၁၈-၇-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter "Goal"

ရီးယဲလ် ။        ။ ရီးယဲလ်အသင်းဟာ ပေါ့ဂ်ဘာရဲ့ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်သန်း(၁၈၀)ကို ပေးချေနိုင်ဖို့အတွက် ဘေးလ် ၊ ဂျိမ်းစ်ရိုဒရီဂွက်ဇ် ၊ ဆီဘယ်လို့စ် ၊ အဆန်ဆီယို၊ အစ္စကို တို့ကို ရောင်းချသွားဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း Marca က ဖော်ပြလိုက်ပါတယ်။ ရီးယဲလ်ဟာ အစ္စကိုနဲ့ အဆန်ဆီယို တို့ရဲ့ တန်ကြေးကို ပေါင်(၇၂)သန်းအဖြစ် သတ်မှတ်လိုက်ပြီး ဒီကစားသမား(၅)ဦးရောင်းချမှုကနေ ပေါင်သန်း(၂၀၀)အထိရဖို့ မျှော်မှန်းထားတာပါ။

ဂွာဒီယိုလာ ။    ။ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာ က အသင်းရဲ့တောင်ပံကစားသမား ဆာနေး အနေနဲ့ မန်စီးတီးမှာ မပျော်ရွှင်ဘူးဆိုရင် အချိန်မရွေးထွက်ခွာသွားနိုင်ကြောင်း အသိပေးလိုက်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေသူ ဆာနေး ဟာ ကိုယ်တိုင်လည်း အသင်းပြောင်းဖို့ ဆန္ဒရှိနေခဲ့ပြီး မန်စီးတီးက ဆာနေးအတွက် ပေါင်သန်း(၁၀၀)အထိ အလိုရှိနေခဲ့တာပါ။ ဂွာဒီယိုလာကတော့ သူ့အနေနဲ့ ဆာနေးကိုဝယ်ယူဖို့ ကမ်းလှမ်းမှုတွေရှိလာခဲ့ရင်လည်း အသင်းမှာဆက်ရှိနေဖို့ အတင်းအကြပ် ကြိုးစားသွားမှာမဟုတ်ဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။

(AP Photo/Frank Augstein, File)

စတိဗ်ဘရုစ် ။    ။ နယူးကာဆယ်အသင်းရဲ့ တိုက်စစ်မှူးဟောင်း အလန်ရှီးယား က သူ့အနေနဲ့ နယူးကာဆယ်နည်းပြရာထူးကို လက်မခံဖို့ စတိဗ်ဘရုစ်ကို အကြံပေးခဲ့မိကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ လက်ရှိမှာ နယူးကာဆယ်အသင်းနည်းပြ ဖြစ်သွားပြီဖြစ်တဲ့ စတိဗ်ဘရုစ်ဟာ နည်းပြရာထူးအတွက် ကမ်းလှမ်းခံခဲ့ရစဉ်က အလန်ရှီးယားဆီ ဖုန်းဆက်ကာ တိုင်ပင်ခဲ့ပြီး အလန်ရှီးယားက ဒီနည်းပြရာထူးဟာ ပြဿနာရှိနိုင်ကြောင်း အကြံပေးခဲ့တာပါ။ ဒါပေမယ့် နောက်ဆုံးမှာတော့ ဘရုစ်တစ်ယောက် ဒီရာထူးကို လက်ခံသွားခဲ့လို့ အံ့သြမိတယ်လို့ ရှီးယားက ပြောဆိုသွားခဲ့ပါတယ်။

လီဗာပူးလ် ။     ။ လီဗာပူးလ်အသင်းနောက်ခံကစားသမားဟောင်းကြီး စတိဗ်နစ်ကိုးလ် က လီဗာပူးလ်ဟာ ဘယ်နောက်ခံလူနေရာအတွက် ဖူလ်ဟမ်ရဲ့ ဆက်ဆက်ဂ်နွန်ကို ခေါ်ယူအားဖြည့်သင့်တယ်လို့ အကြံပေးလိုက်ပါတယ်။ ဒီ ကစားသမားကို ရော်ဘတ်ဆန်ရဲ့ ဘယ်ခြမ်းခံစစ်မှာ အရန်အဖြစ် ရှိနေစေဖို့ နစ်ကိုးလ်က အကြံပြုလိုက်တာဖြစ်ပြီး မိုရီနို ထွက်ခွာသွားတဲ့ ကွက်လပ်ကို ဆက်ဆက်ဂ်နွန်နဲ့ ဖြည့်သင့်တယ်လို့ ပြောဆိုလိုက်တာပါ။

READ
(၂၁-၂-၁၈)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

 

ဘိုင်ယန် ။       ။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဆယ်လ်တာဗီဂိုတောင်ပံကစားသမား မန်ဒက်ဇ် ကို ပေါင်(၂၃)သန်းနဲ့ ခေါ်ယူဖို့ စီစဉ်နေတယ်လို့ Kicker က ဖော်ပြပါတယ်။ ဘွန်ဒက်စ်လီဂါ ချန်ပီယံအသင်းဟာ ရော်ဘင်နဲ့ ရစ်ဘာရီတို့ ထွက်ခွာသွားတဲ့ တောင်ပံနေရာတွေအတွက် အင်အားဖြည့်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး ချယ်လ်ဆီးလူငယ်ကစားသမား အိုဒွိုင်းကို အကြိမ်ကြိမ် ကြိုးစားခဲ့တာပါ။

အီကာဒီ ။        ။ အင်တာမီလန်အသင်းနဲ့ အဆင်မပြေဖြစ်နေတဲ့ တိုက်စစ်မှူး အီကာဒီ ဟာ နာပိုလီကိုပြောင်းရွှေ့ဖို့ ဆွေးနွေးနေပြီလို့ Dello Sport က ဖော်ပြပါတယ်။ ကွန်တီရဲ့လက်အောက်မှာ နေရာရဖွယ်မရှိတော့ပဲ အသင်းရဲ့ ခြေစမ်းပွဲခရီးစဉ်ကတောင် ပြန်လွှတ်ခံခဲ့ရသူ အီကာဒီ ဟာ နာပိုလီအသင်းကို ပြောင်းရွှေ့ရမယ့်အခြေအနေတွေ ဖြစ်ပေါ်နေခဲ့ပြီး ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို လက်လွှတ်ခဲ့ရတဲ့ နာပိုလီကလည်း အီကာဒီကိုခေါ်ဖို့ စိတ်ဝင်စားနေခဲ့ပါတယ်။

READ
စက်ဘီးပြိုင်ပွဲမှာရှေ့ဆုံးကဦးဆောင်နေပေမဲ့ ဗိုက်နာလို့လမ်းဘေးမှာကိစ္စရှင်းခဲ့ရသူ

Linn

Source : TheSun , Goal , Mirror

SHARE