(၁၈-၆-၂၀၁၈) အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

(AP Photo/Dmitri Lovetsky)

ဆွီဒင် ။          ။ ဆွီဒင်အသင်းရဲ့ လက်ထောက်နည်းပြ ဂျက်ကော့ဆင်ဟာ တံခါးပိတ် လေ့ကျင့်နေတဲ့ တောင်ကိုရီးယားအသင်းရဲ့ လေ့ကျင့်ရေးကွင်းထဲကို ရောက်သွားခဲ့ပြီးနောက် ဆွီဒင်အသင်းတာဝန်ရှိသူတွေ အနေနဲ့ ဖြေရှင်းမှုတွေ ပြုလုပ်ခဲ့ရပါတယ်။ ဆွီဒင်နဲ့တောင်ကိုရီးယားအသင်းတို့ဟာ ဒီနေ့ညနေ (၆း၃၀) အချိန်မှာ ကစားကြမှာဖြစ်ပြီး ဆွီဒင်အသင်းအနေနဲ့ တောင်ကိုရီးယားရဲ့ ကစားကွက်တွေကို ထောက်လှမ်းခဲ့တာ မဟုတ်ရပါဘူးလို့ နည်းပြ အန်ဒါဆန်က ငြင်းဆိုလိုက်ပါတယ်။

(AP Photo/Vadim Ghirda)

ရုရှား ။  ။ ကမ္ဘာ့ဖလားကျင်းပရာမြို့တော်တွေထဲက တစ်ခုဖြစ်တဲ့ နော့ဗ်ဂိုရော့ မြို့မှာ ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုကနေ အလင်းရောင်တွေဖြာထွက်ခဲ့ပြီး တွေ့မြင်ခဲ့ကြသူတွေအတွက် ထင်ယောင်ထင်မှားဖြစ်စေခဲ့ပါတယ်။ ဂြိုဟ်တုနဲ့ တွဲဖက်ပြီး ပစ်ရတဲ့ ဒုံးကျည်တစ်မျိုးကို ရုရှားတို့ စမ်းသပ်နေကြတာဖြစ်ပြီး တွေ့မြင်ခဲ့သူတွေကတော့ တခြားကမ္ဘာက လာတဲ့ ယာဉ်ပျံတွေလို့ အင်တာနက်မှာ ရေးသားနေခဲ့ကြတာပါ။ ရုရှားရဲ့စစ်ဖက်ဆိုင်ရာ တာဝန်ရှိသူတွေကိုယ်တိုင်က အဲဒီအလင်းရောင်တွေဟာ ဒုံးကျည်စမ်းသပ်မှုကနေ ဖြစ်ပေါ်လာတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပနားမား ။       ။ ပနားမားအသင်းရဲ့နည်းပြ ဂိုမက်ဇ်က သူ့အသင်းအနေနဲ့ အင်္ဂလန် ဒါမှမဟုတ် ဘယ်လ်ဂျီယံအသင်း တစ်သင်းကိုနို င်ခဲ့မယ်ဆိုရင် ဗော့ကာအရက်နှစ်ပုလင်းကို သောက်ပြမယ်လို့ ဟာသလုပ် ပြောဆိုလိုက်ပါတယ်။ ပနားမားအသင်းဟာ ဒီနေ့ည (၉း၃၀)မှာ ဘယ်လ်ဂျီယံအသင်းနဲ့ ရင်ဆိုင်ကစားရမှာပါ။

READ
စက်ဘီးပြိုင်ပွဲမှာရှေ့ဆုံးကဦးဆောင်နေပေမဲ့ ဗိုက်နာလို့လမ်းဘေးမှာကိစ္စရှင်းခဲ့ရသူ
(AP Photo/Arnulfo Franco)

ဝီလ်ရှိုင်းယား ။  ။ အာဆင်နယ်အသင်းကနေ စာချုပ်ကုန်ဆုံးပြီး ထွက်ခွာတော့မယ့် ၀ီလ်ရှိုင်းယားကို ၀က်စ်ဟမ်းအသင်းနဲ့အပြိုင် ပဲလေ့စ်အသင်းကလည်း ခေါ်ယူဖို့ ကြိုးစားနေပါပြီ။ ၀ီလ်ရှိုင်းယားအတွက် တစ်ပတ်ကို ပေါင် (၁၅၀,၀၀၀) ပေးဖို့ ပဲလေ့စ်က ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။ အဲဒီ မတိုင်ခင်တုန်းကတော့ ၀က်စ်ဟမ်းအသင်းက ၀ီလ်ရှိုင်းယားကို တစ်ပတ်ပေါင် (၁၃၀,၀၀၀) ပေးမယ်လို့ ကမ်းလှမ်ထားခဲ့တာပါ။

အင်္ဂလန် ။       ။ အင်္ဂလန်အသင်းရဲ့ တာဝန်ရှိသူတွေက သူတို့အသင်းရဲ့စားဖိုမှုး ထောက်ခံတဲ့ အစားအစာတွေကလွဲပြီး ကျန်တဲ့အစားအစာတွေကို မစားသုံးရဘူးလို့ အသင်းသားတွေကို ညွှန်ကြားလိုက်ပါတယ်။ အင်္ဂလန်အသင်းတာဝန်ရှိသူတွေက သူတို့ရဲ့ကစားသမားတွေကို အစာအဆိပ်သင့်မှာ စိုးတဲ့အတွက် အခုလို ညွှန်ကြားချက်ပေးရတာပါလို့ ဆိုပါတယ်။

(AP Photo/Dmitri Lovetsky)

ဂျော်ဂျင်ဟို ။     ။ နာပိုလီအသင်းရဲ့ ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုကို မန်စီးတီးက ကမ်းလှမ်းမှု ပြုလုပ်ထားပြီးဖြစ်တယ်လို့ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူက ဆိုလိုက်ပါတယ်။ ဂျော်ဂျင်ဟို ကိုယ်တိုင်ကလည်း မန်စီးတီးကို သွားချင်နေတယ်လို့ အေးဂျင့်က အီတလီသတင်းစာတစ်စောင်ကို ပြောပါတယ်။

READ
၂၈-၂-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ဖီဖာ ။   ။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က အီဂျစ်နဲ့ ဥရုဂွေးပွဲစဉ်မှာ ထိုင်ခုံနေရာ အလွတ်တွေ အများကြီး ရှိခဲ့တာနဲ့ ပတ်သက်ပြီး လက်မှတ်ရောင်းချဖို့ တာဝန်ယူထားတဲ့ မိတ်ဖက်ကုမ္ပဏီတွေကို အပြစ်တင်လိုက်ပါတယ်။ အဲဒီပွဲစဉ်မှာ လက်မှတ်စောင်ရေ (၃၀,၀၀၀)ကျော် ရောင်းချခဲ့ရတယ်လို့ စာရင်းတွေ တက်လာခဲ့ပေမယ့် တကယ်တမ်းမှာတော့ ပရိသတ် (၂၇,၀၁၅)သာပွဲကို လာရောက်ကြည့်ရှုခဲ့ပြီး ထိုင်ခုံအလွတ်တွေ အများကြီး ဖြစ်ပေါ်ခဲ့ရပါတယ်။

Linn

Source : Dailymail , TheSun , ESPN

SHARE