၁၄-၂-၂၀၂၀ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Twitter / Si

ဝီလီယံ ။         ။ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ကွင်းလယ်လူ ၀ီလီယံကတော့ ဂျူဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့ဖို့ စဉ်စားနေပြီလို့ Mirror က ဖော်ပြပါတယ်။ လာမယ့် နွေရာသီမှာ ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်းကုန်တော့မယ့် အသက် (၃၁)နှစ်အရွယ် ကွင်းလယ်ကစားသမားကို ဘာစီလိုနာအသင်းကလည်း ခေါ်ယူဖို့ ဆန္ဒရှိနေပြီး ၀ီလီယံကိုယ်တိုင်ကတော့ ဂျူဗင်တပ်စ်ကို ရွေးချယ်ဖို့ ဆန္ဒရှိနေတယ်လို့ သိရတာပါ။

မစ်ဂ်နိုလက် ။    ။ လာမယ့် ယူရိုပါလိဂ် ပွဲစဉ်မှာ မန်ယူအသင်းနဲ့ ရင်ဆိုင်ရမယ့် လီဗာပူးလ်ဂိုးသမားဟောင်း မစ်ဂ်နိုလက် က ပြိုင်ပွဲမတိုင်ခင်မှာပဲ မန်ယူအသင်းကို သတိပေးစကားပြောဆိုလိုက်ပါတယ်။ လက်ရှိအချိန်မှာ မစ်ဂ်နိုလက်ဟာ ဘယ်လ်ဂျီယံကလပ် ဘရုဂေးအသင်းမှာ ကစားနေပြီး မန်ယူအသင်းနဲ့ ယူရိုပါလိဂ် ရှုံးထွက်အဆင့်ပွဲစဉ်ကို ယှဉ်ပြိုင်ရမှာပါ။ မစ်ဂ်နိုလက် က ဘရုဂေးအသင်းကစားသမားတွေရဲ့ အနိုင်ယူလိုစိတ်နဲ့ စည်းလုံးမှုအပိုင်းဟာ အကောင်းဆုံး ပုံစံမှာ ရှိနေပြီး မန်ယူအသင်းကို အခက်တွေ့အောင် ကစားသွားမှာဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

 

ကာဇိုလာ ။      ။ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်း ကာဇိုလာ က အာဆင်နယ်အသင်းတာဝန်ရှိသူတွေဟာ ဗီလာရီးယဲလ်ကစားသမားတွေကို ခေါ်ယူဖို့အတွက် ဖုန်းဆက်ပြီး အကြံဥာဏ်တောင်းခဲ့ကြောင်း ဖွင့်ဟလိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ ဗီလာရီးယဲလ် ကစားသမားတွေဖြစ်ကြတဲ့ နောက်ခံလူ တောရက်စ်နဲ့ တောင်ပံကစားသမား ချုကွီဇီတို့ကို ခေါ်ယူဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ကာဇိုလာ ဆီကနေ အကြံဥာဏ် လှမ်းတောင်းခဲ့တာပါ။

အယ်လီဂရီ ။    ။ ဂျူဗင်တပ်စ်အသင်းရဲ့နည်းပြဟောင်း အယ်လီဂရီကတော့ အင်္ဂလန်ကလပ်အသင်းတစ်သင်းနဲ့ သဘောတူညီမှုရဖို့ ဆွေးနွေးနေပြီဆိုတဲ့အကြောင်း မီဒီယာတွေဆီ အသိပေးလိုက်ပါတယ်။ မန်ယူအသင်းရဲ့နည်းပြဖြစ်လာဖို့ ရေပန်းစားနေတဲ့ အယ်လီဂရီ က လက်ရှိအချိန်မှာ အင်္ဂလန်ရဲ့ ထိပ်သီးအသင်းတစ်သင်းနဲ့ ဆွေးနွေးနေကြောင်း ၀န်ခံသွားခဲ့လို့ မန်ယူနည်းပြ ဆိုးလ်ရှားအတွက်တော့ စိုးရိမ်စရာ ဖြစ်လာနေခဲ့ပါတယ်။

ကာရေဂါ ။       ။ မန်ယူအသင်း ကွင်းလယ်ကစားသမားသစ် ဖာနန်ဒက်စ်အနေနဲ့ လာမယ့် ချယ်လ်ဆီးနဲ့ပွဲမှာ မတူညီတဲ့အတွေ့အကြုံမျိုး ရရှိသွားမှာဖြစ်တယ်လို့ ကာရေဂါ က သတိပေးလိုက်ပါတယ်။ လီဗာပူးလ်အသင်း နောက်ခံလူဟောင်းက ဖာနန်ဒက်စ်အနေနဲ့ အရင်ကနဲ့မတူတဲ့ အတွေ့အကြုံမျိုးကို ချယ်လ်ဆီးနဲ့ ပွဲစဉ်မှာ ရရှိသွားလိမ့်မယ်လို့ သုံးသပ်လိုက်ပြီး ချယ်လ်ဆီးအသင်းရဲ့ ဂျော်ဂျင်ဟို၊ကန်တီနဲ့ ကိုဗာဆစ် တို့ဟာ ဖာနန်ဒက်စ်ကို အခက်တွေ့အောင် ကစားပြကြလိမ့်မယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။

READ
(၂၅-၂-၁၈) အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဆန်ချို ။ ။ လီဗာပူးလ်အသင်း ကစားသမားဟောင်း ဂလင်းဂျွန်ဆင် ကတော့ ဆန်ချိုအနေနဲ့ မန်ယူအသင်းဆီ မပြောင်းသင့်ဘူးလို့ မှတ်ချက်ပေးလိုက်ပါတယ်။ မန်ယူအသင်းရဲ့ ဖိအားတွေရှိနေတဲ့အခြေအနေကြောင့် လူငယ်ကစားသမားတွေအနေနဲ့ ဖိအားဒဏ်ကို ရင်ဆိုင်ရမှာဖြစ်ပြီး ခြေစွမ်းကောင်းတွေ ပျောက်ဆုံးသွားကြလိမ့်မယ်လို့ ဂလင်းဂျွန်ဆင်က သုံးသပ်လိုက်ပြီး ဆန်ချိုကို မန်ယူဆီ မသွားဖို့ တိုက်တွန်းလိုက်တာပါ။

Linn

Source : TheSun , Goal , Mirror

SHARE