၁၉-၂-၂၀၂၀ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Twitter / Goal

ဂိုမက်ဇ် ။         ။ နိုဝင်ဘာလအတွင်းမှာ ကစားခဲ့တဲ့ စပါးအသင်းနဲ့ အဲဗာတန်အသင်းတို့ရဲ့ ပွဲစဉ်မှာ ခြေကျင်းဝတ်ကျိုးသွားခဲ့တဲ့ အဲဗာတန်ကွင်းလယ်လူ ဂိုမက်ဇ်အနေနဲ့ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာခဲ့ပြီး အဲဗာတန်အတွက် ပြန်ကစားပေးနိုင်တော့မှာဖြစ်တယ်လို့ နည်းပြ အန်ဆယ်လော့တီ က အတည်ပြုလိုက်ပါတယ်။ (၁၁၂)ရက်ကြာ အနားယူခဲ့ရပြီးတဲ့နောက် ဂိုမက်ဇ်ဟာ လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ပါဝင်နေနိုင်ပြီဖြစ်ပြီး ဒီတစ်ပတ် ကစားမယ့် အာဆင်နယ်အသင်းနဲ့ ပွဲစဉ်မှာ ပါဝင်လာဖို့ရှိနေတယ်လို့ သိရပါတယ်။

 

ပေါ့ဂ်ဘာ ။       ။ မန်ယူအသင်းရဲ့ ဆရာဝန်တွေဟာ ပေါ့ဂ်ဘာရဲ့ဒဏ်ရာကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် မတ်လ ပထမပတ်အတွင်းမှာ ပြန်လည်ကစားလို့ရပြီဖြစ်ကြောင်း အတည်ပြုပေးလိုက်ပါတယ်။ ဒီရာသီမှာ မန်ယူအသင်းအတွက် (၈)ပွဲသာ ကစားပေးထားရသေးတဲ့ ပေါ့ဂ်ဘာကို အမြန်ဆုံးပြန်ကစားနိုင်ဖို့ နည်းပြအဖွဲ့က မျှော်လင့်နေပြီး မတ်လ(၈)ရက်မှာကစားမယ့် မန်စီးတီးနဲ့ပွဲအမှီ ပြန်ကစားနိုင်လိမ့်မယ်လို့ ဆေးအဖွဲ့က ယူဆထားတာပါ။

READ
၁၁-၉-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ရော်ဘတ်ဆန် ။ ။ လီဗာပူးလ်အသင်းနောက်ခံကစားသမား ရော်ဘတ်ဆန် က အက်သလက်တီကိုအသင်းသားတွေဟာ လီဗာပူးလ်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဆုဖလားရသွားသလို အောင်ပွဲခံခဲ့ကြတယ်လို့ ပြောဆိုလိုက်ပါတယ်။ လီဗာပူးလ်ကို အက်သလက်ကို (၁-၀)နဲ့ နိုင်တဲ့ပွဲစဉ်အပြီးမှာ နည်းပြ ဆီမြွန်နီအပါအ၀င် အက်သလက်ကစားသမားတွေရဲ့ အောင်ပွဲခံပုံကို ရော်ဘတ်ဆန်က ဝေဖန်လိုက်တာဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ်တစ်ပွဲကျန်သေးကြောင်းကိုလည်း သတိပေးသွားခဲ့ပါတယ်။

ဂျူဗင်တပ်စ် ။    ။ လာမယ့်အပြောင်းအရွှေ့မှာ တိုက်စစ်ကစားသမားတစ်ယောက် ခေါ်ယူဖို့ စီစဉ်နေတဲ့ ဂျူဗင်တပ်စ်အသင်းရဲ့ ရေဒါထဲမှာ အင်တာမီလန်တိုက်စစ်မှူး အီကာဒီ နဲ့ မန်စီးတီးတိုက်စစ်မှူးဂျီးဆပ် တို့ရှိနေကြတယ်လို့ အီတလီသတင်းစာတွေက ဖော်ပြနေကြပါတယ်။ PSG အသင်းကို အငှားနဲ့ သွားရောက်ကစားနေတဲ့ တိုက်စစ်မှူး အီကာဒီ ကို ရီးယဲလ်အသင်းကလည်း စောင့်ကြည့်နေတယ်လို့ သတင်းတွေ ထွက်နေတာပါ။

မန်စီးတီး ။       ။ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ပိတ်ပင်တဲ့ ပြစ်ဒဏ်နဲ့ရင်ဆိုင်ခဲ့ရတဲ့ မန်စီးတီးဟာ အသင်းရဲ့တောင်ပံကစားသမား ဆာနေး ကိုရောင်းချရတော့မယ့်အခြေအနေနဲ့ရင်ဆိုင်နေရပါပြီ။ဘဏ္ဍာရေးအခြေအနေတွေညီမျှစေဖို့အတွက် မန်စီးတီးဟာ ဆာနေး ကို ထုတ်ရောင်းရဖို့ရှိနေပြီး ပေါင်သန်း(၈၀)လောက်ရဖို့ အနည်းဆုံးရည်မှန်းထားကြောင်း Daily Star က ဖော်ပြပါတယ်။

READ
(၃၀-၃-၁၈)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Linn

Source : TheSun , Marca , Mirror

SHARE