၁၆-၃-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ဗလန်စီယာ။     ။ မန်ယူအသင်းရဲ့ အသင်းခေါင်းဆောင် ဗလန်စီယာဟာ လက်ရှိဘောလုံးရာသီအပြီှးမှာ မန်ယူကနေ သေချာပေါက် ထွက်ခွာတော့မှာဖြစ်တယ်လို့ ဗလန်စီယာရဲ့ အေးဂျင့်က ထုတ်ဖော်ပြောကြားလိုက် ပါတယ်။ မန်ယူနဲ့ ဗလင်စီယာရဲ့ စာချုပ်သက်တမ်းဟာ လက်ရှိဘောလုံးရာသီအပြီးမှာ ကုန်ဆုံးမှာဖြစ်သလို စာ ချုပ်သက်တမ်းတိုးဖို့အတွက် ညှိုနှိုင်းမှုတွေမှာလည်း အဆင်မပြေဖြစ်ခဲ့ပါတယ်။ အသက်(၃၃)နှစ်အရွယ် ၀ါရင့် ကစားသမား ဗလန်စီယာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အာဆင်နယ်၊ ၀က်စ်ဟမ်း၊ အင်တာမီလန်နဲ့ တရုတ်ကလပ်အသင်းအချို့က ဆက်သွယ်စုံစမ်းခဲ့တယ်လို့ သူ့ရဲ့ အေးဂျင့်က ပြောခဲ့ပါတယ်။ ဗလန်စီယာဟာ (၂၀၀၈)ခုနှစ်တည်းက ၀ီဂန်ကနေ မန်ယူကို ပြောင်းရွှေ့လာသူဖြစ်ပြီး လက်ရှိမန်ယူအသင်းသားတွေထဲမှာ မန်ယူအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဆုဖလား ကိုင်မြှောက်ဖူးတဲ့ တစ်ဦးတည်းသော ကစားသမားလည်း ဖြစ်ပါ တယ်။

ဆန်ချို။           ။ ယခုနှစ်ဘောလုံးရာသီမှာ အထူးခြေစွမ်းပြနေတဲ့ လူငယ်ကစားသမား ဂျေဒန်ဆန်ချိုဟာ မန်စီးတီးအသင်းမှာ ပွဲထွက်ခွင့် တစ်နေရာအတွက် တိုက်ပွဲဝင်လိုစိတ် မရှိတာကြောင့် ဒေါ့မွန်အသင်းကို ပြောင်းရွှေ့သွားခဲ့ တာဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ ဆန်ချိုဟာ (၂၀၁၇)ခုနှစ် သြဂုတ်လမှာ မန်စီးတီးက နေ ဒေါ့မွန်ကို ပြောင်းရွှေ့ကြေး ပေါင်(၈)သန်းနဲ့ ပြောင်းရွှေ့သွားခဲ့သူဖြစ်ပြီး ဒေါ့မွန်အသင်းရဲ့ ကမ်းလှမ်းမှုတွေ ထဲမှာ ပွဲထွက်ကစားသမားအဖြစ် အသုံးပြုမယ်ဆိုတဲ့ အချက်လည်း ပါဝင်ခဲ့ပါတယ်။ ဂွာဒီယိုလာက “သူဟာ မန်စီးတီးလိုအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်လိုစိတ် မရှိခဲ့ပါဘူး။ ဒါ့ကြောင့် အသင်းပြောင်းခဲ့တာ ဖြစ်ပြီး လက်ရှိပြသနေတဲ့ သူ့ရဲ့ ခြေစွမ်းတွေအတွက်လည်း ချီးကျူးမိပါတယ်” လို့ ပြောခဲ့ပါတယ်။

ဗန်ဒါးဆား။      ။ အေဂျက်စ်အသင်းရဲ့ CEO အဖြစ်ဆောင်ရွက်နေတဲ့ ဒတ်ခ်ျဂန္တ၀င်ဂိုးသမားဟောင်း ဗန်ဒါး ဆားက ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ဂျူဗင်တပ်နဲ့ ရင်ဆိုင်ရမယ့်အစား မန်ယူအသင်းနဲ့သာ ရင်ဆိုင်လို ကြောင်း ဖွင့်ဟခဲ့ပါတယ်။ “ ဂျူဗင်တပ်၊ မန်စီးတီးနဲ့ ဘာစီလိုနာ အသင်းတွေကတော့ ကွာတားဖိုင်နယ်အဆင့် ကျွန်တော် လုံးဝမဆုံချင်တဲ့ ပြိုင်ဘက်တွေပါ။ ရော်နယ်ဒို အထူးခြေစွမ်းပြနေတဲ့ ဂျူဗင်တပ်ကို ကျော်ဖြတ်နိုင်ဖို့ အရမ်းခက်ခဲမှာပါ။ ဂျူဗင်တပ်ကော၊ မန်ယူပါ ကျွန်တော်ကစားခဲ့ဖူးတဲ့ အသင်းတွေဖြစ်ပေမယ့် ကျွန်တော့်ကိုသာ ကွာတားဖိုင်နယ်အတွက် ဒီ(၂)သင်းထဲက တစ်သင်းစိတ်ကြိုက် ရွေးခွင့်ပေးခဲ့ရင် ဂျူဗင်တပ်အစား မန်ယူနဲ့ ရင်ဆိုင်ဖို့ ရွေးမိမှာပါ” လို့ အေဂျက်စ်အသင်းရဲ့ ချန်ပီယံလိဂ်အနေအထားကို သုံးသပ်သွားခဲ့ပါတယ်။ ဗန်ဒါးဆားဟာ အေဂျက်စ်၊ ဂျူဗင်တပ်နဲ့ မန်ယူအသင်း (၃)သင်းစလုံးမှာ ကစားခဲ့ဖူးပြီး ဆုဖလားပေါင်းများစွာ ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

