၁၅-၃-၂၀၁၉ အတွက် ညနေခင်းဦးဦးဖျားဖျား အားကစားသတင်းများ

ရော်နယ်ဒို ။     ။ ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒိုဟာ အက်သလက်ကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အောင်ပွဲခံခဲ့တဲ့ပုံစံကြောင့် လာမယ့်ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာ ပွဲပယ်ခံရဖို့ရှိနေပါတယ်။ အက်သလက်တီကိုနည်းပြ ဆီမြွန်နီ တစ်ယောက် အဲဒီလိုပုံစံနဲ့ ပထမအကျော့မှာ အောင်ပွဲခံခဲ့စဉ်က ဒဏ်ငွေအရိုက်ခံခဲ့ရပြီး လက်ရှိအချိန်မှာ ရော်နယ်ဒိုလည်း UEFA ရဲ့ စစ်ဆေးမှုတွေကို ခံယူနေရတာပါ။ UEFA အနေနဲ့ ဒါဟာ ပရိသတ်တွေကို ရည်ရွယ်ချက်ရှိရှိစော်ကားခဲ့တယ်လို့ ယူဆရင်တော့ ရော်နယ်ဒိုကို လာမယ့် ကွာတားဖိုင်နယ်ပွဲမှာ ပွဲပယ်ပြစ်ဒဏ်ချမှတ်သွားမှာဖြစ်ပါတယ်။

လူကာကူ ။      ။ မန်ယူအသင်းရဲ့တိုက်စစ်မှူး လူကာကူ ဟာ ခြေထောက်ဒဏ်ရာကြောင့် ၀ုဗ်အသင်းနဲ့ ကစားရမယ့် FA ဖလား ကွာတားဖိုင်နယ်ပွဲစဉ်ကို လွဲချော်မှာဖြစ်တယ်လို့ မန်ယူအသင်းက သတင်းထုတ်ပြန်လိုက်ပါတယ်။ လူကာကူဟာ ဒီဒဏ်ရာကြောင့် ဘယ်လ်ဂျီယံလက်ရွေးစင် အသင်းရဲ့ ပွဲစဉ်တွေကိုလည်း လွဲချော်ရတော့မှာဖြစ်ပြီး ဧပြီလ(၉၊၁၀)ရက်မှာ ကစားရမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပွဲစဉ်မတိုင်မီ ပြန်လည်ကောင်းမွန်လာဖို့ ဆေးအဖွဲ့က မျှော်လင့်နေပါတယ်။

Goal

ရီးယဲလ် ။        ။ ရီးယဲလ်အသင်းဟာ မန်ယူရဲ့ ပစ်မှတ်ခံစစ်ကစားသမားဖြစ်တဲ့ ပေါ်တိုနောက်ခံလူ မီလီတာအို ကိုခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ သူတို့ရဲ့ တရားဝင်ဝက်ဆိုက်ကတစ်ဆင့် ထုတ်ပြန်ကြေညာလိုက်ပါတယ်။ မီလီတာအိုဟာဇီဒန်းရဲ့လက်ထက်မှာ ပထမဆုံးခေါ်ယူမှု ဖြစ်လာခဲ့ပြီး (၆)နှစ်စာချုပ်နဲ့ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တာပါ။ ရီးယဲလ်က မီလီတာအိုအတွက် စာချုပ်လျော်ကြေးအဖြစ် ယူရိုသန်း(၅၀)သာ ပေးချေခဲ့ရပြီး အသက် (၂၁)နှစ်အရွယ် နောက်ခံလူဟာ လာမယ့်နွေရာသီကာလမှာ ရီးယဲလ်ဆီ ရောက်ရှိလာတော့မှာဖြစ်ပါတယ်။

