၂-၁-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ပူလီဆစ် ။       ။ ဒေါ့တ်မွန်အသင်းဟာ အသင်းရဲ့တိုက်စစ်ကစားသမား ပူလီဆစ် ကို ချယ်လ်ဆီးအသင်းဆီ ရောင်းချဖို့သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တယ်လို့ တရားဝင်ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒေါ့တ်မွန်ဟာ ပူလီဆစ်ကို ပေါင် (၅၈)သန်းနဲ့ ရောင်းချဖို့ သဘောတူညီမှု ရရှိခဲ့တာဖြစ်တယ်လို့ သူတို့ရဲ့ တွစ်တာအကောင့်မှာ ဖော်ပြသွားခဲ့တာပါ။ ဒါပေမယ့် ဒေါ့တ်မွန်အသင်းအနေနဲ့ ပူလီဆစ်ကို ရာသီကုန်တော့မှသာ ချယ်လ်ဆီးအသင်းဆီ စေလွှတ်မှာဖြစ်ပြီး လက်ကျန်ရာသီဝက်မှာတော့ အငှားနဲ့ဆက်ပြီး အသင်းမှာခေါ်ထားဦးမယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ အမေရိကန်လူငယ်တိုက်စစ်ကစားသမားလေးဟာ ဒေါ့တ်မွန်အသင်းမှာ သူ့ရဲ့ခြေစွမ်းကောင်းကို ပြသသွားနေတာဖြစ်ပြီး အသင်းအတွက် (၁၁၅)ပွဲကစား၊ (၁၅) ဂိုးသွင်းကာ၊ (၂၄) ဂိုး ဖန်တီးပေးထားခဲ့ပါတယ်။

ရီးယဲလ် ။        ။ ရီးယဲလ်အသင်းဟာ ရော်နယ်ဒိုရဲ့နေရာကို အစားထိုးဖို့အတွက် တိုက်စစ်မှူး(၅) ဦးအထိ လျာထားပြီး အင်တာမီလန်ရဲ့ အီကာဒီ ၊ လိုက်ပ်ဇစ်အသင်းရဲ့တီမိုဝါနာ ၊ ဂျီနိုအာရဲ့ ပီယာတက်၊ စပို့တင်းလစ္စဘွန်းရဲ့ ဘက်ဒို့စ် နဲ့ စပါးအသင်းကနေ ထွက်ခွာတော့မယ့် လိုရန်တီ တို့ဖြစ်တယ်လို့ Marca ကဖော်ပြပါတယ်။ အဲဒီကစားသမားတွေထဲကမှ ရီးယဲလ်ကိုရောက်ဖို့ အနီးစပ်ဆုံးက အီကာဒီ နဲ့ တီမိုဝါနာ တို့ပဲ ဖြစ်ကြပြီး အီကာဒီ ဟာ ချယ်လ်ဆီးအသင်းနဲ့အပြောင်းအရွှေ့ ပျက်ပြယ်သွားခဲ့ပြီးတဲ့နောက် ရီးယဲလ်အသင်းကို စိတ်ဝင်စားလာဖွယ်ရှိတယ်လို့ Marca က ရေးသားသွားခဲ့တာပါ။

READ
Forbes က ထုတ်ပြန်တဲ့ ကမ္ဘာ့ ၀င်ငွေ အ ကောင်းဆုံး အားကစားသမားစာရင်း
Twitter

ဟာဇက် ။        ။ ချယ်လ်ဆီးအသင်းကွင်းလယ်ကစားသမား ဂျော်ဂျင်ဟို က ဟာဇက်ဟာ လာမယ့်နှစ်အနည်းငယ်အတွင်း ကမ္ဘာ့အကောင်းဆုံး ကစားသမားနေရာကို ရယူသွားမယ့်သူ ဖြစ်တယ်လို့ ချီးကျူးလိုက်ပါတယ်။ အသက် (၂၇)နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ လက်ရှိအချိန်မှာ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကို ဦးဆောင်နေရပြီး ချယ်လ်ဆီးရဲ့အထောင်တိုက်စစ်မှူးအဖြစ် ဆာရီရဲ့ စမ်းသပ်ခြင်းကို ခံနေရသူပါ။ ဂျော်ဂျင်ဟို က ဟာဇက်ရဲ့ခြေစွမ်းဟာ တကယ့်ကို အထင်ကြီးစရာဖြစ်ကြာင်းနဲ့ ဒီလိုအရည်အသွေးမျိုးတွေ့ခဲ့ရတဲ့ ကစားသမားတွေက လက်ချိုးရေလို့ရကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

