၁-၂-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ဆိုးလ်ရှား ။      ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက အသင်းနဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့တဲ့ တောင်ပံကစားသမား မာရှယ် ဟာ ရော်နယ်ဒိုရဲ့ ခြေရာနင်းနိုင်မယ့်သူမျိုးဖြစ်တယ်လို့ ချီးကျူးလိုက်ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက မန်ယူအသင်းကနေ ထွက်ခွာမယ်လို့ သတင်းတွေထွက်ခဲ့တဲ့ မာရှယ်ဟာ (၂၀၂၄)ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် (၂၀၀၀၀၀)အထိ ရရှိသွားတော့မှာဖြစ်ပါတယ်။ ဆိုးလ်ရှားက ရော်နယ်ဒိုဟာ မန်ယူအသင်းမှာ အကောင်းဆုံး ပုံစံနဲ့ ကစားပြခဲ့သလို မာရှယ်အနေနဲ့လည်း အဲဒီလို ကစားပြနိုင်ဖို့ မျှော်လင့်နေကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့တာပါ။

ဆွန်ဟောင်မင် ။ ။ စပါးအသင်းတိုက်စစ်မှူး ဆွန်ဟောင်မင် က ပရီးမီးယားလိဂ်ဟာ မြင်း(၃)ကောင်ပြေးနေတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပြီး စပါးအသင်းဟာ မန်စီးတီး၊ လီဗာပူးလ်တို့နဲ့အတူ ချန်ပီယံဆုဖလားအတွက် မျှော်လင့်ချက်ရှိနေဆဲ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ၀က်ဖို့ဒ်အသင်းကို (၂-၁)နဲ့ အနိုင်ယူခဲ့တဲ့ ပွဲစဉ်မှာ စပါးအတွက် သွင်းဂိုး တစ်ဂိုး သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူးဟာ ဟယ်ရီကိန်းမရှိတဲ့တိုက်စစ်ကို ဦးဆောင်ရမှာပါ။စပါးအသင်းဟာ လက်ရှိအချိန်မှာ အမှတ်ပေးဇယားရဲ့ တတိယနေရာမှာ ရပ်တည်နေပြီး ဒုတိယနေရာက မန်စီးတီးနဲ့ (၂)မှတ်၊ ပထမနေရာက လီဗာပူးလ်အသင်းနဲ့ (၇)မှတ် ကွာဟတဲ့ အနေအထားမှာ ရှိနေပါတယ်။

အာဆင်နယ် ။   ။ အာဆင်နယ်အသင်းရဲ့ ဒဏ်ရာရ ကစားသမားတွေဖြစ်ကြတဲ့ တိုက်စစ်မှူး ၀ဲလ်ဘက် နဲ့ နောက်ခံလူ ဟိုးလ်ဒင်း တို့ဟာ အပေါ့စားလေ့ကျင့်ခန်းတွေ ပြုလုပ်နေကြတဲ့ ဗီဒီယို ဖိုင်တစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်သွားခဲ့ပါတယ်။ နှစ်ယောက်စလုံးက ရာသီကုန်အထိ နားရမယ့်သူတွေ ဖြစ်ကြပေမယ့် သူတို့ရဲ့ ဒဏ်ရာ အမြန်ဆုံး ပြန်လည်ကောင်းမွန်လာဖို့အတွက် အပေါ့စားလေ့ကျင့်ခန်းတွေကို ကြိုးကြိုးစားစား ပြုလုပ်နေကြပြီး သတ်မှတ်ထားတာထက် အချိန်စောပြီး သက်သာလာဖို့ ကြိုးစားနေကြတာပါ။ ဟိုးလ်ဒင်းရဲ့ အင်စတာဂရမ်မှာ နှစ်ယောက်အတူ စက်ဘီးစီးလေ့ကျင့်ခန်းလုပ်နေတဲ့ ဓာတ်ပုံကို တင်ထားခဲ့ပြီး ဒဏ်ရာကကောင်းမွန်လာဖို့ ကြိုးစားနေတယ်လို့ ပရိသတ်တွေကို အသိပေးသွားခဲ့ပါတယ်။

READ
အန်တွိုင်း ဂရေဇ့်မန်း မန်ယူအသင်းသို့ ရောက်လာရင် ဖြစ်ပေါ်လာမဲ့ အချက် (၇) ချက်
Instagram

