၁၉-၅-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ကွန်ပနီ ။         ။ မန်​စီးတီးအသင်းနဲ့အတူ ဒီရာသီမှာ ဖလား ၃ လုံးဆွတ်​ခူးထားတဲ့ အ​သင်း​ခေါင်း​ဆောင်​ ဘယ်​လ်​ဂျီယံ​နောက်​ခံလူ ဗင်းဆင့်​ကွန်​ပနီဟာ ၁၁ နှစ်​ကြာဖြတ်​သန်းလာခဲ့တဲ့ မန်​ချက်​စတာအ​ခြေစိုက်​အသင်းက​နေ ထွက်​ခွာ​တော့မယ်​လို့ တရားဝင်​​ကြေညာလိုက်​ပြီဖြစ်​ပါတယ်​။ အသက် (၃၃)နှစ်အရွယ် နောက်ခံလူဟာ မနေ့ညက ကစားခဲ့တဲ့ ၀က်ဖို့ဒ်အသင်းနဲ့ ပွဲစဉ်ပြီးတဲ့နောက် (၂၄)နာရီ မပြည့်ခင်မှာပဲ အခုလို ကြေညာခဲ့တာဖြစ်ပြီး အံ့အားသင့်ဖွယ်ရာ ဆုံးဖြတ်ချက်ကို ပရိသတ်တွေဆီ အသိပေးခဲ့ပါတယ်။ ကွန်ပနီဟာ ဒီရာသီ မန်စီးတီးအသင်းရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ရှိနေခဲ့ပြီး လက်စတာအသင်းနဲ့ပွဲစဉ်မှာ သူ့ရဲ့သွင်းဂိုးကြောင့် မန်စီးတီးတို့ အနိုင်(၃)မှတ်ရရှိခဲ့တာဖြစ်ပါတယ်။

ဂွာဒီယိုလာ ။    ။ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြည်တွင်းဆုဖလား ၃ လုံးရယူနိုင်ရေးက ချန်ပီယံလိဂ်ဆုဖလားရယူဖို့ထက် ပိုခက်တယ်လို့ ပြောကြားလိုက်ပါတယ်။ ဒီရာသီမှာ ပရီးမီးယားလိဂ်နဲ့ လိဂ်ဖလားတွေကိုရယူထားတဲ့ မန်စီးတီးအသင်းဟာ မနေ့ညက ကစားသွားတဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲကို ဝက်ဖို့ဒ်အသင်းကို ၆ ဂိုးပြတ်ရယူပြီး တစ်ရာသီအတွင်း အင်္ဂလန်ပြည်တွင်းဖလား ၃ လုံးစလုံးကို ရယူနိုင်ခဲ့ပါတယ်။ ဒါဟာ အင်္ဂလန်ဘောလုံးသမိုင်းတစ်လျှောက် အမျိုးသားအသင်းတစ်သင်းအနေနဲ့ တစ်ရာသီအတွင်း ပြည်တွင်းဆုဖလား ၃ လုံးစလုံးကို ပထမဆုံးအကြိမ်ရယူနိုင်ခဲ့တဲ့ ရှားရှားပါးပါးဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။

Dailymail

ဇီဒန်း ။                ။ စပိန်သတင်းစာ မာကာရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်ဟာ အသင်းပြန်လည်တည်ဆောက်နိုင်ဖို့အတွက် နည်းပြဇီဒန်းကို ပြောင်းရွှေ့စရိတ် လုံလုံလောက်လောက်ပေးမှာဖြစ်ပါတယ်။ တစ်ကျော့ပြန်နည်းပြ ဇီဒန်းဟာ ကစားသမားသစ်တွေ ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင် ၂၆၅ သန်း သုံးခွင့်ရမယ်လို့ စပိန်သတင်းတွေက ရေးသားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဝေးလ်တိုက်စစ်မှူး ဂါရတ်ဘေးလ်အပါအဝင် ကစားသမား ၁၄ ဦးကို ရောင်းချဖို့ ပြင်ဆင်ထားပါတယ်။ ဂါရတ်ဘေးလ်ဟာ နည်းပြဇီဒန်းရဲ့ အနာဂတ်အစီအစဉ်မှာ မပါဝင်ပါဘူး။ ဂါရတ်ဘေးလ်ဟာ ခြေစွမ်းကျဆင်းနေပြီး ပရိသတ်တွေရဲ့ ဝေဖန်မှုကိုလည်း ရင်ဆိုင်နေရပါတယ်။

