(၁၆-၄-၂၀၁၉)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

စီရော်နယ်ဒို – ဂျူဗင်တိုက်စစ်မှူး စီရော်နယ်ဒိုဟာ သူ့ရဲ့သမိုင်းမှာ (၉)ကြိမ်ဆက် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်သူအဖြစ် ရည်မှန်းနေကြောင်း သိရပါတယ်။ စီရော်နယ်ဒိုဟာ ကစားသမားဘဝ သက်တမ်းတစ်လျှောက်မှာ (၈)ကြိမ်ဆက်အထိ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ကစားခွင့်ရခဲ့သူဖြစ်ပြီး၊ အခုလည်း အေဂျက်နဲ့ပွဲကို အနိုင်ယူကာ၊ သူရဲ့ (၉)ကြိမ်ဆက်ဆီမီးဖိုင်နယ် အိပ်မက် အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဒိုလေးဟာ ရီးယဲကို ရောက်ရှိတဲ့ (၂၀၀၉/၁၀)ခုနှစ်မှာ (၁၆)သင်းအဆင့်အထိ ယှဉ်ပြိုင်ခဲ့ပြီး အဲဒီနောက် (၈)နှစ်ဆက် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အထိ ရောက်နိုင်ခဲ့ပါတယ်။ ရီးယဲနဲ့အတူ (၄)ကြိမ်အထိ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့ပြီး၊ အသင်းဟောင်း မန်ယူအသင်းနဲ့လည်း တစ်ကြိမ် ရယူနိုင်ခဲ့ပါတယ်။

ဇီဒန်း – ရီးယဲလ်အသင်းနည်းပြ ဇီဒန်းက ချယ်လ်ဆီးကစားသမား ဟာဇက်ဟာ ရီးယဲလ်မှာ လစ်လပ်သွားတဲ့ စီရော်နယ်ဒိုရဲ့နေရာကို ဖြည့်တင်းနိုင်မယ့် ကစားသမားမျိုး မဟုတ်ကြောင်း ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့် ဟာဇက်ကလည်း သူ့ကိုယ်ပိုင်စတိုင်နဲ့ ဘောလုံးလောကကို ရပ်တည်နေသူဖြစ်ပြီး၊ အရည်အချင်း ပြည့်ဝသူလို့ ဆိုပါတယ်။

READ
(၆-၃-၁၈)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
Goal

ဆိုးလ်ရှား – မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ယနေ့မနက်ပိုင်း (၁.၃၀)မှာ ရင်ဆိုင်ကစားမယ့် ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မန်ယူအနေနဲ့ အဆင်သင့်ဖြစ်နေပြီလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အဲဒီပွဲမှာ မန်ယူရဲ့ အများထင်မှတ်မထားတဲ့ ပုံစံကို မြင်တွေ့ရမှာဖြစ်ကြောင်းလည်း ဆိုးလ်ရှားက ဆိုပါတယ်။

ချယ်လ်ဆီး – အပြောင်းအရွှေ့ပိတ်ပင်မှု ပြစ်ဒဏ် အယူခံအောင်မြင်ပါက ချယ်လ်ဆီးအသင်းဟာ ဘာစီလိုနာကစားသမား ကော်တင်ဟိုကို ခေါ်ယူဖို့ ပြင်ဆင်မှာဖြစ်ကြောင်း ချယ်လ်ဆီးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းမှ သိရပါတယ်။ ကော်တင်ဟိုအနေနဲ့ ဘာစီလိုနာကနေ ထွက်ခွာဖို့ ဆန္ဒမရှိပေမယ့်၊ ဘာစီလိုနာက ရံပုံငွေရှာဖို့အတွက် ၎င်းကို ရောင်းထုတ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

မက်ဆီ – ဘာစီလိုနာတိုက်စစ်မှူး မက်ဆီဟာ ယနေ့မနက်ပိုင်း (၁.၃၀)မှာ ယှဉ်ပြိုင်ရမယ့် မန်ယူအသင်းနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာပါဝင်ဖို့ ကြံ့ခိုင်မှုပြည့်ဝနေပြီဖြစ်ကြောင်း ဘာကာအသင်းက ထုတ်ပြန်ခဲ့ပါတယ်။ မက်ဆီဟာ ပကျော့ပွဲစဉ်မှာ မန်ယူနောက်ခံလူ စမောလင်းရဲ့ ခပ်ကြမ်းကြမ်း လူကပ်ကစားမှုကို ခံခဲ့ရပြီး၊ ဒဏ်ရာအနည်းငယ် ရရှိခဲ့ပေမယ့်၊ အခုဆို ကြံ့ခိုင်မှု ပြည့်ဝနေပါပြီ။

READ
ပထမအကျော့ရှုံးကြွေးကို ဘိုင်ယန်ပြန်ဆပ်နိုင်မလား ...?
EPA

ဝက်စ်ဟမ်း – ဝက်စ်ဟမ်းအသင်းဟာ အသင်းကနေ ထွက်ခွာတော့မယ့် အန်ဒီကာရိုးရဲ့နေရာကို အစားထိုးဖို့အတွက် ရိုးမားတိုက်စစ်မှူး အီဒင်ဒီဇီကို,ကို အသင်းကို ခေါ်ယူဖို့ ကြိုးစားနေကြောင်း သိရပါတယ်။ ဒီဇီကိုဟာ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းမှာ လာရောက်ကစားခဲ့ဖူးသူဖြစ်ပြီး ပွဲပေါင်း (၁၃၀)ကစားကာ ဂိုး(၅၀) သွင်းယူထားသလို၊ မန်စီးတီးမှ ရိုးမားအသင်းကို အငှားဖြင့် ကစားစဉ်က (၃၁)ပွဲကစားကာ (၈)ဂိုး၊ ရိုးမားအသင်းကို အပြီးသတ်ရောက်ပြီးနောက် (၉၇)ပွဲကစားကာ (၅၃)ဂိုးအထိ သွင်းယူထားတဲ့ ထိပ်သီးတိုက်စစ်မှူးပါ။

Goal

လင်းသူရိန် (SportAhtar)
Source : thesun.co.uk/ mirror.co.uk/ marca.com

SHARE