၁၆-၂-၂၀၂၀ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Twitter / TheSun

ဂွာဒီယိုလာ ။    ။ အင်္ဂလန်အသင်းနည်းပြဟောင်း ဆမ်အလာဒွိုက်စ်က မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာ ဟာ ဂျူဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့သွားလိမ့်မယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ မန်စီးတီးအသင်းအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် ပိတ်ပင်ခြင်းခံလိုက်ရတာကြောင့် ဂွာဒီယိုလာ ဟာ မန်စီးတီးကနေ ထွက်ခွာသွားလိမ့်မယ်လို့ ဆမ်အလာဒွိုက်စ်က မှတ်ချက်ပေးလိုက်ပြီး ဂျူဗင်တပ်စ်အသင်းဆီကို ပြောင်းဖို့ စဉ်းစားနေလောက်ပြီ ဆိုတဲ့အကြောင်းကိုလည်း ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။

 

အာနိုးလ် ။       ။ ဘရာဇီးအသင်းနောက်ခံကစားသမားဟောင်း ကာဖူး က လီဗာပူးလ်ရဲ့လူငယ်နောက်ခံလူ အာနိုးလ်ဟာ ဒီခြေစွမ်းအတိုင်းဆိုရင် ဘလွန်းဒီအောဆုကိုတောင် ရရှိသွားနိုင်တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ အသက် (၂၁)နှစ်အရွယ် နောက်ခံကစားသမားလေးဟာ လီဗာပူးလ်အသင်းမှာ အရွယ်နဲ့မလိုက်အောင် ခြေစွမ်းပြနေခဲ့ပြီး အာနိုးလ်အနေနဲ့ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတွေထဲက တစ်ယောက်ဖြစ်နေပြီဆိုတာ သံသယရှိစရာမလိုတော့ကြောင်း ကာဖူးက ပြောဆိုသွားခဲ့ပါတယ်။

အန်ဒီကိုးလ် ။   ။ မန်ယူအသင်းတိုက်စစ်မှူးဟောင်း အန်ဒီကိုးလ်ကတော့ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ ပေါ့ဂ်ဘာနဲ့ တွဲဖက်ကစားနိုင်မယ့် ကစားသမားမျိုးဖြစ်ပြီး သူတို့နှစ်ယောက်သာ အတွဲညီခဲ့မယ်ဆိုရင် မန်ယူအသင်းရဲ့ကွင်းလယ်က အများကြီးပို အလုပ်ဖြစ်လာလိမ့်မယ်လို့ သုံးသပ်လိုက်ပါတယ်။ လက်ရှိအချိန်မှာ မန်ယူအသင်းအတွက် ကစားပေးနိုင်ခြင်းမရှိသေးတဲ့ ပေါ့ဂ်ဘာကြောင့် ဖာနန်ဒက်စ်တစ်ယောက် တစ်ကိုယ်တည်း ရုန်းကန်ရဖွယ်ရှိနေပေမယ့် ပေါ့ဂ်ဘာသာ ကစားနိုင်ခဲ့ရင် မန်ယူအသင်းရဲ့ ကစားပုံက ပြောင်းလဲသွားမှာဖြစ်ကြောင်း အန်ဒီကိုးလ်က ဖွင့်ဟလိုက်တာပါ။

ဆိုးလ်ရှား ။      ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားကတော့  ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ ကစားသမား(၄)ဦးအထိ ခေါ်ယူချင်ခဲ့ကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်တွေ့မှာတော့ ဆိုးလ်ရှားဟာ ကစားသမားနှစ်ဦးသာ ခေါ်ယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက် ရုန်းကန်ရဖို့ရှိနေတယ်လို့ သတင်းတွေက သုံးသပ်နေကြပါတယ်။

READ
(၁၃-၆-၁၈)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဝုဗ် ။    ။ ၀ုဗ်အသင်းဟာ မန်ယူအသင်းနဲ့ ဗလင်စီယာအသင်းတို့က စိတ်ဝင်စားနေတဲ့ တိုက်စစ်မှူး ဂျီမီနက်ဇ်ကို ဆက်လက်ထိန်းသိမ်းထားဖို့သာ ဆန္ဒရှိနေကြောင်း Mirror ကဖော်ပြပါတယ်။ ဒီရာသီမှာ ၀ုဗ်အသင်းအတွက် (၃၉)ပွဲ ကစားပေးထားပြီး သွင်းဂိုး (၂၀)အထိ သွင်းယူပေးနိုင်ခဲ့တဲ့ ကစားသမားဟာ အသင်းကြီးတွေရဲ့ မျက်စိကျနေမှုကို ခံနေရပေမယ့်လည်း ၀ုဗ်ကတော့ သူ့ကို အသင်းမှာ ဆက်ပြီး ထိန်းထားဖို့ မျှော်လင့်နေတာပါ။

Linn

READ
၁၅-၃-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Source : TheSun , Goal , Mirror

SHARE