၁၇-၈-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter "Fox Sports"

ကော်တင်ဟို ။   ။ ဘာစီလိုနာအသင်းကွင်းလယ်လူ ကော်တင်ဟိုဟာ ဘို်င်ယန်မြူးနစ်အသင်းဆီကို တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်း CEO ရူမင်နစ်ဂီက ဒီသတင်းကို အတည်ပြုပေးခဲ့ပြီး ကော်တင်ဟို ကို တစ်ရာသီအငှားနဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်းနဲ့ စာချုပ်မှာ အငှားစာချုပ်ကုန်ဆုံးသွားခဲ့တဲ့နောက် ကစားသမားကိုအပြီးသတ်ခေါ်ယူခွင့်လည်း ပါရှိကြောင်းပြောဆိုသွားခဲ့ပါတယ်။

ဆွာရက်ဇ် ။      ။ ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှူး ဆွာရက်ဇ်ဟာ မနေ့ညက ကစားခဲ့တဲ့ ဘီလ်ဘာအို အသင်းနဲ့ပွဲစဉ်မှာ ခြေသလုံးဒဏ်ရာရရှိသွားခဲ့တယ်လို့ ဘာစီလိုနာအသင်းက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ တိုက်စစ်မှူး မက်ဆီ တစ်ယောက် အသင်းအတွက် မကစားပေးနိုင်သေးတဲ့ အခြေအနေမှာ ဆွာရက်ဇ်ရဲ့ ဒဏ်ရာက ဘာစီလိုနာအသင်းအတွက် စိုးရိမ်စရာဖြစ်လာခဲ့ပြီး မကြာခင် ပြန်လည်ကောင်းမွန်လာလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း နည်းပြ ဗယ်လ်ဗာဒီက ပြောဆိုလိုက်ပါတယ်။

 

ရူဂါနီ ။  ။ ဂျူဗင်တပ်စ်အသင်းရဲ့ အားကစားဒါရိုက်တာ ပါရာတီဆီ ဟာ နောက်ခံလူ ရူဂါနီ ကိုရောင်းချဖို့ အတွက် ဘာစီလိုနာအသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီဖြစ်တယ်လို့ TuttoSports့ ဖော်ပြပါတယ်။ ပရီးမီးယားလိဂ်ကလပ်အသင်းတွေ အပြိုင်အဆိုင်ခေါ်ယူဖို့ ကြိုးစားခဲ့ကြတဲ့ ရူဂါနီအတွက် လက်ရှိအချိန်မှာ ဘာစီလိုနာနဲ့ ရိုးမားအသင်းတို့ အပြိုင်ဖြစ်နေကြပြီး ဘာစီလိုနာက ပိုမိုအခွင့်အရေးရှိနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

READ
(၁၉-၄-၁၈)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဆန်ချို ။                   ။ ဒေါ့တ်မွန်အသင်းရဲ့ တောင်ပံကစားသမား ဆန်ချိုကတော့ လာမယ့် နွေရာသီအပြောင်းအရွှေ့ကာလမှာ အသင်းကနေ ထွက်ခွာဖို့ သေချာသွားပြီဖြစ်ကြောင်း Bild က ဖော်ပြပါတယ်။ (၂၀၁၇)ခုနှစ်တုန်းက ပေါင်(၇)သန်းနဲ့ ဒေါ့တ်မွန်အသင်းဆီရောက်ရှိလာတဲ့ ကစားသမားလေးဟာ လက်ရှိအချိန်မှာ ပြောင်းရွှေ့ကြေး ပေါင်သန်း(၁၀၀)အထက်မှာ ရှိနိုင်တယ်လို့ အားလုံးက သုံးသပ်နေကြပြီး မန်ယူ ၊ မန်စီးတီးအသင်းတွေက ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေကြဆဲပဲဖြစ်တယ်လို့လည်း ရေးသားဖော်ပြသွားခဲ့ပါတယ်။

 

ပိုချက်တီနို ။     ။ စပါးအသင်းနည်းပြ ပိုချက်တီနို က ဥရောပအပြောင်းအရွှေ့ရာသီ မပိတ်သိမ်းသေးခင် အချိန်အတောအတွင်းမှာ ကွင်းလယ်လူ အဲရစ်ဆင် ကို ဆုံးရှုံးရနိုင်ချေရှိနေသေးတယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ စပါးဟာ အဲရစ်ဆင် ကို တစ်ပတ်လုပ်ခ ပေါင်(၂၀၀၀၀၀)နဲ့ စာချုပ်သစ်ကမ်းလှမ်းထားခဲ့ပေမယ့်လည်း အဲရစ်ဆင်ကတော့ အသင်းနဲ့ဆွေးနွေးမှု မပြုလုပ်လိုပဲ အသင်းကနေ ထွက်ခွာသွားဖို့သာ ဆန္ဒရှိနေတာပါ။ လက်ရှိအချိန်မှာတော့ အဲရစ်ဆင်ကို ခေါ်ယူချင်တဲ့အသင်းတွေထဲမှာ ရီးယဲလ်နဲ့ အင်တာမီလန်အသင်းတို့ရှိနေပါတယ်။

ဘိုင်ယန်  ။      ။ အပြောင်းအရွှေ့ဈေးကွက်မှာ အလုပ်တွေရှုပ်နေတဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ဂလက်ဘတ်အသင်းကွင်းလယ်လူ မစ်ကယ် ကို ယူရို(၁၀)သန်းနဲ့ တရားဝင် ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ကြေညာလိုက်ပါပြီ။ အသက် (၂၀)အရွယ် ကွင်းလယ်ကစားသမားလေးဟာ ပြင်သစ်ရဲ့သက်တမ်းလိုက် လက်ရွေးစင်အသင်းတွေမှာ ပါဝင်ကစားခဲ့ရပြီး ဂလက်ဘတ်အသင်းအတွက် ပွဲပေါင်း(၃၅)ပွဲ ကစားပေးထားခဲ့သူပါ။

Linn

READ
တရုတ်အမျိုးသားရေကူးအသင်းကနေ Ning Zetao ထုတ်ပယ်ခံရ

Source : TheSun , Goal , Mirror

SHARE