၁၇-၉-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter "TalkSport"

မက်ဆီ ။         ။ ဒဏ်ရာကြောင့် ဘာစီလိုနာအသင်းရဲ့ ရာသီအစပိုင်း ပွဲစဉ်တွေကို လွဲချော်ခဲ့ရတဲ့ တိုက်စစ်မှူး မက်ဆီကတော့ ဒီနေ့ည ကစားမယ့် ဒေါ့တ်မွန်အသင်းနဲ့ပွဲစဉ်မှာ ပါဝင်ကစားဖို့ရှိနေပါတယ်။ ဘာစီလိုနာအသင်းရဲ့လူစာရင်းမှာ မက်ဆီတစ်ယောက် ပါဝင်လာခဲ့သလို အသင်းနဲ့လေ့ကျင့်ခန်းအစီအစဉ်တွေ ပြုလုပ်နေတဲ့အနေအထားကြောင့် မက်ဆီရဲ့ ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝလာခဲ့ပြီလို့ သတင်းတွေက ဖော်ပြနေကြပြီး ဒီနေ့ညမှာ မက်ဆီ၊ ဆွာရက်ဇ်နဲ့ ဂရစ်ဇ်မန်းတို့ရဲ့ တိုက်စစ်ကို စောင့်ကြည့်ရတော့မှာပါ။

နဗီးလ် ။          ။ မန်ယူအသင်းနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ရီးယဲလ်နောက်ခံလူ ဗာရန်း ၊ ချယ်လ်ဆီးကွင်းလယ်လူ ကန်တီ နဲ့ PSG တိုက်စစ်မှူး ဘက်ပီ တို့ မန်ယူအသင်းဆီ ရောက်ရှိဖို့က သူ့ရဲ့အိပ်မက်ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ မန်ယူအသင်းအနေနဲ့ ဒီကစားသမား (၃)ဦးကို ခေါ်ယူနိုင်လိမ့်မယ်လို့ နဗီးလ်က ယုံကြည်နေပြီး ဒီ(၃)ယောက်သာ ရောက်လာခဲ့ရင် မန်ယူအသင်း ချန်ပီယံဆုဖလားတွေကို စိန်ခေါ်နိုင်ပြီလို့ မှတ်ချက်ပေးလိုက်ပါတယ်။

 

ဟန်ဒါဆင် ။     ။ လီဗာပူးလ်အသင်းခေါင်းဆောင် ဟန်ဒါဆင် က ဒီရာသီမှာလည်း လီဗာပူးလ်အသင်းကပဲ ချန်ပီယံလိဂ်ဆုဖလား ဆွတ်ခူးနိုင်လိမ့်ဦးမယ်ဆိုတဲ့ ခန့်မှန်းချက်တွေနဲ့ပတ်သက်ပြီး တုန့်ပြန်လိုက်ပါတယ်။ ဟန်ဒါဆင် က လီဗာပူးလ်ကစားသမားတွေအနေနဲ့ ချန်ပီယံဆုဖလားတွေကို ရယူဖို့ ယုံကြည်မှု အပြည့်ရှိနေပေမယ့် ချန်ပီယံလိဂ်ဆုဖလားရနိုင်မယ်လို့ပြောဖို့ကတော့ စောပါသေးတယ်လို့ မှတ်ချက်ပေးလိုက်တာပါ။

မန်စီးတီး ။       ။ လီဗာပူးလ်အသင်းနောက်ခံကစားသမားဟောင်း ကာရေဂါ က မန်စီးတီးအသင်းဟာ နောက်ခံလူတွေဖြစ်တဲ့ ဂျွန်စတုံးနဲ့ အော်တာမန်ဒီ တို့ကြောင့် ဒီရာသီမှာ ဆုဖလားရဖို့ အကြောင်းမရှိတော့ကြောင်း မှတ်ချက်ပေးလိုက်ပါတယ်။ မန်စီးတီးရဲ့အဓိက ခံစစ်သမား လာပေါ်တေး ဒဏ်ရာရသွားခဲ့တဲ့ နောက်တစ်ပတ်မှာပဲ မန်စီးတီးဟာ နောဝှစ်ခ်ျအသင်းကို ပေးဂိုး(၃)ဂိုးပေးကာ ရှုံးနိမ့်သွားခဲ့ရတာပါ။ ကာရေဂါက မန်စီးတီးအသင်းဟာ ခံစစ်ကစားသမားတစ်ဦးကို မဖြစ်မနေခေါ်ဖို့ လိုအပ်နေပြီး လက်ရှိအခြေအနေအတိုင်းဆိုရင် ချန်ပီယံဆုတွေအတွက် မျှော်လင့်ချက်မရှိဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။

ကီပါ ။  ။ ချယ်လ်ဆီးအသင်းဂိုးသမား ကီပါ က ဗလင်စီယာအသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်ဟာ သူ့အတွက် ပထမဆုံးချန်ပီယံလိဂ်ပွဲစဉ် ဖြစ်လာဖို့ရှိနေပေမယ့်လည်း ဘာစိုးရိမ်စိတ်မှမရှိဘူးလို့ပြောဆိုလိုက်ပါတယ်။ ကီပါ ဟာ သူ့ရဲ့ကစားသမားဘ၀မှာ ချန်ပီယံလိဂ်ပွဲစဉ်ကို ပထမဆုံးအကြိမ်အဖြစ် ကစားရမှာဖြစ်ပြီး ဗလင်စီယာအသင်းအကြောင်းကို သူ့အနေနဲ့ ကောင်းကောင်းသိထားတာက ဒီပွဲအတွက် အလုပ်ဖြစ်စေလိမ့်မယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

READ
ဆောင်းရာသီအပြောင်းအရွှေ့မှာ အသင်းပြောင်းနိုင်ချေရှိတဲ့ ကစားသမားများ

Linn

Source : Goal , Mirror , TheSun

 

SHARE