၁၈-၂-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ဆိုးလ်ရှား ။      ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ဒီနေ့ည ကစားမယ့် ချယ်လ်ဆီးအသင်းနဲ့ ပွဲစဉ်ဟာ တိုက်စစ်ကစားသမား ဆန်းချက်ဇ်ရဲ့ ခြေစွမ်းကို စောင့်ကြည့်ရမယ့်ပွဲစဉ်ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ မန်ယူရဲ့တောင်ပံတိုက်စစ်ကစားသမား မာရှယ် မပါဝင်နိုင်တဲ့အနေအထားကို ဆိုးလ်ရှားက ဆန်းချက်ဇ်နဲ့ အစားထိုးဖို့ ပြင်ဆင်နေပြီး ချီလီတိုက်စစ်မှူးအနေနဲ့ သူ့ရဲ့အကောင်းဆုံး ပုံစံကို ပြသနိုင်လိမ့်မယ်လို့ ဆိုးလ်ရှားက ယုံကြည်နေပါတယ်။ မန်ယူပရိသတ်တွေကတော့ ဆန်းချက်ဇ်အစား တာဟစ်ချောင် ကို ထည့်သွင်းဖို့ တိုက်တွန်းနေကြပြီး လူငယ်ကစားသမားလေးကို နေရာပေးသင့်တယ်လို့ မှတ်ချက်ပေးနေကြပါတယ်။

မက်ဆီ ။         ။ ဘာစီလိုနာအသင်းတိုက်စစ်မှူးဟောင်း ဆွန်နီ အန်ဒါဆင် က ဘာစီလိုနာအနေနဲ့ မက်ဆီရဲ့နေရာကို အစားထိုးဖို့ဟာ ဘရာဇီးတိုက်စစ်မှူး ရော်နယ်ဒိုကို အင်တာမီလန်အသင်းဆုံးရှုံးလိုက်ရတဲ့အချိန်ထက် ခက်ခဲတယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ ဘာစီလိုနာအသင်းအတွက် (၁၉၉၇) ခုနှစ်မှာ ကစားပေးခဲ့တဲ့ ဘရာဇီးတိုက်စစ်မှူး အန်ဒါဆင် က သူ့ရဲ့နိုင်ငံအသင်းဖော် တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ နှိုင်းယှဉ်ပြီး ဘာစီလိုနာကို ဥပမာပေးသွားခဲ့တာပါ။ (၁၉၉၇)ခုနှစ်ကနေ (၂၀၀၂)ခုနှစ်အထိ အင်တာအတွက်ကစားပေးခဲ့ပြီး (၆၈)ပွဲမှာ (၄၉)ဂိုး သွင်းယူပေးခဲ့တဲ့ ရော်နယ်ဒိုဟာ (၂၀၀၂)ခုနှစ်မှာတော့ ရီးယဲလ်ကိုပြောင်းရွှေ့သွားခဲ့ပြီး အင်တာမီလန်အနေနဲ့ ရုန်းကန်ခဲ့ရတဲ့အခြေအနေတွေ ဖြစ်ခဲ့တာပါ။ အန်ဒါဆင်က မက်ဆီသာ ဘာစီလိုနာမှာ မရှိတော့ရင် ဘာစီလိုနာအသင်း အစွမ်းကုန်ရုန်းကန်ရလိမ့်မယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

READ
ကွန်တီကိုငြင်းပြီး မော်ရင်ဟိုအတွက်ကစားဖို့ ရွေးခဲ့ရခြင်းအကြောင်းကို လူကာကူဖွင့်ဟ
Goal

ဘိုတန် ။         ။ ဘိုင်ယန်မြူးနစ်အသင်းဟာ မနက်ဖြန်ညမှာ ကစားရမယ့် လီဗာပူးလ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွက် အဓိက နောက်ခံလူ ဘိုတန်ကို ချန်လှပ်ထားခဲ့ရပါတယ်။ ဘိုတန်ဟာ ၀မ်းဗိုက်ဝေဒနာ ခံစားနေရပြီး အစာအိမ်အတွက် စစ်ဆေးမှုတွေ ပြုလုပ်နေရတာကြောင့် ဒီပွဲကို လွဲချော်ရတော့မှာပါ။ အော့စ်ဘတ်နဲ့ပွဲမှာ ဒဏ်ရာရရှိသွားခဲ့တဲ့ တောင်ပံကစားသမား ကိုမန် က ဒီပွဲရဲ့ လူစာရင်းထဲမှာ ပါဝင်လာခဲ့ပြီး ဇနီးသည်ရဲ့မီးဖွားမှုကြောင့် အသင်းကနေ ခွင့်ယူထားတဲ့ ရစ်ဘာရီကလည်း လီဗာပူးလ်ကို သူ့ရဲ့အစီအစဉ်နဲ့သူ ရောက်ရှိလာမှာဖြစ်ပါတယ်။