READ
(၃-၅-၁၈)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
AP

အိုနာနာ ။     ။ မန်ယူဟာ ဒီဂီယာနေရာ အစားထိုးဖို့ အေဂျက်ဂိုးသမား အိုနာနာကို ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းနဲ့ကမ်းလှမ်းခဲ့ပေမယ့် အေဂျက်အသင်းက လက်မခံဘဲပယ်ချလိုက်ကြောင်း ဗြိတိန်မီဒီယာတွေက ရေးသားခဲ့ပါတယ်။ ကင်မရွန်းလက်ရွေးစင်ဂိုးသမား အိုနာနာဟာ အေဂျက်အသင်းအတွက် အကောင်းဆုံးလက်စွမ်းပြနေတဲ့ ဂိုးသမားတစ်ဦးဖြစ်ပါတယ်။ အေဂျက်အသင်းအတွက် ဒီနှစ်ဘောလုံးရာသီက အောင်မြင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အေဂျက်အသင်းအတွက် အစွမ်းပြခဲ့တဲ့ ကစားသမားတွေထဲမှာ ဂိုးသမားအိုနာနာလည်း ပါဝင်နေပါတယ်။ အိုနာနာကို မန်ယူက ကမ်းလှမ်းခဲ့မှုကို ဒေးလီးရက်ကော့က ဖော်ပြခဲ့တာပါ။

TheSun

ဒီဂီယာ ။      ။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝက်က ဒီဂီယာဖက်က တောင်းဆိုထားတဲ့လစာကို ငြင်းဆန်လိုက်တာကြောင့် ကစားသမားရဲ့အနာဂတ်က မရေမရာဖြစ်လာနေပါတယ်။ ဒေးဗစ်ဒီဂီယာဟာ လွန်ခဲ့တဲ့ရှစ်နှစ်က အက်တလက်တီကိုမက်ဒရစ်အသင်းကနေ မန်ယူကိုပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာတော့ လက်စွမ်းအနည်းငယ်ကျဆင်းနေခဲ့ပြီး မဖြစ်သင့်တဲ့ အမှားတချို့ ကျူးလွန်ခဲ့ပါတယ်။ ဝုဒ်ဝက်ဒ်က သူ့အနေနဲ့ ဆန်းချက်ဇ်ကို ဒီလောက်လစာအများကြီးပေးခဲ့တာဟာ သိပ်မှားခဲ့တယ်လို့ ယူဆနေပြီး ဒီဂီယာနဲ့ပတ်သက်လို့ အလားတူအမှားမျိုး ထပ်မဖြစ်ချင်တဲ့အတွက် ဒီလောက်များပြားတဲ့ လစာငွေမျိုးမပေးနိုင်ကြောင်း အေးဂျင့်ဖြစ်သူကို အကြောင်းပြန်ထားတယ်လို့ဆိုပါတယ်။

READ
၁၁-၁၀-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ရော်နယ်ဒို ။   ။ ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်ဒိုက ဒီနေ့ညကစားမယ့် အတ္တလန္တာနဲ့ အိမ်ကွင်းပွဲစဉ်မှာ ရာသီအကုန်ကျရင်နည်းပြရာထူးက ထွက်ခွာတော့မယ့် အယ်လီဂရီအတွက် နှလုံးသားနဲ့ကစားဖို့ တိုက်တွန်းလိုက်သလို အီတလီသားနည်းပြဟာ ကြီးကျယ်မြင့်မြတ်တဲ့နည်းပြတစ်ဦး၊ လူသားတစ်ဦးဖြစ်တယ်လို့လည်း ချီးကျူးလိုက်ပါတယ်။ အသက် ၅၁ နှစ်အရွယ် အီတလီသားနည်းပြဟာ ၂၀၁၄ မှာ ကွန်တီရဲ့နေရာကိုဆက်ခံကာ ဂျူဗင်တပ်စ်နည်းပြဖြစ်လာပြီးနောက် တူရင်အခြေစိုက်အသင်းကို ၅ ရာသီအတွင်း စီးရီးအေချန်ပီယံ ၅ ကြိမ်၊ ကိုပါအီတာလီယာချန်ပီယံ ၄ ကြိမ်၊ အီတလီစူပါဖလားချန်ပီယံ ၂ ကြိမ်ရယူကာ ပြီးခဲ့တဲ့ ၂ ရက်က ရာသီအကုန်မှာ ဂျူဗင်တပ်စ်ကနေ ထွက်ခွာတော့မယ်လို့ ရုတ်တရက် ကြေညာခဲ့ပါတယ်။

Linn

Source : TheSun , Dailymail , Mirror

SHARE