၁၆-၇-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ရော်နယ်ဒို ။     ။ ဂျူဗင်တပ်စ်အသင်းရဲ့ ကစားသမားသစ် ဖြစ်လာခဲ့တဲ့ တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဆေးစစ်မှု ခံယူဖို့အတွက် တူရင်မြေကို ရောက်ရှိလာခဲ့ပြီး ပရိသတ်တွေ လာရောက်ကြိုဆို ခဲ့ကြပါတယ်။ ဂျူဗင်တပ်စ်အသင်းရဲ့ ကျန်းမာရေးစင်တာနားမှာ ပရိသတ်တွေ လာရောက်စုဝေး ခဲ့ကြပြီး ထောင်ချီတဲ့ ပရိသတ်တွေက သူတို့ရဲ့ တိုက်စစ်မှူးသစ်ကို ကြိုဆိုခဲ့ကြတာပါ။

ပြင်သစ် ။        ။ ပြင်သစ်အသင်း (၂၀၁၈) ကမ္ဘာ့ဖလားချန်ပီယံဆု ရရှိခဲ့လို့ အောင်ပွဲခံခဲ့ကြတဲ့ ပြင်သစ်ပရိသတ်တွေဟာ အလွန်အကျွံတွေ ဖြစ်ခဲ့ကြပြီး ပရိသတ်နှစ်ဦး သေဆုံးခဲ့ရပါတယ်။ အသက် (၅၀) အရွယ်ရှိတဲ့ ပြင်သစ်ပရိသတ်တစ်ဦးဟာ ပွဲသိမ်းခရာ မှုတ်လိုက်ချိန်မှာ အမြင့်တစ်နေရာကနေ အပျော်လွန် ခုန်ချခဲ့တာဖြစ်ပြီး သေဆုံးသွားခဲ့တာပါ။ နောက်ပရိသတ် တစ်ယောက်ကတော့ အသက် (၃၀) အရွယ်ရှိပြီဖြစ်ပြီး သူမောင်းလာတဲ့ ကားက သစ်ပင်ကို ၀င်တိုက်မိခဲ့တာ ဖြစ်ပါတယ်။

(AP Photo/Francois Mori)

ပီလီ ။   ။ ဘရာဇီးအသင်းရဲ့ ဂန္တ၀င်ကစားသမားကြီး ပီလီက သူ့ရဲ့စံချိန် မှတ်တမ်းတွေကို တစ်ခုပြီးတစ်ခု ချိုးဖျက်နေတဲ့ ဘက်ပီကြောင့် ဘောလုံးပြန်ကစားဖို့ စဉ်းစားနေရပြီလို့ ဟာသလုပ်သွားခဲ့ပါတယ်။ ဘက်ပီဟာ (၂၀၁၈) ကမ္ဘာ့ဖလားမှာ သွင်းဂိုး(၄)ဂိုးအထိ သွင်းယူထားနိုင် ခဲ့တာကြောင့် ပီလီနောက်ပိုင်း ကမ္ဘာ့ဖလားမှာ (၂)ဂိုးနဲ့အထက် သွင်းယူနိုင်ခဲ့တဲ့ လူငယ်ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့တာပါ။

READ
၂၄-၃-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

https://twitter.com/twitter/statuses/1018578545902276609

ပေါ့ဂ်ဘာ ။       ။ ပြင်သစ်အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကတော့ သူ့ရဲ့အင်စတာဂရမ် အကောင့်မှာ အင်္ဂလန်ပရိသတ်တွေကို လှောင်ပြောင်တဲ့ ဗီဒီယိုတစ်ခု တင်ခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါပြီ။ ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ပေါ့ဂ်ဘာဟာ ကမ္ဘာ့ဖလားဆုကို လက်မှာကိုင်ပြီး အင်္ဂလန်ပရိသတ်တွေ သီဆိုနေကြဖြစ်တဲ့ “It’s Coming Home”ဆိုတဲ့ စာသားကို သီဆိုခဲ့တာပါ။ ပေါ့ဂ်ဘာက အဲဒီစာသားကို သီဆိုပြီးတဲ့နောက်မှာ စတာပါ၊ တောင်းပန်ပါတယ် လို့ဆိုခဲ့ပေမယ့် အင်္ဂလန်ပရိသတ်တွေကတော့ မကျေမနပ် ဖြစ်နေကြဆဲပါ။

မက်ခရွန် ။       ။ ပြင်သစ်သမ္မတ မက်ခရွန်ရဲ့ Dab Dance နဲ့ အောင်ပွဲခံခဲ့တဲ့ ဗီဒီယိုဖိုင်ကလည်း ဒီနေ့အတွက် လူပြောများခဲ့တဲ့ ကိစ္စတစ်ခု ဖြစ်ခဲ့ပါတယ်။ ပြင်သစ်အသင်းရဲ့ အ၀တ်လဲခန်းထဲမှာ ကစားသမားတွေနဲ့အတူ အောင်ပွဲခံခဲ့တဲ့ မက်ခရွန်ဟာ မန်ဒီ၊ ပေါ့ဂ်ဘာနဲ့အတူ  Dab Dance က ခဲ့တာဖြစ်ပြီး ချန်ပီယံဆုအတွက် ပျော်ရွှင်နေတဲ့ သမ္မတဟာ ဘာကိုမှ ဂရုမစိုက်ပဲ က,နေခဲ့တာပါ။

READ
(၁၄-၅-၂၀၁၉)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဟီဂူအင် ။       ။ ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်မှူး ဟီဂူအင်ကို ခေါ်ယူဖို့ ချယ်လ်ဆီးအသင်းက ဆွေးနွေးမှုတွေ ပြုလုပ်နေပြီဖြစ်ပြီး ချယ်လ်ဆီးနည်းပြ ဆာရီအနေနဲ့လည်း နာပိုလီအသင်းမှာ အတွဲမိခဲ့ဖူးတဲ့ သူ့ရဲ့တိုက်စစ်မှူးဟောင်းကို အလိုရှိနေပါတယ်။ ချယ်လ်ဆီးအသင်း အနေနဲ့ ဟီဂူအင်အတွက် (၃) နှစ်စာချုပ်,ချုပ်ဆိုသွားဖို့ ပြင်ဆင်နေပြီး အေးဂျင့်ဖြစ်သူနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။

Linn

Source : Dailymail , TheSun

SHARE