၁၈-၃-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ချယ်လ်ဆီး ။     ။ လီဗာပူးလ်ကစားသမားဟောင်း ဂရေမီဆောင်းနက်စ်က အဲဗာတန်အသင်းကို (၂-၀)နဲ့ ရှုံးခဲ့တဲ့ ပွဲစဉ်မှာ ချယ်လ်ဆီးကစားသမားတွေရဲ့ ကစားပုံက ဆိုးဆိုးရွားရွားဖြစ်ခဲ့ကြောင်း သုံးသပ်လိုက်ပါတယ်။ ဆောင်းနက်စ်က ချယ်လ်ဆီးကစားသမားတွေဟာ အဲဒီပွဲစဉ်မှာ တစ်ဖက်ကို (၅)ဦးစီ ခွဲပြီး ကစားနေတာနဲ့ တူနေတယ်လို့ မှတ်ချက်ပေးလိုက်တာပါ။ ချယ်လ်ဆီးဟာ အသင်းတစ်သင်းရဲ့ ပုံစံမျိုး မရှိပဲ ကစားသမားတွေဟာ (၅)ဦးတစ်ဖွဲ့စီ ဖွဲ့ထားသလိုမျိုး ဖြစ်နေတယ်လို့ သူ့ရဲ့အမြင်ကို ပြောဆိုသွားခဲ့ပါတယ်။

ပိုချက်တီနို ။     ။ စပါးအသင်းကွင်းလယ်ကစားသမားဟောင်း ရက်ဒ်နက်ဒ်က မန်ယူအသင်းတာဝန်ရှိသူတွေဟာ သူတို့ရဲ့နည်းပြရာထူးအတွက် စပါးနည်းပြ ပိုချက်တီနိုကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ ပိုချက်တီနိုသာ စပါးအသင်းကနေ ထွက်ခွာမယ်ဆိုရင် မန်ယူအသင်းက အဆင်သင့်ကြိုဆိုနေမှာဖြစ်ပြီး ဆိုးလ်ရှားအနေနဲ့ ချန်ပီယံလိဂ်ဆုဖလား ယူနိုင်မယ်ဆိုကာမှပဲ အမြဲတမ်းနည်းပြဖြစ်လာဖွယ်ရှိတယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ မန်ယူအသင်းဟာ လက်ရှိအချိန်အထိ အမြဲတမ်းနည်းပြ ရာထူးအတွက် တရားဝင်ကြေညာမှု မလုပ်သေးပဲ ဆိုးလ်ရှားအပြင် အခြားနည်းပြတွေရဲ့အခြေအနေတွေကို စောင့်ကြည့်နေဆဲသာ ရှိပါသေးတယ်။

Goal

ဘေးလ် ။        ။ မန်ယူအသင်းနည်းပြဟောင်း ဒေးဗစ်မိုရက်စ်က (၂၀၁၃)ဘောလုံးရာသီတုန်းက မန်ယူအသင်းဟာ ဂါရက်ဘေးလ်ကိုခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံးအခြေအနေအထိရောက်ခဲ့ကြောင်းနဲ့ စာချုပ်မှာ လက်မှတ်ထိုးခါနီးကာမှ သဘောတူညီမှု ပျက်ပြယ်သွားခဲ့တာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မိုရက်စ်က မန်ယူအသင်းဟာ ဘေးလ်ကို သွားရောက်ခေါ်ဆောင်ဖို့အတွက် ဟယ်လီကော်ပတာ တစ်စင်းကိုတောင် အသင့်ပြင်ထားခဲ့ကြောင်းနဲ့ အပြောင်းအရွှေ့ဟာ နောက်ဆုံးမှာ ဖြစ်မလာခဲ့ကြောင်း ပြန်လည်ပြောဆိုလိုက်တာပါ။ မိုရက်စ်က မန်ယူအသင်းဟာ အဲဒီအချိန်မှာ ကွင်းလယ်လူ ဖာဘရီဂက်စ်နဲ့ တိုနီခရူးစ်တို့ကိုလည်း ခေါ်ယူနိုင်ဖို့ ကြိုးစားနေခဲ့သေးကြောင်း ပြောဆိုသွားခဲ့ပါတယ်။