READ
၂၁-၁၁-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
Marca

ဇီဒန်း။            ။ ရီးရဲလ်မက်ဒရစ်အသင်းကို တစ်ကျော့ပြန် ကိုင်တွယ်ခဲ့တဲ့ နည်းပြ ဇီဒန်းဟာ သူ့ရဲ့ ပထမဆုံး လေ့ကျင့်ရေး အစီအစဉ်မှာ ရီးရဲလ်အသင်းသားတွေနဲ့ အလောင်းအစားတစ်ခု ပြုလုပ်ခဲ့ပါတယ်။  လာလီဂါ လက်ကျန်(၁၁)ပွဲလုံးကို အနိုင်ကစားနိုင်စွမ်း ရှိ၊ မရှိကို ဇီဒန်းဟာ ရီးရဲလ်အသင်းသားတွေနဲ့ အလောင်းအစား ပြုလုပ်ခဲ့တာပါ။ ချန်ပီယံလိဂ်နဲ့ စပိန်ရှုံးထွက်ဖလားပြိုင်ပွဲတွေက ထွက်ခွာခဲ့ရသလို လာလီဂါပြိုင်ပွဲမှာလည်း ထိပ်ဆုံးက ဦးဆောင်နေတဲ့ ဘာစီလိုနာနဲ့ (၁၂)မှတ်အထိ ကွာဟနေတာကြောင့် ရီးရဲလ်အသင်းဟာ ဖလား လက်မဲ့ ရာသီတစ်ခုကို ဖြတ်သန်းရဖို့ သေချာနေပါပြီ။ လက်ရှိအနေအထားတွေနဲ့ ပတ်သတ်ပြီး ဇီဒန်းက “ ကျွန်တော်တို့ ချန်ပီယံ မဖြစ်နိုင်တော့ပါဘူး။ ဒါပေမယ့် လက်ကျန်ပွဲအားလုံးကို အနိုင်ကစားသွားမှာပါ” လို့ စပိန်မီဒီယာတွေနဲ့ တွေ့ဆုံတဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

READ
(၂၄-၃-၁၈)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

အာဆင်ဝင်းဂါး။           ။ အာဆင်နယ်အသင်းရဲ့ ဂန္တ၀င်နည်းပြဟောင်း အာဆင်ဝင်းဂါးက ယူရိုပါလိဂ်ကွာ တားဖိုင်နယ်အဆင့်မှာ ရင်ဆိုင်ရမယ့် နာပိုလီအသင်းရဲ့ ယူရိုပါလိဂ်ခရီးစဉ်ဟာ ကွာတားအဆင့်မှာတင် အဆုံး သတ်ဖွယ်ရှိနေတယ်လို့ ခန့်မှန်းပြောကြားခဲ့ပါတယ်။ အာဆင်ဝင်းဂါးက “ နာပိုလီနည်းပြ အန်ဆလော့တီမှာ နည်းစနစ်ပိုင်း ထူးချွန်သလို ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံးနည်းပြတွေထဲမှာ တစ်ဦး အပါအ၀င် ပါ။ အူနိုင်း အမ်မရီကလည်း ကျွန်တော်ဘာအကြံမှ ပေးစရာမလိုလောက်အောင်ကို စွမ်းဆောင်ပြနေပါတယ်။ ဒီနှစ် အာဆင်နယ်အသင်းရဲ့ ခြေစွမ်းဟာ နာပိုလီအတွက် ကျော်ဖြတ်ဖို့ ခက်ခဲ့တဲ့ အတားအဆီးတစ်ခု ဖြစ်လာမှာပါ” လို့ ပြောခဲ့တာပါ။

Yahoo Sport

ဒေါက်ဂလက်စ် ကော်စတာ။      ။ ဂျူဗင်တပ်အသင်းရဲ့ တောင်ပံကစားသမား ဒေါက်ဂလက်စ် ကော်စတာက အသင်းကို ရော်နယ်ဒို ပြောင်းရွှေ့လာတာနဲ့ ပတ်သတ်ပြီး ဂျူဗင်တပ်အသင်းသားတွေဟာ စိုးရိမ်ပူပန်မှုတွေ ရှိခဲ့ ကြောင်း ၀န်ခံပြောကြားခဲ့ပါတယ်။ “ရော်နယ်ဒို ရောက်လာတော့မယ်ဆိုတဲ့ သတင်းကြားကြားချင်း ကျွန်တော် ပထမဆုံးတွေးမိတာက .. ရော်နယ်ဒိုသာ ရောက်လာရင် အ၀တ်လဲခန်းထဲမှာ ဘယ်လိုတွေ ဖြစ်ကုန်မလဲ .. ဆိုတဲ့ အတွေးပါ။ ကျွန်တော်တို့ အားလုံးဟာ အသင်းဖော်တွေအဖြစ် အပြန်အလှန် ချစ်ခင်လေးစားကြပေမယ့် ပုံမှန် ပွဲထွက်ခွင့် တစ်နေရာအတွက် တိုက်ပွဲဝင်နေကြတာပါ။ ရော်နယ်ဒို ရောက်လာတာကို မကျေနပ်တဲ့သူ တစ်ချို့တောင် ရှိခဲ့ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုက အချိန်တိုအတွင်းမှာ အားလုံးနဲ့ အဆင်ပြေအောင် နေနိုင်ခဲ့ပါတယ်။ အခုဆိုရင် သူဟာ ကျွန်တော်တို့နဲ့ တစ်သားတည်း ဖြစ်နေပါပြီ” လို့ ဖွင့်ဟခဲ့ပါတယ်။

Ref : Goal.com , BBC Sports , DailyMail

SHARE