READ
(၆-၅-၁၈)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
Realmadrid FC

ပေါ့ဂ်ဘာ။ ။ မန်ယူအသင်းနောက်ခံလူ ဖီးလ်ဂျူံးစ်က ပေါ့ဂ်ဘာဟာ ဝေဖန်မှုတွေ ခံရတိုင်း ကွင်းထဲမှာခြေစွမ်းပြနိုင်ဖို့ ကြိုးစားလေ့ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။ ဖီးလ်ဂျူံးက ပေါ့ဂ်ဘာဟာ ကွင်းပြင်ပ ကိစ္စရပ်တွေကြောင့် ဝေဖန်မှုတွေအများကြီး ရင်ဆိုင်ခဲ့ရပြီး အဲဒီလို ဝေဖန်ခံနေရတိုင်းမှာ ခြေစွမ်းပိုပြနိုင်ဖို့ ကြိုးစားလေ့ရှိကြောင်း ထုတ်ပြောလိုက်တာပါ။ နည်းပြမော်ရင်ဟိုရဲ့ လက်အောက်မှာ ခြေစွမ်းပိုင်းပျောက်ဆုံးနေခဲ့ပြီး ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေခဲ့ရတဲ့ ပေါ့ဂ်ဘာဟာ အဲဒီလိုနည်းလမ်းနဲ့ပဲ သူ့ရဲ့ပုံမှန်ခြေစွမ်းကို ပြန်လည်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တယ်လို့ ဖီးလ်ဂျုံးစ်က ပြောဆိုသွားခဲ့ပါတယ်။

AFP

အိုဝင် ။ ။ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာတော့ လီဗာပူးလ်အသင်းက ဖူလ်ဟမ်အသင်းကို ဂိုးပြတ်အနိုင်ယူပြီး အမှတ်ပေးဇယားထိပ်ဆုံးကို ပြန်ရောက်သွားလိမ့်မယ်လို့ မိုက်ကယ်အိုဝင်က ခန့်မှန်းလိုက်ပါတယ်။ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ မန်စီးတီးအသင်းဟာ ဒီတစ်ပတ်မှာ FA ဖလားပွဲတွေ ရှိနေတာကြောင့် ပရီးမီးယားလိဂ်ပွဲ ကစားရမှာမဟုတ်ပဲ လီဗာပူးလ်သာ အနိုင်ရခဲ့ရင် အမှတ်ပေးဇယားကို ခေတ္တဦးဆောင်ခွင့်ရရှိမှာဖြစ်ပါတယ်။ အိုဝင်က အဲဗာတန်နဲ့ချယ်လ်ဆီးတို့ပွဲမှာတော့ ချယ်လ်ဆီးအသင်းက (၀-၁)ဂိုးနဲ့နိုင်သွားလိမ့်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။

READ
Van Gaal ဘက်က ကာကွယ်ပြောဆိုပေးခဲ့တဲ့ Schweinsteiger
SkySports

မန်စီးတီး ။       ။ မန်စီးတီးအသင်းဟာ လူငယ်ကစားသမားခေါ်ယူမှုတွေမှာ FIFA ရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တာကြောင့် စစ်ဆေးခံနေရပြီး အပြောင်းအရွှေ့တစ်ရာသီ ပိတ်ပင်ခံရဖို့ရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ မန်စီးတီးဟာ ချယ်လ်ဆီးအသင်းနဲ့ အလားတူ အဖြစ်မျိုးကို ရင်ဆိုင်နေရတာဖြစ်ပြီး FIFA ရဲ့ အရေးယူမှုကို လက်ခံရဖွယ်ရှိနေတယ်လို့ BBC က ဖော်ပြပါတယ်။ ဒါ့အပြင် မန်စီးတီးဟာ အသင်းရဲ့ ဘဏ္ဍာရေးညီမျှမှု စည်းမျဉ်းတွေ ချိုးဖောက်၊မဖောက်ကိုပါ စစ်ဆေးခံနေရပြီး အဲဒီအတွက် ပြစ်ဒဏ်ကတော့ ဒီရာသီ ချန်ပီယံလိဂ်ကနေ ထုတ်ပယ်ခံရခြင်းဖြစ်လိမ့်မယ်လို့ သတင်းတွေက ရေးသားခဲ့ကြပါတယ်။

Linn

Source : BBC , TheSun , Goal

SHARE