ဇ်ကို ထည့်သွင်းကစားစေဖို့တော့ ငြင်းဆန်ခဲ့ကြပါတယ်။ အသက် (၁၉)နှစ်အရွယ် ကွင်းလယ်ကစားသမားလေးဟာ မန်ယူလူငယ်အသင်းကနေ စီနီယာအသင်းကြီးဆီရောက်ရှိလာခဲ့ပြီးတဲ့နောက် ရီဒင်းအသင်းနဲ့ကစားခဲ့တဲ့ FA ပွဲစဉ်မှာပါဝင်ခွင့်ရခဲ့တာပါ။

PA

အိုဝင် ။ ။ အင်္ဂလန်အသင်းတိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က ကစားသမားတွေဟာ ချယ်လ်ဆီးနဲ့အာဆင်နယ်နှစ်သင်းကို ယှဉ်လိုက်ရင် ချယ်လ်ဆီးအသင်းကိုသာ လာရောက်ကစားချင်ကြတယ်လို့ သုံးသပ်လိုက်ပါတယ်။ အကြောင်းရင်းကတော့ ချယ်လ်ဆီးဟာ ချန်ပီယံဆုတွေကို စိန်ခေါ်နိုင်မှုမှာ အာဆင်နယ်ထက် ရှေ့ရောက်နေတာကြောင့်ဖြစ်ပြီး သူတို့ရဲ့ပြီးခဲ့တဲ့နှစ်တွေက အောင်မြင်မှုတွေဟာ အာဆင်နယ်ထက်များနေတာကြောင့်ဖြစ်တယ်လို့ သုံးသပ်လိုက်တာပါ။ လက်ရှိအချိန်မှာ ချယ်လ်ဆီးနဲ့အာဆင်နယ်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကွာခြားမှု သိပ်မရှိပေမယ့် ကစားသမားတွေကတော့ အာဆင်နယ်ထက် ချယ်လ်ဆီးကိုသာပြောင်းဖို့ဆုံးဖြတ်မှာဖြစ်တယ်လို့ အိုဝင်က ဆိုလိုက်တာပါ။

READ
ဝက်စ်ဟမ်းကိုရှုံးပြီးနောက် စပိန်မှာ ကောင်မလေးနဲ့ အပန်းဖြေနေတဲ့ ဒယ်လီအလီ

ကိုလာရော့ဗ် ။   ။ ရိုးမားအသင်းဥက္ကဌ ပယ်လော့တာ က ရိုးမားအသင်းရဲ့ ကစားသမား (၂၂)ယောက်စလုံးကို နောက်ခံကစားသမား ကိုလာရော့ဗ်လိုမျိုးသာ ဖြစ်စေချင်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ပယ်လော့တာ က ကိုလာရော့ဗ်ဟာ အရက်သေစာသောက်စားမှု မရှိသလို ဆိုရှယ်မီဒီယာတွေပေါ်မှာလည်း ကြွားဝါခြင်းမရှိပဲ ဘောလုံးကိုသာ အာရုံစိုက်သူတစ်ယောက်ဖြစ်တယ်လို့ချီးကျူးလိုက်တာပါ။ အသက် (၃၃)နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဘယ်နောက်ခံကစားသမားဟာ ဒီရာသီ ရိုးမားအသင်းအတွက် အဓိက ကစားသမားအဖြစ် ရပ်တည်နေပြီး အကောင်းဆုံးပုံစံမှာရှိနေပါတယ်။

AFP

ဆန်းချက်ဇ် ။    ။ အာဆင်နယ်အသင်းကစားသမားဟောင်း အိုဗားမားစ် က မန်ယူအသင်းမှာ ရုန်းကန်နေရတဲ့ တိုက်စစ်မှူး ဆန်းချက်ဇ်အနေနဲ့ အာဆင်နယ်အသင်းဆီ ပြန်လည်ပြောင်းရွှေ့လာသင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။ အသက် (၃၀)နှစ်အရွယ် တိုက်စစ်မှူးဟာ အာဆင်နယ်အတွက် ကစားပေးစဉ်မှာ အကောင်းဆုံးခြေစွမ်းပိုင်ဆိုင်ခဲ့ပေမယ့်လည်း မန်ယူအသင်းမှာတော့ ပုံမှန်ခြေစွမ်းရဖို့ရုန်းကန်နေခဲ့ရပါတယ်။ အိုဗားမားစ်က အာဆင်နယ်အသင်းရဲ့ လက်ရှိအနေအထားအရဆိုရင် ဆန်းချက်ဇ် ပြန်ရောက်လာတာက အကောင်းဆုံးဖြစ်သွားလိမ့်မယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

Linn

Source : TheSun , Goal , Mirror

SHARE