၁၅-၈-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter "TalkSports"

ဆန်းချက်ဇ် ။    ။ မန်ယူအသင်းတိုက်စစ်မှူး ဆန်းချက်ဇ်ကတော့ ရိုးမားအသင်းကို အငှားနဲ့သွားရောက်ကစားဖို့ ဆန္ဒမရှိသလို မန်ယူကနေ ထွက်ခွာဖို့လည်းအစီအစဉ်မရှိဘူးလို့ ဖွင့်ဟလိုက်ပါပြီ။ တစ်ပတ်လုပ်ခလစာ ပေါင်(၅၀၀၀၀၀)ပေးနေရတဲ့ တိုက်စစ်မှူးဟာ မန်ယူအသင်းမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပြီး မန်ယူအတွက် (၃၂)ပွဲ ကစားပြီးချိန်မှာ သွင်းဂိုး (၃)ဂိုးသာ သွင်းယူနိုင်ခဲ့သေးတာပါ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားကတော့ ဒီရာသီအတွက် မန်ယူတိုက်စစ်မှာ ရက်ရှ်ဖို့ဒ် ၊ မာရှယ်နဲ့ ဂရင်းဝုဒ်တို့ကိုသာ အသုံးပြုသွားမယ့် ပုံစံရှိပြီး ချီလီသားကြီးကတော့ အရန်ခုံမှာသာ အချိန်ဖြုန်းနေရဦးမယ့် ပုံစံပါပဲ။

အာဆင်နယ် ။   ။ လူဆိုးဂိုဏ်းတွေရဲ့ အသက်အန္တရာယ်ခြိမ်းခြောက်မှုကြောင့် အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ကို လွဲချော်ခဲ့ကြတဲ့ အိုဇေးလ်နဲ့ ကိုလာဆီနက် တို့ဟာ အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ပြန်လည်ပါဝင်နေကြပြီဖြစ်ပါတယ်။ အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ်တစ်ယောက် အသင်းရဲ့လေ့ကျင့်ရေးကွင်းကို ကိုယ်ပိုင်သက်တော်စောင့်နဲ့အတူ ရောက်ရှိလာခဲ့တဲ့ပုံတွေကို သတင်းတွေက ဖော်ပြနေကြပြီး အိုဇေးလ်ဟာ သူ့ရဲ့သက်တော်စောင့်ကိုသာ ကားမောင်းခိုင်းတော့တယ်လို့ မီဒီယာတွေက ရေးသားနေကြတာပါ။

 

မန်ယူ ။ ။ မန်ယူအသင်းပရိသတ်တွေကတော့ အသင်းရဲ့နောက်ခံလူသစ် မက်ဂွိုင်းယားကို ဖေးဂျုံးစ်နဲ့ အက်ရှ်လေယန်းတို့အနားကနေ တတ်နိုင်သမျှ ဝေးဝေးနေဖို့ တိုက်တွန်းလိုက်ပါတယ်။ မက်ဂွိုင်းယားတစ်ယောက် မန်ယူအသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ အင်္ဂလန်အသင်းဖော်တွေဖြစ်တဲ့ ဖေးဂျုံးစ်၊ အက်ရှ်လေယန်းတို့နဲ့ ရယ်မောပျော်ရွှင်နေတာကို မန်ယူပရိသတ်တွေက မြင်တွေ့ခဲ့ပြီးတဲ့နောက် သူတို့ဆီက အညံ့တွေကူးမှာစိုးတဲ့အတွက် ဝေးဝေးမှာနေဖို့ ဟာသလုပ် တိုက်တွန်းနေကြတာပါ။

READ
၃-၈-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

 

ဒေါ့တ်မွန် ။      ။ ဒေါ့တ်မွန်ယူ(၁၉)အသင်းနဲ့ ၀ပ်ပါတဲလ် အသင်းတို့ ကစားခဲ့တဲ့ ဂျာမန်ယူ(၁၉)လိဂ် ပြိုင်ပွဲမှာ ဒေါ့တ်မွန်အသင်းအတွက် တစ်ဦးတည်း (၆)ဂိုး သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူးလေး မိုကိုကို က ပရိသတ်တွေအာရုံစိုက်မှုကို အပြည့်အ၀ရယူသွားခဲ့ပါတယ်။ အသက် (၁၄)နှစ်အရွယ် တိုက်စစ်မှူးလေးဟာ ယူ(၁၉)ပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်းကစားခြင်းခံခဲ့ရပြီး သူ့ရဲ့ပထမဆုံးပွဲစဉ်မှာပဲ အသင်းအတွက် သွင်းဂိုး(၆)ဂိုးသွင်းနိုင်ခဲ့တာပါ။ ဂျာမန်သတင်းစာတွေပေါ်မှာတော့ မိုကိုကို ဟာ သူ့ထက် (၅)နှစ်လောက်ကြီးတဲ့ ပြိုင်ဖက်တွေကို မကြောက်မရွံ့ရင်ဆိုင်သွားခဲ့တယ်လို့ ဖော်ပြနေကြပြီး ဒေါ့တ်မွန်အတွက် ကြယ်ပွင့်လေးတစ်ပွင့် ထွက်ပေါ်လာပြန်ပြီလို့ မှတ်ချက်ပေးနေကြပါတယ်။

READ
မန်စီးတီးကိုဂိုးသွင်းပြီးနောက် ရူးနီအတွက် ရယ်စရာ ဖြစ်သွားခဲ့တဲ့ အဖြစ်အပျက်တစ်ခု

 

ကက်တာမိုး ။    ။ ဆန်းဒါးလန်းအသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ လူသိများခဲ့တဲ့ ကွင်းလယ်လူ ကက်တာမိုး ကတော့ နယ်သာလန်ကလပ် ဗန်လို အသင်းဆီ ပြောင်းရွှေ့သွားခဲ့ပါပြီ။ အသက် (၃၁)နှစ်အရွယ် ကွင်းလယ်ခံစစ် ကစားသမားဟာ ဆန်းဒါးလန်းအသင်းအတွက် ပွဲပေါင်း (၂၃၃)ပွဲအထိ ကစားပေးခဲ့ပြီးတဲ့နောက် အသင်းနဲ့ စာချုပ်ကုန်ဆုံးသွားခဲ့ပြီး နယ်သာလန်အသင်းဆီ ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။

Linn

Source : TheSun , Goal , Mirror

SHARE