၁၉-၁၀-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / TheSun

ကလော့ပ် ။      ။ လီဗာပူးလ်အသင်းကို ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး တစ်လတာအကောင်းဆုံးနည်းပြဆု ရရှိခဲ့ပေမယ့် နည်းပြ ဂျာဂန်ကလော့ပ်ဟာ နောက်ဆုံး(၂၉)ပွဲ စွမ်းဆောင်ရည်အရ မန်ယူနည်းပြဆိုးလ်ရှားကို မမှီနိုင်သေးဘူးလို့ အချက်အလက်တွေက ဖော်ပြနေကြပါတယ်။ နောက်ဆုံးကိုင်တွယ်ခဲ့တဲ့ ပရီးမီးယားလိဂ် (၂၉)ပွဲရဲ့ရလဒ်တွေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဆိုးလ်ရှားက ကလော့ပ်ထက် နိုင်ပွဲရယူထားနိုင်မှု ပိုများနေပြီး အသင်းကို ပိုမိုအမှတ်ရအောင် လုပ်ပေးထားနိုင်တယ်လို့ အချက်အလက်တွေက ဖော်ပြနေကြပါတယ်။

မိုဗစ် ။  ။ အယ်လ်အေဂလက်ဆီအသင်းရဲ့တိုက်စစ်မှူးအေဗရာဟီမိုဗစ် က မေဂျာလိဂ်က ထွက်ခွာဖို့ အဆင်သင့်ပဲဆိုတဲ့အကြောင်းကို မီဒီယာတွေဆီ အသိပေးလိုက်ပါတယ်။ မန်ယူအသင်းကို ရောက်ရှိလာမယ်လို့ သတင်းတွေထွက်နေတဲ့အပေါ် မိုဗစ်က ငြင်းဆန်သွားခြင်းမရှိသလို မေဂျာလိဂ်က ထွက်ခွာဖို့ အဆင်သင့်ပဲလို့ ပြောဆိုလိုက်တာကြောင့် မိုဗစ်တစ်ယောက် မန်ယူအသင်းဆီ တစ်ကျော့ပြန်ရောက်လာဦးမလားဆိုတာ ပရိသတ်တွေအတွက် စိတ်ဝင်စားစရာဖြစ်လာခဲ့ပါတယ်။

 

ဘာဘာတော့ဗ် ။         ။ မန်ယူအသင်းတိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ် က မန်ယူအသင်းလူငယ်ကစားသမားတွေအနေနဲ့ လီဗာပူးလ်နဲ့ပွဲစဉ်မှာ အစွမ်းကုန်ကြိုးစားပြီး အနိုင်ယူပြလိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။ မန်ယူအသင်းအနေနဲ့ လက်ရှိမှာ ရလဒ်တွေဆိုးနေပေမယ့်လည်း ကစားသမားတွေဆီမှာတော့ အခွင့်အရေးအပြည့်ရှိနေပြီး ဘယ်လောက်အထိ ကောင်းအောင် လုပ်ြ့ပနိုင်မလဲဆိုတာ စောင့်ကြည့်ရမယ်လို့ ဘာဘာတော့ဗ်က ဆိုလိုက်ပါတယ်။

လမ်းပတ် ။      ။ ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်က ချယ်လ်ဆီးအသင်းကစားသမားတွေအနေနဲ့ လူမျိုးရေးခွဲခြားခံရရင် ကွင်းအတွင်းကနေ အချိန်မရွေး ပြန်လည်ထွက်ခွာလာနိုင်ကြောင်း အသိပေးလိုက်ပါတယ်။ ဘူလ်ဂေးရီးယားနဲ့ပွဲစဉ်မှာ အင်္ဂလန်ကစားသမားတွေ လူမျိုးရေးခွဲခြားခံရပြီးနောက် လမ်းပတ်က ချယ်လ်ဆီးအသင်း ကစားသမားတွေအနေနဲ့လည်း အလားတူလူမျိုးရေးခွဲခြားခံရရင် ကွင်းအတွင်းက ထွက်ခွာလာဖို့ အစီအစဉ်ပြုလုပ်ထားတယ်လို့ ပြောဆိုလိုက်ပါတယ်။

READ
အီဗရာဟီမိုဗစ်နဲ့လင်ဂတ်တို့ရဲ့အောင်ပွဲခံပုံကို ရယ်စရာအဖြစ်ဖန်တီးထားမှုများ

မန်ဇူကစ် ။       ။ ဂျူဗင်တပ်စ်အသင်းနည်းပြ ဆာရီက တိုက်စစ်မှူး မန်ဇူကစ်အနေနဲ့ ဂျူဗင်တပ်စ်အသင်းဖော်တွေနဲ့ လေ့ကျင့်ခန်းအတူမဆင်းတော့ကြောင်း မီဒီယာတွေဆီ အသိပေးလိုက်ပါတယ်။ လာမယ့်ဇန်န၀ါရီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ အတည်ပြုထားခဲ့တဲ့ မန်ဇူကစ်ဟာ အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခန်းမဆင်းရဖို့အတွက် အသင်းတာဝန်ရှိသူတွေနဲ့ သဘောတူညီမှုရခဲ့ပြီး အသင်းကနေ ထွက်ခွာသွားဖို့ လုံးဝ သေချာသလောက်ဖြစ်သွားခဲ့ပြီလို့ သိရပါတယ်။

Linn

Source : TheSun , Goal , Mirror

SHARE