၁၆-၇-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter "Mirror"

လီဗာပူးလ် ။     ။ လီဗာပူးလ်အသင်းနည်းပြ ဂျာဂန်ကလော့ပ်နဲ့အသင်းသားတွေဟာ အမေရိကန်ခြေစမ်းပွဲခရီးစဉ်အတွက် မန်ချက်စတာလေဆိပ်ကနေ စတင်ထွက်ခွာလာခဲ့ပြီဖြစ်ပါတယ်။ ဒီခရီးစဉ်မတိုင်မီ ခြေစမ်းပွဲ(၂)ပွဲမှာ လီဗာပူးလ်ဟာ ဂိုးပြတ်နိုင်ပွဲတွေ ရခဲ့ပြီး ထရမ်းမဲရ်အသင်းကို (၆-၀)ဂိုး၊ ဘရက်ဖို့ဒ်အသင်းကို (၃-၁)ဂိုးတို့နဲ့ နိုင်ပွဲတွေရထားခဲ့တာပါ။ အမေရိကန်ခြေစမ်းပွဲအတွက် လူစာရင်းမှာ ဗန်ဒိုက်၊ ချိန်ဘာလိန် ၊ အာနိုးလ် ၊ ဟန်ဒါဆင်၊ လယ်လာနာ စတဲ့ ကစားသမားတွေနဲ့ လူစုံနီးပါး လိုက်ပါလာခဲ့ပြီး အာဖရိကဖလားပွဲ ဆင်နွှဲခဲ့တဲ့ ကစားသမားတွေကတော့ ပါဝင်လာခဲ့ခြင်းမရှိပါဘူး။

ဒီဂီယာ ။         ။ မန်ယူအသင်းဟာ အသင်းဂိုးသမား ဒီဂီယာ ကို တစ်ပတ်လုပ်ခ ပေါင် (၃၇၅၀၀၀)အထိ ပေးချေသွားဖို့ ကမ်းလှမ်းခဲ့ပြီး စာချုပ်သစ်အတွက် ဆွေးနွေးမှု ပြန်လည်စတင်နေပြီလို့ Mirror က ဖော်ပြပါတယ်။ ဒီလစာနှုန်းထားနဲ့ဆိုရင် ဒီဂီယာ ဟာ ကမ္ဘာပေါ်မှာ လုပ်ခလစာအများဆုံး ဂိုးသမားဖြစ်လာတော့မှာဖြစ်ပြီး မန်ယူရဲ့ ဒီတစ်ကြိမ်ကမ်းလှမ်းမှုကို လက်ခံသွားဖို့ရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

(AP Photo/Manu Fernandez)

အမ်မရီ ။         ။ အာဆင်နယ်အသင်းနည်းပြ အမ်မရီ က အာဆင်နယ်ဟာ လက်ရှိအချိန်မှာ ကစားသမားသစ်တွေ ခေါ်ယူဖို့ ညှိနှိုင်းမှု အဆင်မပြေဖြစ်နေခဲ့ပေမယ့်လည်း ဈေးကွက်ထဲမှာ အကောင်းဆုံး ကြိုးစားနေဆဲဖြစ်တယ်လို့ ပရိသတ်တွေကို အသိပေးလိုက်ပါတယ်။ ဆဲလ်တစ်နောက်ခံလူ တီယာနေး၊ ပဲလေ့စ်တောင်ပံကစားသမား ဇာဟာ တို့ကိုခေါ်ယူဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ အာဆင်နယ်ဟာ သူတို့ရဲ့ ကန့်သတ်ထားခဲ့တဲ့ အပြောင်းအရွှေ့အသုံစားရိတ်ကြောင့် ကစားသမားသစ်ခေါ်ယူမှုမှာ နှောင့်နှေးနေခဲ့ရတာပါ။

READ
၂၂-၃-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

 

လမ်းပတ် ။      ။ ချယ်လ်ဆီးအသင်းနည်းပြသစ် လမ်းပတ်က ဒီရာသီမှာ ချယ်လ်ဆီးအနေနဲ့ ကစားသမားသစ်ခေါ်ယူဖို့ မလိုကြောင်းနဲ့ အသင်းရဲ့ လက်ရှိကစားသမားတွေနဲ့တင် လုံလောက်နေပြီဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ အပြောင်းအရွှေ့ ဈေးကွက်(၂)ခု ပိတ်ပင်ခံထားရမှု ကြောင့် ကစားသမားသစ်ခေါ်ယူနိုင်ခြင်းမရှိတဲ့ ချယ်လ်ဆီးဟာ အငှားချထားတဲ့ ကစားသမားအချို့ကို အသင်းဆီ ပြန်လည်ခေါ်ယူထားခဲ့ပြီးနောက် လမ်းပတ်က လက်ရှိလူစာရင်းကို ကျေနပ်မိတယ်လို့ ပြောဆိုသွားခဲ့တာပါ။

နော်ဝှစ်ခ်ျ ။      ။ ပရီးမီးယားလိဂ်ကို တန်းတက်လာခဲ့တဲ့ နော်ဝှစ်ခ်ျအသင်းဟာ ၀က်စ်ဟမ်းနောက်ခံလူ ဆမ် ဘရိုင်ယန် ကို (၄)နှစ်စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ အသက် (၂၅)နှစ်အရွယ် နောက်ခံကစားသမားဟာ (၂၀၁၆)ခုနှစ်ကတည်းက ၀က်စ်ဟမ်းအသင်းကို ရောက်ရှိခဲ့တာဖြစ်ပေမယ့် အသင်းအတွက် (၂၇)ပွဲသာ ကစားပေးထားခဲ့ရသူပါ။

လင်ဒီလော့ဖ် ။  ။ မန်ယူအသင်းနောက်ခံကစားသမား လင်ဒီလော့ဖ်ရဲ့အေးဂျင့်ဖြစ်သူက လင်ဒီလော့ဖ်ဟာ ဘာစီလိုနာအသင်းရဲ့ ခေါ်ယူဖို့ကြိုးစားမှုကို ရရှိခဲ့ပြီး မန်ယူမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဘင်ဖီကာ အသင်းကနေ မန်ယူအသင်းဆီ ပေါင်သန်း(၃၀)နဲ့ ရောက်ရှိလာခဲ့တဲ့ ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီတုန်းကမှ သူ့ရဲ့အကောင်းဆုံး ပုံစံကို စတင်ပြသနိုင်ခဲ့ပြီး ဒီအပြောင်းအရွှေ့မှာ ဘာစီလိုနာအသင်းရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရတာပါ။

READ
၅-၃-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

 

Linn

Source : Goal , Mirror , TheSun

SHARE