၁၅-၅-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

မော်ရင်ဟို ။     ။ မန်ယူအသင်းနည်းပြဟောင်း မော်ရင်ဟို က လက်ရှိအချိန်မှာ မန်ယူနည်းပြ ဆိုးလ်ရှားတစ်ယောက် ရုန်းကန်နေရခြင်းဟာ အချိန်က စကားပြောနေတာပဲဖြစ်တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ မန်ယူအသင်းရဲ့ ယာယီနည်းပြအဖြစ် တာဝန်ယူခဲ့စဉ်က ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့တဲ့ ဆိုးလ်ရှားဟာ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်လိုက်ပြီးတဲ့နောက်မှာတော့ ရလဒ်တွေဆက်တိုက်ဆိုးခဲ့ပြီး တန်းဆင်းသွားခဲ့ရတဲ့အသင်းတွေကိုတောင် အရှုံးပေးခဲ့ရတာပါ။ မော်ရင်ဟို က ဆိုးလ်ရှားရဲ့လက်ရှိအနေအထားကိုကြည့်ရင် သူ့တုန်းက ဘယ်လောက်တောင် ကောင်းကောင်းလုပ်နိုင်ခဲ့တယ်ဆိုတာ သိသာစေကြောင်း ထပ်လောင်းပြီး မှတ်ချက်ပေးသွားခဲ့ပါတယ်။

ဒေးဗစ်လူးဝစ္စ ။  ။ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်းတိုးလိုက်ပြီဖြစ်တဲ့ နောက်ခံလူ ဒေးဗစ်လူးဝစ္စက  အသင်းပိုင်ရှင် အေဗရာမိုဗစ် ဟာ ချယ်လ်ဆီးရဲ့အောင်မြင်မှုတွေကို လိုချင်နေဆဲဖြစ်ကြောင်းနဲ့ အောင်မြင်မှုတွေပြန်ရဖို့ ဘာမဆို လုပ်ပေးသွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ လူးဝစ္စဟာ ချယ်လ်ဆီးအသင်းပိုင်ရှင်ဖြစ်တဲ့ မိုဗစ်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိသူဖြစ်ပြီး အသင်းပိုင်ရှင်အနေနဲ့ ချယ်လ်ဆီးအသင်းကို ဂရုမစိုက်တော့ဘူးဆိုတဲ့စကားတွေကို ချေဖျက်သွားခဲ့တာပါ။ အသက် (၅၂)နှစ်အရွယ် ရုရှားဘီလီယံနာကြီးဟာ လက်ရှိအချိန်မှာတော့ ဗြိတိန်ကိုဗီဇာဝင်ခွင့် ပိတ်ပင်ခံထားရပြီး ချယ်လ်ဆီးအသင်းကို ရောင်းချတော့မယ်ဆိုတဲ့သတင်းတွေ ထွက်နေခဲ့တာပါ။

AP

စကိုမီနာ ။       ။ ဇွန်လ (၂)ရက်မှာ ကစားမယ့် လီဗာပူးလ်နဲ့စပါးတို့ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဆလိုဗေးနီးယားကွင်းလယ်ဒိုင် စကိုမီနာ က တာဝန်ယူကိုင်တွယ်ဖို့ UEFA က သတ်မှတ်လိုက်ပြီဖြစ်ပြီး လီဗာပူးလ်ပရိသတ်တွေကတော့ ဒီကွင်းလယ်ဒိုင်ဟာ ကံဆိုးမှုတွေပဲ သယ်လာတဲ့ဒိုင်ဖြစ်တယ်လို့  ယူဆနေကြပါတယ်။ စကိုမီနာဟာ ၂၀၀၉ ခုနှစ်က လီဗာပူးပွဲကို ပထမဆုံး တာဝန်ယူခဲ့ပါတယ်။ အဲ့ဒီအချိန်က လီဗာပူးဟာ အိမ်ကွင်းမှာ ဖီအိုရင်တီးနားကို ၂ ဂိုး ၁ ဂိုးနဲ့ အရှုံးပေးခဲ့ရပါတယ်။ စကိုမီနာဟာ ၂၀၁၅ ခုနှစ်မှာ ဘီဆစ်တပ်စ်နဲ့ လီဗာပူးပွဲကို တာဝန်ယူခဲ့ပြီး လီဗာပူးက ၁ ဂိုး ဂိုးမရှိ အရှုံးပေးခံ့ရပါတယ်။ စကိုမီနာဟာ ၂၀၁၆ ခုနှစ်မှာ ဗီလာရီးရဲလ်နဲ့ လီဗာပူးပွဲကို ထပ်မံကိုင်တွယ်ခဲ့ပြီး လီဗာပူးဟာ ၁ ဂိုး ဂိုးမရှိ ရှုံးခဲ့ပြန်ပါတယ်။ စကိုမီနာဟာ ၂၀၁၈ ခုနှစ်က ရိုးမားနဲ့ လီဗာပူးပွဲကို ကိုင်တွယ်ခဲ့ရာမှာ ရိုးမားက ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

