၂၁-၂-၂၀၂၀ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Twitter / Goal

မက်ဆီ ။         ။ အီဘာအသင်းနည်းပြ မန်ဒီလီဘာ က ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်ဆီ ဟာ ကွင်းအတွင်းမှာ ဘောလုံးကစားရင်း နားနေတတ်တဲ့ ကစားသမားဖြစ်တာကြောင့် ပွဲပန်းမှုဒဏ်ကို ခံရဖွယ်မရှိဘူးလို့ တိုက်ခိုက်လိုက်ပါတယ်။ ဒီတစ်ပတ် ကစားရမယ့် ဘာစီလိုနာနဲ့ အီဘာနဲ့ ပွဲစဉ်မတိုင်မီ အီဘာနည်းပြ မန်ဒီလီဘာ က မက်ဆီကို စကားလုံးတိုက်ပွဲဆင်နွှဲလိုက်တာဖြစ်ပြီး မက်ဆီဟာ သူ့ကိုယ်သူ သက်သာအောင် ကစားတတ်သူဖြစ်တာကြောင့် ပွဲပန်းမှာကို ပူနေစရာမရှိဘူးလို့ ပြောဆိုလိုက်တာပါ။

စတာလင် ။      ။ မန်စီးတီးအသင်းတိုက်စစ်မှူး စတာလင် က သူ့အနေနဲ့ ရီးယဲလ်အသင်းကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားပေမယ့်လည်း လက်ရှိအချိန်မှာတော့ မန်စီးတီးအသင်းနဲ့ ရှိနေတဲ့ စာချုပ်ကို လေးစားရမှာဖြစ်ကြောင်း ဖွင့်ဟလိုက်ပါတယ်။ မန်စီးတီးအသင်း ချန်ပီယံလိဂ်ကစားခွင့် ပိတ်ပင်ခံရတဲ့ အနေအထားကြောင့် စတာလင် တစ်ယောက် အသင်းပြောင်းလိမ့်မယ်လို့ သတင်းတွေက ဖော်ပြနေကြပြီး စတာလင်က အဲဒီအနေအထားနဲ့ပတ်သက်တဲ့မေးခွန်းတွေကို ဖြေဆိုသွားခဲ့တာပါ။ မန်စီးတီးအသင်းအတွက် ဒီရာသီမှာ သွင်းဂိုး (၂၀)အထိ သွင်းပေးထားတဲ့ စတာလင် ဟာ (၂၀၂၃)ခုနှစ်မှာမှ မန်စီးတီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပါတယ်။

 

သီယာဂိုဆေးလ်ဗား ။    ။ PSG အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် နောက်ခံလူ သီယာဂိုဆေးလ်ဗားရဲ့ အေးဂျင့်ဟာ အေစီမီလန်အသင်းနဲ့ ချိတ်ဆက်နေတယ်လို့ Mirror က ဖော်ပြပါတယ်။ ဒီရာသီကုန်ရင် PSG နဲ့ စာချုပ်သက်တမ်းကုန်ပြီဖြစ်တဲ့ ဆေးလ်ဗား ဟာ အေစီမီလန်အသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပြီး ဆက်သွယ်မှုတွေ ပြုလုပ်နေတာပဲဖြစ်ပါတယ်။

ဝီလီယံ ။         ။ ချယ်လ်ဆီးအသင်းကနေ စာချုပ် ကုန်ဆုံးပြီး ထွက်ခွာတော့မယ့် ကွင်းလယ်လူ ၀ီလီယံ ဟာ ဆရာဟောင်း မော်ရင်ဟို နဲ့ ပြန်လည်ပူးပေါင်းဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ အသက် (၃၁)နှစ်အရွယ် ကွင်းလယ်လူ ဟာ စပါးအသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိဖွယ်ရှိနေပြီး ဂျူဗင်တပ်စ် အသင်းဆီ ရောက်လိမ့်မယ်လို့လည်း သတင်းတွေက ဖော်ပြနေကြပါတယ်။

ပဲလေ့စ် ။         ။ ပရီးမီးယားလိဂ်ကလပ် ပဲလေ့စ်အသင်းဟာ အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်တော့တဲ့ နည်းပြ ရွိုင်းဟော့ဒ်ဆန် ကို စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းလိုက်ပါတယ်။ အသက် (၇၂)နှစ်အရွယ် နည်းပြကြီးအနေနဲ့ ပဲလေ့စ်အသင်းဆီကို (၂၀၁၇)ခုနှစ်ကတည်းက ရောက်ရှိလာခဲ့ပြီး သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိမ့်မယ်လို့ ပဲလေ့စ်ရဲ့ အမှုဆောင်တစ်ဦးဖြစ်တဲ့ ပါရစ်ခ်ျက မျှော်လင့်နေပါတယ်။

READ
မနက်ခင်း နောက်ဆုံးရ အားကစားသတင်းများ

Linn

Source : TheSun , Goal , Mirror

SHARE