၁၉-၇-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter "Dalian"

ရွန်ဒွန် ။ ။ နယူးကာဆယ်အသင်းမှာ နည်းပြ ဘင်နီတက်ဇ်နဲ့ လက်တွဲခဲ့ဖူးတဲ့ တိုက်စစ်မှူး ရွန်ဒွန်ဟာ ဘင်နီတက်ဇ်ရဲ့ လက်ရှိကလပ် ဒါလီယန်အသင်းကို ပြောင်းရွှေ့သွားခဲ့ပါပြီ။ ရွန်ဒွန်ရဲ့ မိခင်ကလပ်ဖြစ်တဲ့ ၀က်စ်ဘရွန်းဟာ ဒီအပြောင်းအရွှေ့အတွက် ပေါင်(၁၆.၅)သန်း ရရှိခဲ့ပြီး တရုတ်စူပါလိဂ်ကလပ်ဟာ ရွန်ဒွန်ကို စာချုပ်လျော်ကြေးပေးပြီး ခေါ်ယူသွားခဲ့တာပါ။

မန်ယူ ။ ။ မန်ယူအသင်းဟာ ဂျူဗင်တပ်စ်တိုက်စစ်မှူး ဒိုင်ဘာလာ ကို ခေါ်ယူဖို့အတွက် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ဖူးတယ်လို့ Gazzetta Sport က ဖော်ပြလိုက်ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ အဲဒီအချိန်တုန်းက ဒိုင်ဘာလာ အတွက် ပြောင်းရွှေ့ကြေး ပေါင်(၇၂)သန်းအလိုရှိခဲ့ပေမယ့်လည်း ဒိုင်ဘာလာ ကိုယ်တိုင်က အသင်းကနေ ထွက်ခွာဖို့ ဆန္ဒမရှိခဲ့တာကြောင့် အပြောင်းအရွှေ့ဟာ ဖြစ်ပေါ်လာခဲ့ခြင်းမရှိတာပါလို့ သတင်းမှာဖော်ပြခဲ့တာပါ။

(AP Photo/Andre Penner)

ဒယ်လိုဖူ ။       ။ ၀က်ဖို့ဒ်အသင်းတောင်ပံကစားသမား ဒယ်လိုဖူ က အေစီမီလန်အသင်းကို ပြောင်းရွှေ့မယ်ဆိုတဲ့သတင်းတွေအပေါ် ငြင်းဆန်သွားခဲ့ပြီး ၀က်ဖို့ဒ်အသင်းမှာသာ ပျော်ရွှင်နေကြောင်း ပြောဆိုလိုက်ပါတယ်။ ဒယ်လိုဖူဟာ (၂၀၁၇)ဘောလုံးရာသီက အဲဗာတန်အသင်းကနေ အေစီမီလန်အသင်းဆီကို အငှားနဲ့ သွားရောက်ကစားခဲ့ဖူးပြီး (၁၇) ပွဲကစား၊ (၄)ဂိုး သွင်းယူပေးခဲ့တာပါ။ လက်ရှိအချိန်မှာ ဒယ်လိုဖူကိုအေစီမီလန်က ပြန်လည်ခေါ်ယူချင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပြီး ကစားသမားက အဲဒီသတင်းတွေနဲ့ပတ်သက်လို့ တုန့်ပြန်သွားခဲ့တာပါ။

READ
၃၁-၅-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

အက်သလက် ။ ။ ဒီရာသီအပြောင်းအရွှေ့ကာလမှာ ကစားသမားအ၀င်အထွက် အများဆုံးက စပိန်ကလပ် အက်သလက်တီကိုအသင်းဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြပြီး အက်သလက်တီကိုက ထွက်ခွာသွားတဲ့ ကစားသမား (၁၃) ဦးအထိ ရှိခဲ့သလို ပြန်လည်ခေါ်ယူခဲ့တဲ့ ကစားသမားကလည်း (၁၀) ဦးအထိ ရှိခဲ့တာပါ။ ဂျူအန်ဖရန်၊ ဂိုဒင်၊ ရိုဒရီ၊ ဟာနန်ဒက်ဇ်၊ ဂရစ်ဇ်မန်း တို့လို အဓိက ကစားသမားတွေ ထွက်ခွာသွားခဲ့ကြပေမယ့် မားကို့စ်လိုရန်တီ၊ ဖိလစ်ပီ၊ ဟက်တာဟာရဲရား၊ ဂျာအိုဖိလစ်၊ ထရစ်မီယာ၊ ဟာမိုဆို တို့လို ကစားသမားကောင်းတွေ ထပ်မံရောက်ရှိလာတာကြောင့် အက်သလက်တီကိုဟာ ဒီရာသီမှာ ပိုပြီး စိတ်ဝင်စားဖို့ကောင်းနေလိမ့်မယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။

Twitter “B/R Sport”

ဂျိုလင်တန် ။     ။ ဟော်ဖင်ဟိန်းအသင်းဟာ သူတို့ရဲ့တိုက်စစ်မှူး ဂျိုလင်တန် ကို နယူးကာဆယ်ဆီ ရောင်းချဖို့ အပြီးသတ် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးလိုက်ပါတယ်။ အသက် (၂၂)နှစ်အရွယ် ဘရာဇီးတိုက်စစ်မှူးဟာ နယူးကာဆယ်နည်းပြ စတိဘရုစ်ရဲ့ ပထမဆုံးခေါ်ယူမယ့် တိုက်စစ်မှူး ဖြစ်လာဖို့ရှိနေပြီး ပြီးခဲ့တဲ့ ရာသီတုန်းက  ဟော့ဖင်ဟိန်းအသင်းအတွက် (၂၈)ပွဲကစား၊ (၇)ဂိုးသွင်းကာ (၅)ဂိုးဖန်တီးပေးနိုင်ခဲ့သူပါ။

READ
၁၇-၉-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

 

လိုရန်တေး ။     ။ စပါးအသင်းကနေ စာချုပ်ကုန်ဆုံးပြီး ထွက်ခွာလာခဲ့တဲ့ တိုက်စစ်မှူး လိုရန်တေး ကို စီးရီးအေကလပ် ဖီအိုရင်တီးနားအသင်းက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ အသက် (၃၄)နှစ်ရှိပြီဖြစ်တဲ့ တိုက်စစ်မှူးဟာ ဈေးကွက်ထဲမှာ ခေါ်ယူမယ့်အသင်းမရှိပဲ ဖြစ်နေဆဲဖြစ်ပြီး ဖီအိုရင်တီးနားအသင်းက တစ်နှစ်စာချုပ်နဲ့ ကမ်းလှမ်းခဲ့တာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

Linn

Source : Dailymail , Mirror , TheSun

SHARE