၂၀-၂-၂၀၂၀ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Twitter / Goal

ဘက်ပီ ။         ။ PSG အသင်းတိုက်စစ်မှူး ဘက်ပီ ဟာ အနာဂတ်ရဲ့အကောင်းဆုံး ကစားသမား ဖြစ်လာလိမ့်မယ်လို့ ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒို က မှတ်ချက်ပေးလိုက်ပါတယ်။ ကမ္ဘာ့ဖလား၊ ပြင်သစ်လိဂ်ဖလား (၃)ကြိမ်အပြင် အခြားဆုဖလားတွေကို ပိုင်ဆိုင်ထားတဲ့ အသက် (၂၁)နှစ်အရွယ် တိုက်စစ်မှူးဟာ လာမယ့်နှစ်အနည်းငယ်အတွင်း အကောင်းဆုံး ကစားသမားဖြစ်လာလိမ့်မယ်လို့ ရော်နယ်ဒိုက မှတ်ချက်ပေးလိုက်တာပါ။

 

မော်ရင်ဟို ။     ။ လိုက်ပ်ဇစ်အသင်းကို ချန်ပီယံလိဂ်ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် မော်ရင်ဟို က စပါးအသင်းဟာ ကျည်ဆံမရှိတဲ့ သေနတ်တစ်လက်နဲ့တူနေကြောင်း မှတ်ချက်ပေးလိုက်ပါတယ်။ လိုက်ပ်ဇစ်ကို အိမ်ကွင်းမှာ (၀-၁)နဲ့ အရှုံးပေးခဲ့ရပြီးနောက် မော်ရင်ဟို က တိုက်စစ်မှူး စစ်စစ်တစ်ယောက်မှမရှိတဲ့ စပါးရဲ့အနေအထားဟာ သေနတ်ပစ်ပွဲထဲကို ကျည်ဆန်မပါတဲ့သေနတ်နဲ့ရောက်လာခဲ့သလိုဖြစ်နေပြီး ကစားသမားတွေက အများကြီး ကြိုးစားနေကြရတယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

 

မက်ဆီ ။         ။ ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်ဆီ က စီးရီးအေပြိုင်ပွဲမှာ ရော်နယ်ဒို တစ်ယောက် (၁၁)ပွဲဆက် ဂိုးသွင်းနိုင်ခြင်းဟာ အံ့သြစရာမဟုတ်ပဲ ပုံမှန်ကိစ္စတစ်ခုသာဖြစ်ကြောင်း မှတ်ချက်ပေးလိုက်ပါတယ်။ ရော်နယ်ဒိုနဲ့ မက်ဆီ တို့ဟာ လက်ရှိအချိန်မှာ မတူညီတဲ့အခြေအနေ နှစ်ခုနဲ့ရင်ဆိုင်နေရတာဖြစ်ပြီး ရော်နယ်ဒိုက (၁၁)ပွဲဆက်ဂိုးသွင်းနေချိန်မှာ မက်ဆီကတော့ (၄)ပွဲဆက်တိုက် ဂိုးပေါက်ပျောက်နေခဲ့တာပါ။ မက်ဆီက စပိန်သတင်းစာတစ်ခုနဲ့ အင်တာဗျူးမှာ ရော်နယ်ဒို ဟာ ဂိုးသွင်းဖို့အတွက် စိတ်ဆန္ဒပြင်းပြလွန်းသူတစ်ယောက်ဖြစ်တာကြောင့် သူဂိုးသွင်းနိုင်တယ်ဆိုတာ ပုံမှန်ကိစ္စတစ်ခုပါပဲလို့ ဖြေဆိုသွားခဲ့ပါတယ်။

ဘေးလ် ။        ။ မန်ယူအသင်းနဲ့ စပါးအသင်းတို့ဟာ ရီးယဲလ်မှာအဆင်မပြေဖြစ်နေတဲ့ တိုက်စစ်မှူး ဂါရက်ဘေးလ်ကို စောင့်ကြည့်နေကြဆဲဖြစ်တယ်လို့ Marca က ဖော်ပြပါတယ်။ ရီးယဲလ်အသင်းဟာ ဘေးလ်အတွက် ပေါင်သန်း(၅၀)၀န်းကျင်ရရင် ရောင်းထုတ်သွားဖို့ရှိနေပြီး ဒီရာသီမှာ ရီးယဲလ်အတွက် ခြေစွမ်းပြနိုင်ခြင်းမရှိတဲ့ ဘေးလ်ကို ပရိသတ်တွေကလည်း စိတ်ကုန်နေကြပြီဖြစ်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

READ
(၂၅-၄-၂၀၁၉)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

အင်တာ ။        ။ အင်တာမီလန်အသင်းဟာ စီးရီးအေပြိုင်ဖက် နာပိုလီအသင်းရဲ့ တိုက်စစ်မှူး မာတန်စ် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ Calcio Mercato သတင်းစာက ဖော်ပြပါတယ်။ နာပိုလီအသင်းဟာ မာတန်စ်ကို စာချုပ်သစ်ချုပ်ဖို့ ပြင်ဆင်နေပြီး အဆင်မပြေခဲ့ဘူးဆိုရင် လာမယ့် အပြောင်းအရွှေ့မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရမှာပါ။ မာတန်စ်ဟာ နာပိုလီရဲ့ တိုက်စစ်မှာ အဓိကကျတဲ့ တိုက်စစ်မှူးအဖြစ် ရှိနေတာဖြစ်ပြီး ဒီရာသီမှာ နာပိုလီအတွက် (၁၉)ပွဲကစားကာ (၆)ဂိုး သွင်းယူပေးထားပါတယ်။

ဒမ္ဘီလီ ။       .။ လိုင်ယွန်အသင်းတိုက်စစ်မှူး ဒမ်ဘီလီ အနေနဲ့ လာမယ့် အပြောင်းအရွှေ့မှာ မန်ယူအသင်းဆီ ပြောင်းဖို့ ဆုံးဖြတ်ထားပြီးသား ဖြစ်တယ်လို့ Sky Sports က ဖော်ပြပါတယ်။ အသက် (၂၃)နှစ်အရွယ် တိုက်စစ်မှူးအတွက် မန်ယူအသင်းက ပေါင်(၈၄)သန်းလောက် သုံးရဖွယ်ရှိနေပြီး အဲဒီထက်လျော့နည်းတဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့ ကမ်းလှမ်းရင် အပြောင်းအရွှေ့က ဖြစ်လာနိုင်ဖို့ မရှိဘူးလို့ သတင်းတွေက ဖော်ပြနေကြတာပါ။

READ
၆-၂-၂၀၂၀ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Linn

Source : TheSun , Goal , Mirror

SHARE