READ
၁၅-၁-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ
AP

ဖရက်ဒ် ။      ။ မန်ယူအသင်းကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ပေါလ်ပါကား က ဒီရာသီမှာ မန်ယူအသင်းရဲ့အဆိုးရွားဆုံးခေါ်ယူမှုဟာ ကွင်းလယ်လူ ဖရက်ဒ်ကို ခေါ်ယူခဲ့ခြင်းပဲဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီမှာဖရက်ဒ်ကို ယူကရိန်းကလပ် ရှက်တာဒိုးနက်ကနေ ပြောင်းရွှေ့ကြေး ပေါင် ၅၂ သန်းပေးကာ ခေါ်ယူခဲ့ပါတယ်။ ဖရက်ဒ်ဟာ ရှက်တာဒိုးနက်အသင်းမှာ ပါဝင်ကစားခဲ့စဉ် အကောင်းဆုံး ခြေစွမ်းပြခဲ့ပါတယ်။ သူဟာ ရှက်တာဒိုးနက်အသင်းမှာ ၅ ရာသီကြာ ကစားခဲ့ပြီး ၁၅၅ ပွဲမှာ ၁၄ ဂိုးသွင်းခဲ့ပါတယ်။ ဖရက်ဒ်ဟာ မန်ယူအသင်းအတွက် ပရီးမီးယားလိဂ် ၁၇ ပွဲသာ ကစားခဲ့ရပြီး ၁ ဂိုးသာ သွင်းနိုင်ခဲ့ပါတယ်။

အီဗရာ ။       ။ မန်ယူအသင်းခေါင်းဆောင်ဟောင်း ပက်ထရစ်အီဗရာက လက်ရှိကွင်းလယ်လူ ပေါ့ဘာအပေါ် ဝေဖန်မှုတွေဟာ တရားမျှတမှုမရှိဘူးလို့ ပြောကြားလိုက်ပါတယ်။ တွဲဖက်တိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့ လင်ဂတ်၊ ရပ်ရှ်ဖို့ဒ်၊ လူကာကူတို့ရဲ့စွမ်းဆောင်ရည်ဟာ ပေါ့ဘာထက်ကို ညံ့ဖျင်းနေတယ်လို့ သူကထောက်ပြသွားခဲ့ပြီး အသင်းဖော်တွေညံ့နေလို့ ပေါ့ဘာ တိုင်ပတ်နေတာလို့လည်းဆိုပါတယ်။ ပေါ့ဘာဟာ ဆိုးလ်ရှားရဲ့ မန်ယူနည်းပြဘဝမှာ အတော်လေးခြေစွမ်းပြနိုင်ခဲ့ပေမယ့် ရာသီကုန်ခါနီးမှာ ခြေစွမ်းပိုင်းညံ့ဖျင်းခဲ့ပြီး အသင်းကလည်း ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

READ
(၂၈-၃-၁၈) အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
AFP

Linn

Source : TheSun , Dailymail , Mirror

SHARE