READ
ဦးဦးဖျားဖျား အားကစားသတင်းများ (ပိုချက်တီနိုရဲ့ စပါးအသင်းနိုင်ပွဲပေါ် မှတ်ချက်နှင့်အတူ)
Goal

ကာရေဂါ ။       ။ အန်​ဖီး ဂန္ထ၀င်​ ကစားသမား ​ဂျေမီကာ​ရေဂါက မ​နေ့ညက ဖူဟမ်​အသင်းကို အနိုင်​ရရှိခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်​မှာ လီ​ဗာပူး တိုက်​စစ်​မှုး မိုဟာမက်​ဆာလား ရဲ့ ​ခြေစွမ်းကို ​သ​ဘောမကျ ဖြစ်​​နေပြီး တစ်​ကိုယ်​​ကောင်း ဆန်​ကာ ​လောဘကြီးလွန်း ​နေတယ်​လို့ ယူဆ​နေပါတယ်​။ ဆာလားဟာ အဆိုပါ ပွဲမှာ ​ဂိုး​ဖို့အတွက်​ ရုန်းကန်​ ခဲ့ရပြီး အခွင့်​အ​ရေး ​တွေ လွဲ​ချော်​ ခဲ့တဲ့အပြင်​ တစ်​ဦးချင်း ​​ကျော်​ဖြတ်​မှု​တွေ ၊ ​ဘောလုံး ​ပေးပို့မှု​​တွေ လိုအပ်​ချက်​ များပြား ခဲ့ပြီး လီ​ဗာပူး အတွက်​ ဂိုး​ပေါက်​​ပျောက်​​နေမှုဟာ ၇ပွဲ ထိ ရှိသွားခဲ့ပါတယ်​။ ကာ​ရေဂါက ဆာလားဟာ ရိုးမား ကနေ လီ​ဗာပူး ကို ​ရောက်​လာပြီးကတည်းက အန်​ဖီးမှာ အ​ကောင်းဆုံး စွမ်း​ဆောင်​ ခဲ့တယ်​ဆိုတာ အသိအမှတ် ပြုခဲ့​ပေမယ့်​လည်း ဆာလား အ​နေနဲ့ အသင်းလိုက်​ ကစားတက်​ဖို့ ပိုမို လိုအပ်​တယ်​လို့ အကြံ​ပေး သွားပါတယ်​။

AFP

မာတစ် ။         ။ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ် ကစားသ မား ဖြစ်သူ နီမန်ဂျာ မာတစ်
က FA ဖလား ပြိုင်ပွဲ မှ စိတ်ပျက် ဖွယ် ထွက်ခွာ ခဲ့ ရတဲ့ နောက် အသင်း ဟာ အခု ပရီးမီးယား လိဂ် ထိပ်သီး လေးသင်း စာရင်း ဝင်ရောက် နိုင်ဖို့ အတွက် အထူး အာရုံ စိုက် နေကြောင်း ၊ ဒီ ရာသီ ဟာ ကုန်ဆုံး သွားတာ မဟုတ် သေးကြောင်း ပြိုင်ဖက် အာဆင်နယ် ၊ တော့တင်ဟမ် နဲ့ ချဲလ်ဆီး အသင်း တွေကို သတိပေး စကား ဆိုသွား ခဲ့ပါတယ် ။ မာတစ် က မန်ယူအသင်း ဟာ နောက် ရာသီ ချန်ပီယံ လိဂ် ဝင်ရောက် နိုင်ရေး အတွက် လက်ကျန် ပွဲစဉ် တွေမှာ တစ်ကယ့် ကို ခက်ခဲ တဲ့ ပြိုင်ပွဲ တစ်ခု ဖြစ်လာ အောင် လုပ်ဆောင် သွားမှာ ဖြစ်ကြောင်း ပြိုင်ဖက် အသင်း တွေကို သတိပေး စကား ဆိုသွားခဲ့ပါတယ် ။

READ
၁၅-၂-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Linn

Source : Goal , Dailymail , Mirror

SHARE