၁၈-၁၂-၂၀၁၈ အတွက် ညနေခင်းဦးဦးဖျားဖျား အားကစားသတင်းများ

ဇီဒန်း ။ ။ မော်ရင်ဟိုရဲ့နေရာကို အစားထိုးမယ့်နည်းပြအဖြစ် ရီးယဲလ်နည်းပြဟောင်း ဇီဒန်းကို ခန့်အပ်ဖို့ မန်ယူဘုတ်အဖွဲ့က စီစဉ်နေကြောင်း သတင်းတွေထွက်နေပါတယ်။ လက်ရှိ ရာသီဝက်အနေအထားမှာ မန်ယူအသင်းအနေနဲ့ နည်းပြသစ်ရှာဖွေဖို့ ခက်ခဲနိုင်ခြေတွေရှိနေပေမယ့်လည်း ကလပ်အသင်းလက်မဲ့ဖြစ်နေတဲ့ နည်းပြ ဇီဒန်းက အသင်းကို မြန်မြန်ဆန်ဆန်ပဲ လာရောက်တာဝန်ယူသွားဖို့ရှိနေတယ်လို့ Dailymail က ဖော်ပြပါတယ်။ ဇီဒန်းကိုယ်တိုင်ကလည်း မန်ယူအသင်းနည်းပြ ရာထူးအတွက် အဆင်သင့်ဖြစ်နေကြောင်း ထုတ်ဖော်ပြောဆိုထားခဲ့တာမို့ မန်ယူအသင်းကို ဇီဒန်းရောက်လာဖို့က ရာနှုန်းပြည့်နီးပါး သေချာနေတယ်လို့ Dailymail ကဖော်ပြခဲ့တာပါ။

နူအာ ။ ။ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂိုးသမား နူအာ က ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ ယှဉ်ပြိုင်ရမယ့် လီဗာပူးလ်အသင်းနဲ့ ပတ်သက်လို့ မှတ်ချက်ပေးလိုက်ပြီး လီဗာပူးလ်မှာလည်း ပျော့ကွက်တွေရှိနေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ နူအာ က လီဗာပူးလ်ဟာ ဘိုင်ယန်ရဲ့ တိုက်စစ်ကို ထိန်းသိမ်းနိုင်ဖို့ ကြိုးစားရမှာဖြစ်သလို အသင်းကစားသမားတွေအနေနဲ့လည်း သူတို့နဲ့ ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေကြပြီလို့ ဆိုလိုက်ပါတယ်။

Twitter

ဆိုလာရီ ။        ။ ရီးယဲလ်အသင်းနည်းပြ ဆိုလာရီက မနက်ဖြန်ကစားရမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ ဂျပန်ကလပ်ကို အနိုင်ယူပြီး ချန်ပီယံဆုကို ကာကွယ်သွားမယ်လို့ ကြုံးဝါးလိုက်ပါတယ်။ ဂျပန်ကလပ် ကာရှီးမားအန်တလာစ် အသင်းနဲ့ ရင်ဆိုင်ရမယ့် ရီးယဲလ်မှာ ကစားသမားအချို့ ဒဏ်ရာပြဿနာ ရှိနေပေမယ့်လည်း ဆိုလာရီကတော့ နိုင်ပွဲရယူဖို့ မျှော်လင့်နေတာပါ။ ရီးယဲလ်အသင်းအနေနဲ့ ဗိုလ်လုပွဲကိုရောက်ရှိခဲ့မယ်ဆိုရင် အာဂျင်တီးနားကလပ် ရေးဗားပလိတ်အသင်းနဲ့ ရင်ဆိုင်ရဖို့ရှိနေတယ်လို့ ခန့်မှန်းမှုတွေ ရှိနေပါတယ်။