AFP

ကာဖူး ။ ။ ဘရာဇီးအသင်းရဲ့ ဂန္ဓ၀င်နောက်ခံကစားသမား ကာဖူးက PSG အသင်းဟာ နေမာ မပါဝင်နိုင်ရင်တောင်မှ ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ ရောက်ရှိသွားလိမ့်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။ PSG ဟာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပထမအကျော့ပြိုင်ပွဲမှာ နေမာ၊ ကာဗာနီ တို့ကို ဆုံးရှုံးထားရပေမယ့်လည်း မန်ယူကို (၀-၂)ဂိုးနဲ့ အနိုင်ရရှိထားခဲ့တာပါ။ ကာဖူးက PSG ဟာ နေမာ မပါဝင်နိုင်မယ့်အခြေအနေမှာတောင် အကောင်းဆုံးပုံစံမှာ ရှိနေပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ ရောက်သွားလိမ့်မယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

READ
၁၂-၁၀-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
Twitter

လိုဗရန် ။         ။ လီဗာပူးလ်အသင်း နောက်ခံကစားသမား လိုဗရန်ဟာ ကြံ့ခိုင်မှုမပြည့်တဲ့ ပြဿနာနဲ့ရင်ဆိုင်နေရပြီး ဘိုင်ယန်နဲ့ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်အတွက် မသေချာတဲ့အနေအထားကိုရောက်ရှိနေပါတယ်။ လိုဗရန်ဟာ လီဗာပူးလ်ရဲ့ ချန်ပီယံလိဂ် လူစာရင်းထဲမှာ ပါဝင်လာခဲ့ပေမယ့် အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနိုင်ခြင်းမရှိသေးတဲ့ အနေအထားဖြစ်နေပြီး နည်းပြ ကလော့ပ်အတွက် စိတ်ပူစရာ ဖြစ်နေခဲ့တာပါ။ လိုဗရန်သာ မကစားနိုင်ရင် လီဗာပူးလ်ခံစစ်အတွက် မာတစ်နဲ့ ဗန်ဒိုက်တို့ တွဲဖက်ကစားရမှာဖြစ်ပြီး ဖာဘင်ဟို ကလည်း ဗဟိုခံစစ်ကစားသမားအဖြစ် ကစားဖို့ အသင့်ရှိနေပါတယ်။

အီရန် ။ ။ အီရန်နိုင်ငံအခြေစိုက် AN ရုပ်သံလိုင်းဟာ ပြီးခဲ့တဲ့ သောကြာညမှာ ကစားခဲ့တဲ့ အော့စ်ဘတ်နဲ့ ဘိုင်ယန်အသင်းတို့ ပွဲစဉ်ကို ထုတ်လွှင့်နေရင်းက ထုတ်လွှင့်မှုကို ရပ်နားဖို့ဆုံးဖြတ်လိုက်ပါတယ်။ အကြောင်းကတော့ အဲဒီပွဲကို ကိုင်တွယ်တဲ့ အမျိုးသမီး ကွင်းလယ်ဒိုင်ကြောင့်ပဲ ဖြစ်ပြီး သူမရဲ့ဘောင်းဘီတိုကြောင့်နိုင်ငံတွင်းမှာ ပြသဖို့ မသင့်ဘူးလို့ ဆုံးဖြတ်ခဲ့တာကြောင့်ပါပဲ။ အီရန်အပါအ၀င် အစ္စလာမ်နိုင်ငံတွေမှာ အမျိုးသမီးတွေအနေနဲ့ ဘောင်းဘီတိုဝတ်ဆင်ခြင်းကို ကန့်သတ်ထားဆဲဖြစ်ပြီး အမျိုးသမီးအားကစားသမားတွေကိုလည်း ဘောင်းဘီရှည်တွေသာ ၀တ်ဆင်စေခဲ့တာပါ။

EPA

Linn

Source : TheSun , Goal , Mirror

SHARE