(၁၆-၅-၂၀၁၉)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဇာဟာ – ခရစ္စတယ်ပဲလေ့စ်အသင်းတိုက်စစ်မှူး ဇာဟာက အခုနှစ် နွေရာသီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာခွင့်ပြုဖို့ တောင်းဆိုလိုက်ပြီ ဖြစ်ပါတယ်။ တကယ်တော့ သူဟာ မကြာသေးခင်က ချုပ်ဆိုထားတဲ့ စာချုပ်အရ (၂၀၂၃)သြဂုတ်လအထိ ရှိနေရမှာ ဖြစ်ပါတယ်။ဇာဟာကို ဒေါ့မွန်အသင်းက အလိုရှိနေပြီး ပူလီဆစ်နေရာကို အစားထိုးဖို့ ရည်ရွယ်နေပါတယ်။ ပူလီဆစ်ကတော့ ဒေါ့မွန်အသင်းကနေ ပေါင်(၅၈)သန်းနဲ့ ချယ်လ်ဆီးကို ရောက်ခဲ့ပေမယ့်၊ ဒေါ့မွန်ကိုပဲ ချယ်လ်ဆီးက အငှားပြန်ချခဲ့တာပါ။ လာမယ့်ရာသီမှာတော့ သူဟာ ချယ်လ်ဆီးမှာပဲ ကစားရတော့မှာလို့ သိရပါတယ်။
ဟီဂူအင် – ချယ်လ်ဆီးအသင်းကို ဂျူဗင်တပ်အသင်းကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ တိုက်စစ်မှူး ဟီဂူအင်ဟာ ရာသီကုန်ချိန်မှာ မိခင်ကလပ် ဂျူဗင်တပ်ကို ပြန်သွားရတော့မှာပါ။ သူ့ကို ချယ်လ်ဆီးက အငှားစာချုပ်သက်တမ်းတိုးဖို့ ကနဦးစဉ်းစားခဲ့ပေမယ့်၊ ဆုံးဖြတ်ချက် ပြောင်းသွားပုံရပါတယ်။ ဒီတော့ သူဟာ ယူရိုပါလိဂ်ဖိုင်နယ် ကစားပြီးတာနဲ့ ဂျူဗင်ကို ပြန်တော့မှာဖြစ်ပါတယ်။

AP

ပို့စ်မောက် – ဒီကနေ့ညက (၁.၁၅)နာရီမှာကစားမယ့် ပို့စ်မောက်နဲ့ ဆန်းဒါးလန်းအသင်းတို့ရဲ့ ပွဲစဉ်မှာ၊ အဲဒီပွဲကို လာကြည့်တဲ့သူတွေအနက် အနည်းဆုံး လူ(၁၅၀)အထိ သတ်ပစ်မယ်လို့ လူတစ်ယောက်က ခြိမ်းခြောက်ခဲ့ကြောင်း၊ သူ့ကို ရဲက အချိန်မီဖမ်းဆီးနိုင်ခဲ့ကြောင်းသိရပါတယ်။ အဆိုပါတရားခံဟာ အသက်(၂၃)နှစ်အရွယ်ဖြစ်ပြီး အမည်ကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။
အာဆင်နယ် – အာဆင်နယ်အသင်းဟာ ဘာကူမှာကစားရမယ့် ယူရိုပါလိဂ်ဖိုင်နယ်ပွဲစဉ်မှာ လက်မှတ်ခွဲတမ်းကို UEFA က နှစ်သင်းစလုံးအတွက် (၆၀၀၀)ဆီသာ သတ်မှတ်ခဲ့တာကြောင့် အလွန်စိတ်ဆိုးနေကြောင်း သိရပါတယ်။ ချယ်လ်ဆီးအသင်းကလည်း ယခင်တစ်ပတ်လောက်တုန်းက UEFA ရဲ့လုပ်ရပ်ကို ဝေဖန်ခဲ့ပါသေးတယ်။
အေတီကို – အေတီကိုအသင်းဟာ ဂရစ်ဇ်မန်းနေရာမှာ အစားထိုးဖို့အတွက် အာဆင်နယ်မှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး လာကာဇက်ကို ဆက်သွယ်မှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။ လာကာဇက်ကို ဘာစီလိုနာကလည်း ခေါ်ယူဖို့ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။

READ
ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြနေရခြင်းရဲ့အကြောင်းရင်းကိုဖော်ထုတ်လိုက်တဲ့ ဟယ်ရီကိန်း
AFP

ယာယာတိုရေး – မန်စီးတီးရဲ့ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ယာယာတိုရေးဟာ တရုတ်ကလပ် Qingdao Huanghai အသင်းကို ပြောင်းရွှေ့သွားပြီဖြစ်ကြောင်း သိရပါတယ်။ သူဟာ မန်စီးတီးကထွက်ပြီးနောက် အိုလံပီယာကော့စ်အသင်းမှာ ကစားခဲ့သူဖြစ်ပြီး (၆)လအကြာမှာ တရုတ်ကို ပြောင်းရွှေ့ခဲ့တာပါ။
ဆီမြွန်နီ – အေတီကိုအသင်း နည်းပြ ဆီမြွန်နီဟာ အသင်းကနေ ထွက်ခွာဖို့ဆုံးဖြတ်ခဲ့တဲ့ ဂရစ်ဇ်မန်းကို အလွန်စိတ်ဆိုးနေကြောင်း သိရပါတယ်။ ဒီမတိုင်ခင်က ဆီမြွန်နီဟာ ဂရစ်ဇ်မန်းအနေနဲ့ ဘယ်ကိုမှ ပြောင်းမှာမဟုတ်ဘဲ အသင်းမှာ ဆက်နေမှာလို့ အတည်ပြုခဲ့ပါသေးတယ်။

ESPN

လင်းဇော်ကို (Shwemom)
Source : thesun.co.uk/ marca.com/ skysports.com/ mirror.co.uk/ metro.co.uk

SHARE