၁၅-၆-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ကော်တင်ဟို ။   ။ ဘရာဇီးအသင်းနည်းပြ တီတေး က အသင်းရဲ့တောင်ပံကစားသမား ကော်တင်ဟို ဟာ ဘရာဇီးအသင်းတိုက်စစ်ကို အဓိက  ဦးဆောင်မယ့် ကစားသမား ဖြစ်လာလိမ့်မယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ ဒီနေ့မနက် ကစားခဲ့တဲ့ ဘရာဇီးနဲ့ဘိုလီးဗီးယားအသင်းတို့ရဲ့ပွဲစဉ်မှာ ဘရာဇီးအသင်းက (၃-၀)နဲ့နိုင်ခဲ့ပြီး ကော်တင်ဟို က အသင်းအတွက် သွင်းဂိုး(၂)ဂိုး သွင်းယူပေးခဲ့တာပါ။ တီတေးက ကော်တင်ဟို ဟာ နေမာမပါနိုင်တဲ့တိုက်စစ်ပိုင်းအတွက် အကောင်းဆုံးဦးဆောင်မယ့်သူ ဖြစ်လာလိမ့်မယ်လို့ ပွဲအပြီးမှာ မှတ်ချက်ပေးသွားခဲ့ပါတယ်။

ဘစ်ဆာကာ ။   ။ ပဲလေ့စ်အသင်းရဲ့နောက်ခံလူ ဘစ်ဆာကာ ဟာ မန်ယူအသင်းခေါ်ယူမယ့် ဒုတိယမြောက်ကစားသမား ဖြစ်လာဖို့ အနီးစပ်ဆုံးအခြေအနေတွေ ပိုင်ဆိုင်ထားတယ်လို့ The Guardian က ဖော်ပြပါတယ်။ အသက် (၂၁)နှစ်အရွယ် နောက်ခံလူအတွက် မန်ယူအသင်းက ပေါင်သန်း(၆၀)အထိ တိုးမြှင့်ကမ်းလှမ်းထားခဲ့ပြီး ပဲလေ့စ်အသင်းဖက်ကလည်း ဆွေးနွေးမှုကို လက်ခံလိုက်ပြီလို့ သတင်းတွေက ဖော်ပြနေကြတာပါ။

READ
၂-၇-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

အီကာဒီ ။        ။ အင်တာအသင်းနဲ့ တိုက်စစ်မှူး အီကာဒီ တို့ရဲ့ဆက်ဆံရေးဟာ အဆိုးဆုံးအခြေအနေကို ရောက်ရှိသွားခဲ့ပြီး အီကာဒီက သူ့အပေါ်ခွဲခြားဆက်ဆံတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့အတူ အင်တာမီလန်အသင်းကို တရားစွဲဖို့ ပြင်ဆင်နေပါတယ်။ အင်တာမီလန်အသင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက သူတို့ရဲ့လူစာရင်းကနေ အီကာဒီကို ထုတ်ပယ်ထားခဲ့တာဖြစ်ပြီး စာချုပ်ချုပ်ဆိုထားတဲ့ ၀န်ထမ်းတစ်ယောက်ကို တခြားအလုပ်သမားတွေနဲ့ခွဲခြားဆက်ဆံတယ်ဆိုတဲ့ စွဲချက်နဲ့ တရားစွဲဖို့ အီကာဒီက ရှေ့နေတွေနဲ့တိုင်ပင်နေတာပါ။ အင်တာမီလန်ဟာ အီကာဒီကိုရောင်းချဖို့ ပြင်ဆင်နေပေမယ့်လည်း ဒီကစားသမားကိုခေါ်ယူချင်တဲ့အသင်းက ရှားပါးနေခဲ့ပြီး ကစားသမားအလဲအထပ်ပြုလုပ်ဖို့အတွက်လည်း ခက်ခဲတဲ့အခြေအနေတွေနဲ့ရင်ဆိုင်နေရတာပါ။

(AP Photo/Antonio Calanni)

အဲဒီးဒတ်စ် ။     ။ အားကစားအ၀တ်အထည်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Adidas ကုမ္ပဏီဟာ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ကူညီပေးဖို့ ပြင်ဆင်နေပါတယ်။ အဲဒီးဒတ်စ်ရဲ့ တာဝန်ရှိသူတွေဟာ ဂျိမ်းစ်ရိုဒရီဂွက်ဇ်သာ နာပိုလီအသင်းကိုပြောင်းရွှေ့ခဲ့မယ်ဆိုရင် ကစားသမားရဲ့ကျသင့်တဲ့လစာငွေကို အသင်းကိုယ်စား စိုက်ထုတ်ပေးချေပေးသွားဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး နာပိုလီအသင်းအနေနဲ့တော့ ဒီကစားသမားရဲ့ပြောင်းရွှေ့ကြေးကိုသာ ပေးချေဖို့လိုမှာဖြစ်တယ်လို့ Goal က ဖော်ပြပါတယ်။

READ
(၈-၆-၁၈)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
(AP Photo/Fernando Vergara)

ကေလာနာဗက်စ် ။       ။ ရီးယဲလ်အသင်းဟာ ဂိုးသမား ကေလာနာဗက်စ်အတွက် ကမ်းလှမ်းမှုအချို့ကို လက်ခံရရှိထားပြီဖြစ်ကြောင်း AS သတင်းစာက ဖော်ပြသွားခဲ့ပါတယ်။ ရီးယဲလ်အသင်းရဲ့ဂိုးသမားနေရာအတွက် ကော့တွိုက်စ်နဲ့ ပြိုင်ဆိုင်နေရတဲ့ နာဗက်စ်ဟာ အသင်းကနေ ထွက်ခွာသွားဖို့ ဆန္ဒရှိနေပြီး ပေါ်တူဂီကလပ်တွေဖြစ်ကြတဲ့ ပေါ်တိုနဲ့ ဘင်ဖီကာ တို့က ဒီဂိုးသမားကို ခေါ်ယူဖို့ ကြိုးစားနေသူတွေထဲမှာ ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။

(AP Photo/Bernat Armangue)

အိုဇေးလ် ။       ။ အာဆင်နယ်အသင်းဟာ ကွင်းလယ်ကစားသမား အိုဇေးလ်ကို ပေါင်(၄၅)သန်းနဲ့ရောင်းချသွားဖို့ အဆင်သင့်ဖြစ်နေပြီလို့ TheSun က ဖော်ပြပါတယ်။ အာဆင်နယ်အသင်းနည်းပြ အမ်မရီဟာ အိုဇေးလ်အတွက် ပေးချေနေရတဲ့ တစ်နှစ်လုပ်ခလစာ ပေါင်(၁၈)သန်းကို ပေးချေဖို့ ဆန္ဒမရှိတော့ပဲ ဒီအပြောင်းအရွှေ့မှာ ရောင်းချသွားဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

Linn

Source : Goal , TheSun , Mirror

SHARE