၁၀-၂-၂၀၂၀ အတွက် ညနေခင်းဦးဦးဖျားဖျား အားကစားသတင်းများ

Twitter / Mirror

မန်ယူ ။ ။ စပိန်နိုင်ငံ၊ မာဘယ်လာ မှာ သွားရောက်ပြီး လေ့ကျင့်ရေးအစီအစဉ်တွေ လုပ်ကိုင်နေတဲ့ မန်ယူအသင်းဟာ တစ်ညကို ပေါင်(၂၀၀၀)ပေးရတဲ့ Kempinski ကမ်းခြေဟိုတယ်မှာ တည်းခိုနေတာဖြစ်တယ်လို့ ဓာတ်ပုံတွေနဲ့အတူ ပေါ်ထွက်လာခဲ့ပါတယ်။ အပျံစားတည်ဆောက်ထားတဲ့ ဇိမ်ခံဟိုတယ်ဟာ မက်ဒီတာရေးနီးယန်းပင်လယ်ကြီးကို (၁၈၀)ဒီဂရီမြင်နိုင်တဲ့အမြင့်မှာ ဆောက်ထားပြီး ဟိုတယ်နံဘေးမှာ ဘောလုံးကွင်းတွေလည်းရှိနေလို့ မန်ယူအသင်းအတွက် အဆင်ပြေဆုံးဖြစ်နေပါတယ်။

မန်စီးတီး ။       ။ ၀က်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်ကို ရာသီဥတုဆိုးရွားမှုကြောင့် ရွှေ့ဆိုင်းလိုက်ရတဲ့ မန်စီးတီးအသင်းအနေနဲ့ ပွဲကျပ်ကာလကို ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ ဆောင်းရာသီနားရက်ပြီးရင် လက်စတာအသင်းနဲ့ယှဉ်ပြိုင်ရမယ့် မန်စီးတီးဟာ အဲဒီနောက် (၄)ရက်အကြာမှာ ရီးယဲလ်နဲ့ချန်ပီယံလိဂ် ကစားရမှာဖြစ်ပြီး အဲဒီနောက် (၄)ရက်အကြာမှာ ဗီလာအသင်းနဲ့ ကာရာဘောင်းဖလားဗိုလ်လုပွဲကို ကစားရမှာပါ။ ဆက်တိုက်ဖြစ်နေတဲ့ ပွဲစဉ်တွေကြားမှာ ၀က်စ်ဟမ်းအသင်းနဲ့ ကစားရမယ့်ပွဲကို စီစဉ်ရခက်ခဲနေပြီး FA တာဝန်ရှိသူတွေနဲ့ မန်စီးတီးအသင်းတာဝန်ရှိသူတွေအတွက် ခေါင်းခြောက်စရာဖြစ်နေပါတယ်။

တိုမီနေး ။        ။ မန်ယူအသင်းရဲ့ ပွဲစဉ် (၁၁)ပွဲကို လွဲချော်ခဲ့တဲ့ တိုမီနေး တစ်ယောက် ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာခဲ့ပြီး တစ်ကိုယ်တော် လေ့ကျင့်ခန်းအစီအစဉ်တွေ ပြုလုပ်နေပြီလို့ မန်ယူအသင်း တာဝန်ရှိသူတွေက အသိပေးပါတယ်။ မန်ယူအသင်းနဲ့အတူ စပိန်နိုင်ငံကို လိုက်ပါသွားခဲ့တဲ့ တိုမီနေးဟာ ဒဏ်ရာကနေ အမြန်ဆုံး သက်သာလာခဲ့ပြီး ဖာနန်ဒက်စ်နဲ့အတူ ကွင်းလယ်မှာ တွေ့ရတော့မယ်လို့ သတင်းတွေက ဖော်ပြနေကြပါပြီ။

မော်ရင်ဟို ။     ။ စပါးအသင်းနည်းပြ မော်ရင်ဟို က စပါးအသင်းရဲ့နည်းပြရာထူးဟာ အမှန်တကယ်ခက်ခဲတဲ့ အလုပ်ဖြစ်ကြောင်း ၀န်ခံလိုက်ပါတယ်။ အမှတ်ပေးဇယားရဲ့ အဆင့်(၅)နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကြိုးစားနေရပေမယ့် မော်ရင်ဟိုကတော့ သူ့အနေနဲ့ စပါးနည်းပြဘ၀မှာ ပျော်ရွှင်နေပြီဖြစ်ကြောင်း အင်တာဗျူးတစ်ခုမှာ ဖြေဆိုသွားခဲ့ပါတယ်။

ဆန်ချို ။          ။ ဒေါ့တ်မွန်အသင်းဟာ ကွင်းလယ်ကစားသမား ဆန်ချိုရဲ့ တန်ကြေးကို ပေါင်သန်း(၁၂၀)အထိ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။ Don Balon မန်ယူနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ စိတ်ဝင်စားမှုကို ခံနေရတဲ့ အသက် (၁၉)နှစ်အရွယ် ကွင်းလယ်လူကို ဒီ နွေရာသီ အပြောင်းအရွှေ့မှာ ဒေါ့တ်မွန်အသင်းက ထုတ်ရောင်းဖို့ ပြင်ဆင်နေပြီး မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကို သတ်မှတ်ပေးလိုက်တာပါ။

READ
၃၁-၁၀-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Linn

Source : TheSun , Goal , Mirror

SHARE