၁၇-၅-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ဆိုးလ်ရှား ။      ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက အပြောင်းအရွှေ့ဈေးကွက်မှာ အသုံးပြုဖို့အတွက် ပေါင်သန်း(၂၅၀) အသုံးပြုခွင့် ရရှိထားပြီဖြစ်တယ်လို့ အတည်ပြုလိုက်ပါပြီ။ မန်ယူအသင်း အမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝါ့ဒ်ဟာ ဆိုးလ်ရှားနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခြဲ့ပီးတဲ့နောက် အသင်းရဲ့လူစာရင်းကို ပြန်လည်ပြင်ဆင်ဖို့ အထောက်အပံ့ပေးသွားမှာဖြစ်ပြီး ဒီငွေပမာဏနဲ့ဆိုရင် ကစားသမားတွေ လုံလုံလောက်လောက် ခေါ်နိုင်လိမ့်မယ်လို့ ပရိသတ်တွေက ယုံကြည်နေကြပါတယ်။ ပရီးမီးယားလိဂ်အပြောင်းအရွှေ့ စတင်ဖွင့်လှစ်လိုက်ပြီဆိုပေမယ့် မန်ယူအသင်းအနေနဲ့ ကမ်းလှမ်းမှုတွေ စတင်ပြုလုပ်ထားခြင်းမရှိသေးပဲ ကစားသမားတွေကို စောင့်ကြည့်နေဆဲပဲရှိသေးတယ်လို့ ဆိုးလ်ရှားက ဆိုပါတယ်။

ကာဇိုလာ ။      ။ ဗီလာရီးယဲလ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဆန်တီကာဇိုလာ ဟာ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာခဲ့ပြီးတဲ့နောက် စပိန်အသင်းရဲ့ လူစာရင်းမှာ ပြန်လည်ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ ကာဇိုလာ ဟာ ဒဏ်ရာပြဿနာနဲ့ရင်ဆိုင်ခဲ့ရပြီး စပိန်အသင်းရဲ့ လူစာရင်းကနေ (၄)နှစ်ကြာ ဝေးကွာနေခဲ့ရတာပါ။ လက်ရှိအချိန်မှာတော့ ယူရို(၂၀၂၀)ခြေစစ်ပွဲတွေဖြစ်တဲ့ ဖာရိုးကျွန်းစု၊ ဆွီဒင် တို့နဲ့ ကစားရမယ့်ပွဲစဉ်တွေအတွက် နည်းပြ အင်းနရစ်က ပြန်လည်ခေါ်ယူထားခဲ့တာပါ။

AFP

မူစတာဖီ ။       ။ အာဆင်နယ် အသင်း ဟာ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ အကြီးအကျယ် ခံနေရတဲ့ နောက်ခံလူ မူစတာဖီ ကို ရောင်းထုတ်ပြီး ဂရီမီယို နဲ့ အာဂျင်တီးနား နောက်ခံလူ ဝေါလ်တာ ကာနီမန်း ( Walter Kannemann ) ကို ခေါ်ယူဖို့ ပစ်မှတ် ထားနေပါတယ် ။ စီးရီးအေ ကလပ် အေစီမီလန် အသင်းဟာ အာဆင်နယ် အသင်း နောက်ခံလူ မူစတာဖီ ကို ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး အာဆင်နယ် အသင်းဘက်ကလည်း သင့်တော်တဲ့ ဈေးနှုန်းနဲ့သာ ကမ်းလှမ်း လာပါက ရောင်းထုတ် သွားဖို့ ရှိ နေ ပါ တယ် ။

