(၁၅-၄-၂၀၁၉) အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

လီဗာပူး – လီဗာပူးကစားသမားတွေအနေနဲ့ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့အတွက် လက်ကျန်ပွဲစဉ် လေးပွဲကို အနိုင်ရရှိဖို့ လိုအပ်ကြောင်း နည်းပြကလော့ပ်က တိုက်တွန်းခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဇယားထိပ်မှာ တစ်ပွဲလျှော့မန်စီးတီးထက် (၂)မှတ်အသာနဲ့ ဦးဆောင်နေသော်လည်း၊ ချန်ပီယံဖြစ်ဖို့ မန်စီးတီးရဲ့အမှားကလည်း အရေးပါသလို၊ မိမိတို့ကိုယ်တိုင်ကလည်း နိုင်ပွဲတွေ ရထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ဒမ်ဘီလီ – မန်ယူအသင်းဟာ လိုင်ယွန်တိုက်စစ်မှူး မိုဆာဒမ်ဘီလီကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ဒါပေမယ့် ဒီအကြောင်းကို မန်ယူ-လိုင်ယွန်ဘက်က အတည်ပြုထုတ်ပြန်တာမျိုးတော့ မရှိသေးပါဘူး။ ဒမ်ဘီလီဟာ ယခုနှစ် လိုင်ယွန်အတွက် (၂၃)ပွဲကစားပြီး (၁၁)ဂိုး သွင်းယူထားကြောင်း သိရပါတယ်။

AP

အမ်မရီ – ယခုနှစ်မှာ အာဆင်နယ်အသင်း အဝေးကွင်းပွဲစဉ်တွေမှာ ရုန်းကန်နေရခြင်းအပေါ်၊ အာဆင်နယ် အသင်းသားတွေအဖို့ မည့်သည့်စိတ်ပိုင်းဆိုင်ရာ ပြဿနာမှ မရှိကြောင်း၊ ယခုလို အဝေးကွင်းရလဒ် ရုန်းကန်နေရခြင်းအပေါ် ကြိုးစားပြင်ဆင်နေကြောင်း ဆိုပါတယ်။

READ
၂၈-၃-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

အက်ရှ်လေကိုး – ချယ်လ်ဆီးနောက်ခံလူဟောင်း အက်ရှ်လေကိုးက ချယ်လ်ဆီးအနေနဲ့ ယခင်က ပရီးမီယားလိဂ်ဖလား တိုက်ပွဲအတွက် အပြင်းအထန် ကြိုးစားခဲ့သော်လည်း အခုတော့ ပြိုင်ဆိုင်လိုစိတ် ကင်းမဲ့နေကြကြောင်း ဝေဖန်ခဲ့ပါတယ်။

ကလော့ပ် – လီဗာပူးအသင်းနည်းပြ ကလော့ပ်က ချယ်လ်ဆီးအသင်းကို ပြတ်ပြတ်သားသား အနိုင်ယူခဲ့တဲ့ အသင်းသားတွေကို ချီးကျူးမှုတွေပြုလုပ်ခဲ့ပြီး၊ အခုလို ခြေစွမ်းနဲ့ဆိုရင် လီဗာပူးဟာ ချန်ပီယံလိဂ်မှာသာမက၊ ပရီးမီယားလိဂ်မှာလည်း အောင်ပွဲခံနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

AFP

ဂရေမီဆောင်းနက်စ် – ဟာဇက်အနေနဲ့ ဒီထက်ပိုတဲ့ အောင်မြင်မှုရရှိလိုပါက ချယ်လ်ဆီးအသင်းကို စွန့်ခွာပြီး၊ ရီးယဲလ်ကို ပြောင်းရွှေ့သင့်ကြောင်း ဘောလုံးဂန္ထဝင်ကြီးဖြစ်တဲ့ ကရေမီဆောင်းနက်စ်က တိုက်တွန်းလိုက်ပါတယ်။ ဟာဇက်ဟာ ချယ်လ်ဆီးအသင်းမှာ (၇)နှစ်ကြာ ကစားထားသူဖြစ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံ (၂)ကြိမ်၊ အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ်ဖလားတွေ ရယူနိုင်ခဲ့သူပါ။

READ
၁၆-၁၂-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

အဲလစ်ဆင် – လီဗာပူး-ချယ်လ်ဆီးပွဲမှာ လီဗားပူးရဲ့ ပရီးမီးယားလိဂ် အိပ်မက်ကို ဆက်ပြီး အသက်သွင်းခဲ့သူကတော့ အသင်းဂိုးသမား အဲလစ်ဆင်ဖြစ်ကြောင်း နည်းပြ ကလော့ပ်က ချီးကျူးခဲ့ပါတယ်။ အဆိုပါပွဲမှာ အဲလစ်ဆင်ဟာ ချယ်လ်ဆီးရဲ့ အပိုင်ဂိုးသွင်းခွင့် (၃)ကြိမ်ကို ကာကွယ်နိုင်ခဲ့ခြင်းကလည်း လီဗာပူးတို့ ကံကောင်းစေခဲ့တာပါ။

မန်စီးတီး – မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ချန်ပီယံအဆုံးအဖြတ်အတွက် မိမိတို့အသင်းအနေနဲ့ လက်ကျန်ပွဲစဉ်တွေကို အနိုင်ရအောင် ကစားရုံနဲ့ လုံလောက်ပြီလို့ ပြောခဲ့ပါတယ်။ ဒါကြောင့် မန်စီးတီးအသင်းသားတွေနဲ့ လက်ကျန်ပွဲစဉ်မှန်သမျှကို အပြည့်အဝ အာရုံစိုက်ပြီး ကစားကြဖို့ တိုက်တွန်းခဲ့ပါတယ်။

PA

လင်းသုတ (SportAhtar)
Souce : thesun.co.uk/ metro.co.uk/ mirror.co.uk/ skysports.com

SHARE