ဝုဗ် ။    ။ ၀ုဗ်အသင်းဟာ အက်သလက်တီကိုအသင်းကနေ အငှားနဲ့ခေါ်ယူထားခဲ့တဲ့ ဗဟိုနောက်ခံလူ ဂျွန်နီအော့တို ကို ပေါင် (၁၈)သန်းနဲ့ အပြီးသတ်ခေါ်ယူလိုက်ပါတယ်။ (၂၀၁၈) ဇူလိုင်လမှာ ၀ုဗ်အသင်းကို အငှားနဲ့ရောက်ရှိလာခဲ့တဲ့ ဂျွန်နီ ဟာ အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြခဲ့ပြီးတဲ့နောက် အမြဲတမ်းကစားသမားအဖြစ် ခေါ်ယူဖို့ ၀ုဗ်အသင်းက ဆုံးဖြတ်လိုက်တာပါ။ ဂျွန်နီအတွက် ၀ုဗ်အသင်း အသုံးပြုခဲ့တဲ့ ပေါင် (၁၈)သန်းဟာ အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေး ဖြစ်လာခဲ့ပြီး (၄)နှစ်ခွဲ စာချုပ်နဲ့ ခေါ်ယူသွားခဲ့တာဖြစ်ပါတယ်။

PA

ဒင်းနစ်ဆွာရက်ဇ် ။       ။ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမားသစ် ဒင်းနစ်ဆွာရက်ဇ်ဟာ အသင်းကို ရောက်ရှိလာတဲ့ ဒုတိယနေ့မှာပဲ တစ်ဦးတည်းလေ့ကျင့်ခန်း အစီအစဉ်ကို ပြုလုပ်ခဲ့ပြီး ပရိသတ်တွေကို နှုတ်ဆက်ခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့ တွစ်တာနဲ့ အင်စတာဂရမ်အကောင့်တွေမှာ ဆွာရက်ဇ်ရဲ့လေ့ကျင့်ခန်းဓာတ်ပုံတွေကို တင်ပြသွားခဲ့ပြီး ပွဲထွက်ဖို့အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း အသိပေးသွားခဲ့ပါတယ်။

READ
ရီးယဲအနေဖြင့် နေမာကိုခေါ်ယူလိုပါက ပေါင်သန်း(၄၃၀)ပေးရမည်ဟု ဖခင်သတိပေး
Arsenal FC

ဖူလ်ဟမ် ။       ။ ဖူလ်ဟမ်အသင်းဟာ ဘက်ဆစ်တပ်စ်အသင်းရဲ့ ကွင်းလယ်ကစားသမား ရွိုင်ယန်ဘာဘယ် ကို (၆)လ စာချုပ်နဲ့ ခေါ်ယူနိုင်လိုက်ပါတယ်။ အသက် (၃၂)နှစ်အရွယ် တောင်ပံကစားသမားဟာ ကာလတိုစာချုပ်နဲ့အတူ ပရီးမီးယားလိဂ်မှာ ကစားဖို့ ဆုံးဖြတ်ခဲ့ပြီး ဖူလ်ဟမ်အသင်းက အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူခဲ့တာပါ။ လီဗာပူးလ်အသင်းမှာ သုံးနှစ်ကျော် ဖြတ်သန်းခဲ့တဲ့ ဘာဘယ် ဟာ ဖူလ်ဟမ်အသင်းကို တန်းဆင်းဇုန်က လွတ်မြောက်ဖို့ ကူညီနိုင်လိမ့်မယ်လို့ ကလပ်အသင်းရဲ့ အမှုဆောင်ဥက္ကဌ တိုနီခမ်း က ဆိုလိုက်ပါတယ်။

Twitter

နယူးကာဆယ် ။ ။ နယူးကာဆယ်အသင်းဟာ မေဂျာလိဂ်ကလပ် အတ္တလန္တာအသင်းရဲ့ကွင်းလယ်လူ အယ်လ်မီရွန် ကို ကလပ်ရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် (၂၁)သန်းနဲ့ခေါ်ယူလိုက်ပါတယ်။ မေဂျာလိဂ်ရဲ့ အကောင်းဆုံးကွင်းလယ်လူတွေထဲက တစ်ယောက်လို့ သတ်မှတ်ခံထားရတဲ့ အယ်လ်မီရွန်ဟာ နယူးကာဆယ်နဲ့ (၅)နှစ်ခွဲ စာချုပ် ချုပ်ဆိုခဲ့တာပါ။ နယူးကာဆယ်အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေး ကစားသမားဟာ ရီးယဲလ်အသင်းကနေ ခေါ်ယူလိုက်တဲ့ တိုက်စစ်မှူး မိုက်ကယ်အိုဝင် ဖြစ်ပြီး အခုအချိန်မှာ အယ်လ်မီရွန်က အဲဒီစံချိန်ကို ချိုးဖျက်သွားခဲ့တာဖြစ်ပါတယ်။

Newcastle FC

Linn

Source : TheSun , Goal , Mirror

SHARE