လုခ်ရှော ။       ။ မန်ယူအသင်းနောက်ခံကစားသမား လုခ်ရှောက သူ့ရဲ့ကစားပုံဟာ မန်ယူနည်းပြ မော်ရင်ဟို ရှိတုန်းကအတိုင်းမဟုတ်တော့ပဲ လုံးဝကိုပြောင်းလဲသွားခဲ့ပြီလို့ ၀န်ခံလိုက်ပါတယ်။ လုခ်ရှောက နည်းပြသစ် ဆိုးလ်ရှားဟာ မန်ယူအသင်းကစားသမားတွေအတွက် ယုံကြည်မှုတွေကို ယူဆောင်လာခဲ့ပြီး တစ်ဦးချင်းကစားပုံကို တိုးတက်လာစေခဲ့တယ်လို့ ချီးကျူးသွားခဲ့တာပါ။ မန်ယူအသင်းဟာ ဆိုးလ်ရှားရဲ့လက်ထက် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ဆက်တိုက်နိုင်ပွဲတွေ ရနေခဲ့ပြီး ဒီနေ့ညမှာတော့ နယူးကာဆယ်အသင်းကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

AFP

အာဆင်နယ် ။   ။ အာဆင်နယ်အသင်းဟာ ရိုးမားအသင်းကွင်းလယ်ကစားသမား အွန်ဒါ ကို ပေါင် (၅၅)သန်းနဲ့ ကမ်းလှမ်းခဲ့ပြီး သူတို့ရဲ့ကမ်းလှမ်းမှုဟာ ပယ်ချခံခဲ့ရပါတယ်။ အာဆင်နယ်အသင်းဟာ ဒီကစားသမားလေးအတွက် စပါး၊ မန်ယူအသင်းတွေနဲ့အပြိုင်ဖြစ်နေပြီး အင်တာမီလန်နဲ့ (၂)ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ အွန်ဒါအတွက် ကင်းထောက်တစ်ယောက်လွှတ်ပြီး စောင့်ကြည့်ခိုင်းခဲ့တာပါ။ အသက် (၂၁)နှစ်အရွယ်သာ ရှိသေးပေမယ့် ရိုးမားရဲ့တိုက်စစ်ကစားပုံမှာ အဓိက ကျနေတဲ့ ကစားသမားလေးအတွက် ရိုးမားက ပေါင်သန်း(၆၀)ကျော် လိုချင်နေတယ်လို့ အီတလီသတင်းစာတွေက ဖော်ပြနေကြပါတယ်။

READ
(၇-၆-၁၈)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
(AP Photo/Petr David Josek)

အက်ရှ်လေယန်း ။        ။ ဒီရာသီကုန်ရင် မန်ယူအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာရတော့မယ့် နောက်ခံလူ အက်ရှ်လေယန်းကို အင်တာမီလန်အသင်းက (၂)နှစ် စာချုပ်နဲ့ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ အသက် (၃၃)နှစ်အရွယ် အင်္ဂလန်နောက်ခံလူဟာ မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ (၂၂၂)ပွဲအထိ ကစားပေးထားခဲ့ပြီး အသင်းမှာ (၈)နှစ်ကြာ ရှိနေခဲ့တာပါ။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ အသင်းနဲ့ အက်ရှ်လေယန်းအကြား စာချုပ်သက်တမ်းတိုးရေးတွေ အဆင်မပြေဖြစ်နေပြီး ရာသီကုန်ရင် အသင်းကနေ ထွက်ခွာသွားဖို့ဖြစ်လာခဲ့တာပါ။ အင်တာမီလန်ဟာ မော်ရင်ဟို ကိုင်တွယ်နေတဲ့အချိန်ကတည်းက အက်ရှ်လေယန်း ကို ခေါ်ယူဖို့ စောင့်ကြည့်နေခဲ့တာဖြစ်ပြီး ကမ်းလှမ်းမှုတွေကို စတင်ပြုလုပ်ဖို့ ပြင်ဆင်နေပါပြီ။

Linn

Source : TheSun , Goal , Mirror

SHARE