၁၉-၁၁-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Mirror

မက်ဆီ ။ ။ မနေ့က ကစားခဲ့တဲ့ အာဂျင်တီးနားနဲ့ ဥရုဂွေးအသင်းတို့ရဲ့ ပွဲစဉ်မှာ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီနဲ့ ဥရုဂွေးတိုက်စစ်မှူး ကာဗာနီ တို့ ထိပ်တိုက်တွေ့ခဲ့ကြပြီး ထိုးကျိတ်ကြဖို့ စိန်ခေါ်တဲ့အထိတောင် ဖြစ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ (၂) ဂိုးစီ သရေကျခဲ့တဲ့ အဲဒီ ခြေစမ်းပွဲစဉ်အတွင်းမှာ မက်ဆီနဲ့ ကာဗာနီတို့အကြား တင်းမာမှုတွေဖြစ်ခဲ့ပြီး ကာဗာနီ ရဲ့ စိန်ခေါ်မှုကို မက်ဆီက “အချိန်မရွေးပဲ” လို့ တုန့်ပြန်ခဲ့တာကို ရုပ်သံမြင်ကွင်းတွေကနေ တစ်ဆင့် မြင်တွေ့ခဲ့ရပါတယ်။ မက်ဆီရဲ့ ဘာစီလိုနာအသင်းဖော် ဆွာရက်ဇ်ကတော့ မက်ဆီ ကို ဖျောင်းဖြနေခဲ့တာကို မြင်ခဲ့ရပြီး ပုံမှန်ဆို ဒေါသကြီးသူ တစ်ယောက်ဖြစ်တဲ့ ဆွာရက်ဇ်က ဒီပွဲစဉ်မှာတော့ ရန်ပွဲမဖြစ်အောင် ထိန်းသိမ်းတဲ့သူတစ်ယောက်အဖြစ် မြင်တွေ့ခဲ့ရတာပါ။

 

စပါး ။   ။ စပါးအသင်းဟာ ပိုချက်တီနိုရဲ့နေရာမှာ အစားထိုးဖို့အတွက် မော်ရင်ဟို အပါအ၀င် နည်းပြ (၄) ဦးကို ပစ်မှတ်ထားစောင့်ကြည့်နေတယ်လို့ TheSun က ဖော်ပြပါတယ်။ စပါးရဲ့ လျာထားစာရင်းမှာ ဘုန်းမောက်နည်းပြ အက်ဒီဟိုဝီ ၊ လိုက်ပ်ဇစ်အသင်းနည်းပြ နိုင်ဂျယ်မန်း ၊ နာပိုလီနည်းပြ အန်ဆယ်လော့တီ နဲ့ မော်ရင်ဟို တို့ ရှိနေကြပြီး အသင်းဥက္ကဌ လီဗိုင်းအနေနဲ့ ပိုချက်တီနိုရဲ့ အခြေအနေကို စောင့်ကြည့်နေတယ်လို့ TheSun က ဖော်ပြသွားခဲ့ပါတယ်။

ပိုချက်တီနို ။     ။ စပါးအသင်းနည်းပြ ပိုချက်တီနို အနေနဲ့ လက်ရှိအချိန်မှာ ရာထူးကနေ သူ့ရဲ့ သဘောဆန္ဒအလျောက် ထွက်ခွာသွားမယ်ဆိုရင် ပေါင်(၁၂.၅)သန်း ဆုံးရှုံးရမှာဖြစ်တယ်လို့ Mirror က ဖော်ပြပါတယ်။ ဘိုင်ယန်၊ ရီးယဲလ်အသင်းတို့ရဲ့ နည်းပြဖြစ်ဖို့ ရေပန်းစားနေတဲ့ ပိုချက်တီနို ဟာ အသင်းကနေ ထွက်ခွာသွားခဲ့မယ်ဆိုရင် စာချုပ်ပါအချက်အလက်တွေအရ စပါးအသင်းကနေ သူရရှိမယ့် ဆုကြေးငွေတွေကို ဆုံးရှုံးရမှာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

READ
အေဂျက်ကိုပဲ အားပေးမယ်ဆိုတဲ့ မန်ယူဂန္တ၀င်ဂိုးသမားကြီး ဗန်ဒါဆား

ဘေးလ် ။        ။ စနေညက ကစားခဲ့တဲ့ အဇာဘိုင်ဂျန်အသင်းနဲ့ ဝေးလ်အသင်းတို့ရဲ့ ပွဲစဉ်မှာ အသင်းပရိသတ်တွေက တိုက်စစ်မှူး ဂါရက်ဘေးလ်ကို ထောက်ခံတဲ့ ကြွေးကြော်သံတွေ ပြုလုပ်ခဲ့ကြပါတယ်။ စပိန်မှာ ဂေါက်သီးရိုက်ပြီး ရီးယဲလ်ရဲ့နေရာမပေးမှုကို ဆန့်ကျင်နေတယ်ဆိုတဲ့ ဂါရက်ဘေးလ်ကို ပရိသတ်တွေက “Wales , Golf , Madrid” လို့ အော်ဟစ်အားပေးခဲ့ကြပြီး မက်ဒရစ်မှာ ဂေါက်သီးရိုက်နေတဲ့ ဘေးလ်ရဲ့လုပ်ရပ် မှန်ကန်တယ်လို့ ထောက်ခံနေကြပါတယ်။

ဂလက်ဘတ် ။   ။ ဂျာမန်ကလပ် မိုချန်ဂလက်ဘတ်အသင်းဟာ အသင်းရဲ့ ကွင်းလယ်ကစားသမား ဖလိုရီယန် ကို (၂၀၂၄)ခုနှစ်အထိ အသင်းမှာ ရှိနေမယ့် သက်တမ်းတိုးစာချုပ် တစ်ရပ် ချုပ်ဆိုလိုက်ပါတယ်။ အသက် (၂၂)နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဒက်ဆယ်ဒေါ့ဖ်အသင်းကို အငှားနဲ့ သွားရောက်ကစားခဲ့ပြီး အသင်းကို တန်းပြန်တင်လာအောင် ကူညီပေးနိုင်ခဲ့သူပါ။

READ
၁-၃-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ဒီလစ် ။ ။ ဘာစီလိုနာအသင်းအကယ်ဒမီဒါရိုက်တာ ပက်ထရစ်ကလွိုင်ဗတ် က နယ်သာလန် နောက်ခံလူ ဒီလစ်အနေနဲ့ ဘာစီလိုနာအသင်းကို မရွေးချယ်မိတဲ့အပေါ် နောင်တရနေပြီလို့ ထင်မိကြောင်း ပြောဆိုလိုက်ပါတယ်။ အသက် (၂၀)အရွယ် နောက်ခံလူဟာ ဘာစီလိုနာနဲ့ ဂျူဗင်တပ်စ်တို့ရဲ့ အပြိုင်ကမ်းလှမ်မှုကို ရရှိခဲ့ပြီး ဂျူဗင်တပ်စ်အသင်းဆီကိုသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ။ လက်ရှိအချိန်မှာတော့ ဒီလစ် တစ်ယောက် ဂျူဗင်တပ်စ်မှာ နေရာရဖို့ ရုန်းကန်နေခဲ့ရပြီး ဘာစီလိုနာကို မရွေးချယ်မိတဲ့အတွက် နောင်တရနေလောက်ပြီလို့ ကလွိုင်ဗတ်က မှတ်ချက်ပေးခဲ့တာပါ။

Linn

Source : Mirror , TheSun , Goal

SHARE