READ
၁၁-၈-၂၀၁၈ အတွက် မနက်ခင်း ဦီးဦးဖျားဖျား အားကစားသတင်းများ
AFP

ဗယ်လ်ဗာဒီ ။    ။ ဘာစီလိုနာအသင်းနည်းပြ ဗယ်လ်ဗာဒီ က ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ပွဲစဉ်မှာ ရင်ဆိုင်ရမယ့် လိုင်ယွန်အသင်းကို လျော့မတွက်သင့်ဘူးလို့ ကစားသမားတွေကို သတိပေးလိုက်ပါတယ်။ ချန်ပီယံလိဂ်ရဲ့ အုပ်စုအဆင့်ပွဲစဉ်မှာ မန်စီးတီးကို အခက်တွေ့အောင် ကစားထားနိုင်ခဲ့တဲ့ လိုင်ယွန်ဟာ ရှုံးပွဲလုံးဝမရှိပဲ နောက်တစ်ဆင့်ကို တက်လာတာဖြစ်ပြီး သူတို့ရဲ့အကောင်းဆုံး ပုံစံကို ပြသထားခဲ့တာပါ။ ဗယ်လ်ဗာဒီက လိုင်ယွန်ဟာ တန်ပြန်တိုက်စစ်ကစားပုံကောင်းတဲ့ အသင်းတစ်သင်းဖြစ်ကြောင်းနဲ့ အသင်းလိုက်စုစည်းမှုအားလည်းကောင်းကြောင်း ချီးကျူးသွားခဲ့ပါတယ်။

အေဂျက်ဇ် ။     ။ အေဂျက်ဇ်အသင်းရဲ့ CEO အဖြစ် တာဝန်ယူနေတဲ့ မန်ယူဂိုးသမားဟောင်း ဗန်ဒါဆားက အသင်းရဲ့ လူငယ်ကစားသမားတွေဖြစ်တဲ့ ကွင်းလယ်လူ ဒီဂျောင်နဲ့ နောက်ခံလူ ဒီလစ် တို့ကို ရောင်းချသွားမှာမဟုတ်ဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။ ဒီ ကစားသမားနှစ်ယောက်ကို ဂျူဗင်တပ်စ်၊ ဘာစ်ီလိုနာနဲ့ မန်စီးတီးအသင်းတို့က ခေါ်ယူဖို့ ကြိုးစားနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ ဒီဂျောင်ကို ခေါ်ယူဖို့ အနီးစပ်ဆုံးအခြေအနေတွေ ဖြစ်နေပြီလို့ သတင်းတွေ ထွက်ခဲ့ပါသေးတယ်။

READ
ဇန်န၀ါရီဈေးကွက်မှာ ဆန်းချက်ဇ်ကို အရခေါ်ယူဖွယ်ရှိနေတဲ့ ချယ်လ်ဆီး
EPA

ရာဘီယော့ ။    ။ PSG အသင်းရဲ့ ကွင်းလယ်ကစားသမား ရာဘီယော့ဟာ ဆွေးနွေးမှုတွေ ပြုလုပ်အပြီးမှာတော့ အသင်းကနေ ထွက်ခွာဖို့ သေချာသွားခဲ့ပြီဖြစ်ကြောင်း သတင်းတွေက ဖော်ပြနေကြပါတယ်။ PSG အသင်းရဲ့ အားကစားဒါရိုက်တာကိုယ်တိုင်က ဒီသတင်းကို အတည်ပြုပေးခဲ့ပြီး ဒီရာသီကုန်မှာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ရှိနေတာပါ။ ပြင်သစ်သတင်းစာတွေကတော့ PSG ဟာ လာမယ့် ဇန်န၀ါရီအပြောင်းအရွှေ့မှာ ရာဘီယော့ကို ရောင်းထုတ်ဖို့ စဉ်းစားသွားမှာဖြစ်ပြီး သူတို့ရနိုင်သမျှ ငွေကြေးပမာဏကို အရယူမှာဖြစ်ကြောင်း သုံးသပ်နေကြပါတယ်။

အယ်လီဂရီ ။    ။ ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီက အက်သလက်တီကိုအသင်းဟာ မာကျောတဲ့အသင်းတစ်သင်းဖြစ်ပေမယ့် သူတို့ကို ရင်ဆိုင်ဖို့ ကြောက်နေမှာမဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဂျူဗင်တပ်စ်ဟာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ပြိုင်ပွဲရဲ့ ပထမအကျော့ပွဲစဉ်ကို စပိန်မြေမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အက်သလက်ရဲ့ ကစားပုံက ဂျူဗင်တပ်စ်ကို အခက်တွေ့စေနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေတာပါ။ အယ်လီဂရီကတော့ အက်သလက်ဟာ အသင်းကောင်းတစ်သင်း ဖြစ်ပေမယ့် ဂျူဗင်တပ်စ်ဟာ ဥရောပအတွေ့အကြုံအများကြီးရှိတဲ့အသင်းတစ်သင်းဖြစ်တယ်လို့ ပြန်လည်တုန့်ပြန်သွားခဲ့ပါတယ်။

Linn

Source : TheSun , Mirror , Goal

SHARE