READ
၁၃-၇-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
AP

ဗယ်လ်ဗာဒီ ။    ။ ဘာစီလိုနာ အသင်းရဲ့ ဥက္ကဌကြီး ဘာတိုမြူ ကတော့ လက်ရှိ နည်းပြ ဗယ်ဗာဒီကို ထုတ်ပယ်မယ့် သတင်းတွေကို ပယ်ချလိုက်ပြီး ၊ အသင်းကို ဆက်လက် ဦးဆောင်သွားမယ့် နည်းပြတစ်ဦးလို့ ညွှန်းဆို သွားခဲ့ ပါတယ်။ လီဗာပူးကို ရှုံးနိမ့်တဲ့ ပွဲစဉ် အပြီး ရာထူးကနေ ထုတ်ပယ်ဖို့ တောင်းဆိုခြင်း ခံခဲ့ရတဲ့ ဗယ်ဗာဒီဟာ ဘာစီလိုနာ ပရိသတ်တွေ အကြား ထောက်ခံမှု ရရှိထားတဲ့ သူတော့ မဟုတ်ပါဘူး။ အထူးသဖြင့် ချန်ပီယံလိဂ် ပြိုင်ပွဲ ကနေ နှစ်နှစ် ဆက်တိုက် အရှက်တကွဲ ရှုံးပွဲတွေ နဲ့ ထွက်ခွာ ခဲ့ရသလို ၊ ဂြိုဟ်သား မက်ဆီရဲ့ အကောင်းဆုံး ပုံစံတွေ ပြသနေသည့်တိုင်အောင် ဥရောပ အောင်မြင်မှုကို ရှာဖွေ နိုင်ခဲ့ခြင်း မရှိတာကြောင့် ဝေဖန်မှု အများအပြား နဲ့ ရင်ဆိုင်ထားရသူ ဖြစ်ပါတယ်။

READ
ဘရာဇီးလ်ဂန္ထဝင်ကစားသမား ရော်နယ်ဒင်ဟို ပါလီမန်ရွေးကောက်ပွဲ ဝင်ပြိုင်မည်
AP

ဆီလက်ဆန် ။   ။ မန်ယူဟာ ဂိုးသမား ဒီဂီယာရဲ့ နေရာမှာ ဘာစီလိုနာက နယ်သာလန်ဂိုးသမား ဆီလက်ဆန်နဲ့ အစားထိုးဖို့ စီစဉ်ထားကြောင်း အင်္ဂလန်မီဒီယာတွေက ရေးသားခဲ့ပါတယ်။ ဒီဂီယာအတွက် ဒီနှစ်ဘောလုံးရာသီက အောင်မြင်ခဲ့တဲ့ ဘောလုံးရာသီ မဟုတ်ခဲ့ပါဘူး။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ကော်တို့စ်နေရာမှာ ဒီဂီယာကို အစားထိုးဖို့ စောင့်ကြည့်နေပါတယ်။ ဒါ့ကြောင့် ဒီဂီယာဟာ လာမယ့်နွေမှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းဖို့ အလားအလာ များနေပါတယ်။ မန်ယူစိတ်ဝင်စားနေတဲ့ ဂိုးသမား ဆီလက်ဆန်ဟာ ဘာစီလိုနာအသင်းမှာ နေရာရဖို့ ရုန်းကန်နေရပါတယ်။ ဆီလက်ဆန်ဟာ ဘာစီလိုနာအသင်းမှာ ဂျာမနီဂိုးသမား စတီဂန်လောက် နေရာမရပါဘူး။ ဆီလက်ဆန်ဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာတော့မယ်လို့ ပရိသတ်တွေကို အသိပေးထားပါတယ်။

စတာလင် ။      ။ မန်စီးတီးအသင်းတိုက်စစ်ကစားသမား စတာလင် ဟာ မန်စီးတီးရဲ့ အဓိက ကစားသမားတစ်ယောက် ဖြစ်နေသလို လီဗာပူးအသင်းမှာလည်း ကာလတစ်ခု ဖြတ်သန်းခဲ့သေးတာ ဖြစ်ပေမယ့် သူဟာ ငယ်စဉ်ကတည်းက မန်ယူပရိသတ်တစ်ယောက်ဖြစ်တယ်လို့ စတာလင်က ပြောကြားခဲ့ပါတယ်။“အမှန်တော့ ကျွန်တော် ဒါကိုထုတ်မပြောသင့်ဘူး။ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကျွန်တော် ငယ်ငယ်တုန်းက မန်ယူပရိသတ်တစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။ အခုတော့ မဟုတ်တော့ဘူးနော်။ အခု လုံးဝမဟုတ်ဘူး။ ဒါပေမဲ့ အဲဒီတုန်းကတော့ တကယ်ပဲ မန်ယူပရိသတ် ဖြစ်ခဲ့ဖူးပါတယ်”လို့ စတာလင်က ပြောကြားခဲ့ပါတယ်။

Linn

Source : Goal , Mirror , TheSun

SHARE