၁၃-၂-၂၀၂၀ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Twitter / Goal

မက်ဒီဆင် ။     ။ လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာ က အသင်းကွင်းလယ်လူ မက်ဒီဆင် ဟာ ပါတီပွဲတွေကို စွဲလန်းနေသူ တစ်ယောက်မဟုတ်ပဲ သူ့ရဲ့အလုပ်ကို အကောင်းဆုံး ကြိုးစားပြီး လုပ်ဆောင်နေသူတစ်ယောက်သာ ဖြစ်ကြောင်း ကာကွယ်ပြောဆိုလိုက်ပါတယ်။ မန်ယူအသင်းကနေ ခေါ်ယူဖို့ ကြိုးစားနေတဲ့ ပေါင်သန်း(၉၀)တန် ကွင်းလယ်လူ ဟာ  ဒူဘိုင်းကို သွားရောက်ပြုလုပ်ခဲ့တဲ့ အသင်းလေ့ကျင့်ရေးအစီအစဉ်မှာ ဒူဘိုင်းရဲ့နာမည်ကြီးပါတီပွဲတစ်ခုဆီ သွားရောက်ခဲ့ပြီး ဓာတ်ပုံတွေ ပေါ်ထွက်လာတဲ့အပေါ် ဘရန်ဒန်ရော်ဂျာက ကာကွယ်ပြောဆိုပေးသွားခဲ့တာဖြစ်ပါတယ်။

 

ကီပါ ။  ။ လက်စွမ်းမတည်ငြိမ်မှုကြောင့် အရန်ခုံမှာ ထိုင်နေရတဲ့ ချယ်လ်ဆီးဂိုးသမား ကီပါ က သူ့အနေနဲ့ ပွဲထွက်ဂိုးသမားနေရာကို ပြန်လည်ရယူဖို့အတွက် ယုံကြည်မှု အပြည့်ရှိကြောင်း ပြောဆိုလိုက်ပါတယ်။ လက်စတာအသင်းနဲ့ သရေကျခဲ့တဲ့ ပွဲမှာ အမှားတွေ လုပ်ပြီးကတည်းက အရန်ခုံရောက်သွားခဲ့တဲ့ ကီပါ ဟာ သူ့ရဲ့ပွဲထွက်နေရာကို ကာဘယ်လာရို ဆီ လွှဲပေးထားရပေမယ့် သူ့ရဲ့ ပုံစံကောင်းကို ပြန်လည်ပြသနိုင်လိမ့်မယ်လို့ ယုံကြည်နေတာပါ။

ဂွာဒီယိုလာ ။    ။ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာ က လာမယ့်တစ်ပတ်မှာ ကစားရမယ့် ရီးယဲလ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာသာ ရှုံးနိမ့်ခဲ့ရင် ရာထူးကနေ ထုတ်ပယ်ခံရနိုင်တယ်လို့ ဖွင့်ဟလိုက်ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် လီဗာပူးလ်ကို လိုက်မမှီတော့တဲ့နောက် မန်စီးတီးရဲ့ အဓိက ပစ်မှတ်က ချန်ပီယံလိဂ်ဆုဖလား ဖြစ်သွားခဲ့ပြီး ဒီရာသီ ချန်ပီယံလိဂ်မှာသာ ရလဒ်ကောင်းကောင်းမရခဲ့ရင် သူ ထုတ်ပယ်ခံရနိုင်တယ်လို့ ဂွာဒီယိုလာ က ဖွင့်ဟသွားခဲ့တာပါ။

နေမာ ။ ။ ဘာစီလိုနာအသင်းဟာ PSG အသင်းတိုက်စစ်မှူး နေမာ ကို ပြန်လည်ခေါ်ယူဖို့ ပြင်ဆင်နေပြန်ပြီလို့ Marca သတင်းစာက ဖော်ပြလိုက်ပြန်ပါတယ်။ ဘာစီလိုနာဟာ အသင်းရဲ့တိုက်စစ်မှူး မက်ဆီကို ဆက်ထိန်းထားနိုင်ဖို့အတွက် နေမာ ကို ပြန်လည်ခေါ်ယူပေးဖို့ ပြင်ဆင်နေတာဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့ အမှန်တကယ် ခေါ်ယူဖို့ ကြိုးစားသွားမှာဖြစ်တယ်လို့ ရေးသားဖော်ပြသွားခဲ့ပါတယ်။

READ
(၁၆-၄-၁၈)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

လီဗာပူးလ် ။     ။ လီဗာပူးလ်အသင်းဟာ စာချုပ်သက်တမ်း (၃)နှစ်ကျန်သေးတဲ့ နောက်ခံလူ ဗန်ဒိုက် ကို သက်တမ်းတိုးစာချုပ် ဆက်လက် ချုပ်ဆိုဖို့ ပြင်ဆင်နေကြောင်း Mirror က ဖော်ပြပါတယ်။ လီဗာပူးလ်အသင်းနဲ့ နှစ်ရှည်စာချုပ်သက်တမ်းရှိနေသေးပေမယ့်လည်း လီဗာပူးလ်က နောက်ထပ် (၃)နှစ်လောက် ဆက်လက် သက်တမ်းတိုးချင်နေပြီး လစာငွေကို (၂)ဆနီးပါး တိုးမြှင့်ပေးသွားဖို့ စီစဉ်နေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

Linn

Source : TheSun , Goal , Mirror

SHARE