လမ်းပတ် ။ ။ ဒီနေ့ည (၇း၀၀)အချိန်မှာ စပါးအသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမယ့် ချယ်လ်ဆီးနည်းပြ လမ်းပတ် က မော်ရင်ဟို အနေနဲ့ တိုက်စစ်မှူးတွေ ဒဏ်ရာရနေခဲ့ပေမယ့်လည်း မိုရာနဲ့ အယ်လီတို့လို ဂိုးသွင်းကောင်းတဲ့ ကစားသမားတွေ ရှိနေသေးတယ်လို့ ဖွင့်ဟလိုက်ပါတယ်။ လမ်းပတ် က မော်ရင်ဟို ရဲ့အသင်းဟာ ဟယ်ရီကိန်း၊ ဆွန်ဟောင်မင် တို့မရှိတာနဲ့ အားနည်းသွားပြီလို့ မဆိုနိုင်ကြောင်းနဲ့ စပါးအသင်းမှာ ကစားသမားကောင်းတွေအများကြီး ကျန်ရှိနေသေးကြောင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။
နေမာ ။ ။ PSG အသင်းကနေ နေမာ တစ်ယောက် ထွက်ခွာမယ်လို့ သတင်းတွေ ထွက်နေခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာတော့ တစ်ပတ်လုပ်ခ ပေါင်(၆၀၀၀၀၀)ရမယ့် စာချုပ်သစ်ကို ဆက်လက်ချုပ်ဆိုဖို့ ဆွေးနွေးနေပြီလို့ Mirror က ဖော်ပြပါတယ်။ ဒီရာသီမှာ PSG အသင်းအတွက် (၁၄)ပွဲ ကစားပြီး (၁၃)ဂိုး သွင်းယူထားတဲ့ တိုက်စစ်မှူးဟာ PSG နဲ့ (၂၀၂၂)ခုနှစ်အထိ စာချုပ်ကျန်ရှိနေသေးပေမယ့်လည်း နောက်ထပ် စာချုပ်သစ်ချုပ်ဆိုဖို့ စဉ်းစားနေပြီလို့ သတင်းတွေက ဖော်ပြနေကြပါတယ်။
According to Le10Sport, PSG recently held talks with Neymar and are hopeful he’ll sign a contract extension 📝
Could the Brazilian actually stay for the long term now? 😱 pic.twitter.com/8iPPYb8RrV
— Goal (@goal) September 25, 2019
လက်စတာ ။ ။ လက်စတာအသင်းဟာ လီဗာပူးလ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ကွင်းလယ်လူ လယ်လာနာ ကို ခေါ်ယူဖို့ ချဉ်းကပ်နေတယ်လို့ Mirror က ဖော်ပြပါတယ်။ ဒီ နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အန်ဖီးလ်ကနေ ထွက်ခွာတော့မယ့် လယ်လာနာ ကို လက်စတာအသင်းက ကမ်းလှမ်းမှု စတင်နေပြီဖြစ်ပြီး အသက် (၃၁)နှစ်အရွယ် ကွင်းလယ်လူ ဟာ လီဗာပူးလ်နဲ့(၆)နှစ်ကြာ လက်တွဲခဲ့မှုကို အဆုံးသတ်တော့မှာပါ။
Leicester ‘make initial approach to sign Liverpool’s Adam Lallana in the summer’ https://t.co/ZhA3lkD7Xa pic.twitter.com/lBNg6GqUIb
— aedailydotnetuk (@aedailydotnetuk) February 19, 2020
ပါရီဆစ် ။ ။ အင်တာမီလန်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းဆီ အငှားချထားတဲ့ ကွင်းလယ်လူ ပါရီဆစ် ကို ယူရိုသန်း(၂၀)လောက်နဲ့ အပြီးသတ်ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ Calcio Mercato သတင်းစာက ဖော်ပြပါတယ်။ အင်တာကနေ ဘိုင်ယန်အသင်းဆီ တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ပါရီဆစ် ဟာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ဘိုင်ယန်မြူးနစ်ရဲ့ ပွဲစဉ်တွေကို လွဲချော်နေခဲ့ပြီး ဘိုင်ယန်အတွက် (၁၅)ပွဲကစားကာ (၄)ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါသေးတယ်။
Niente Inter: Perisic non vuole tornare https://t.co/E93smN1Bu0 #Sportal pic.twitter.com/Nhfl70RuiR
— Sportal.it (@sportal_it) February 22, 2020
အိုနာနာ ။ ။ အေဂျက်ဇ်ဂိုးသမား အိုနာနာ ကိုခေါ်ယူဖို့ ကြိုးစားနေတဲ့ ချယ်လ်ဆီးအသင်းဟာ ဘာစီလိုနာ နဲ့ အဓိက ပြိုင်ဆိုင်ပြီး ခေါ်ယူရဖွယ်ရှိနေတယ်လို့ Marca သတင်းစာက ဖော်ပြပါတယ်။ အသက် (၂၃)နှစ်အရွယ် ဂိုးသမားကို ကီပါ ရဲ့နေရာမှာ အစားထိုးဖို့အတွက်ချယ်လ်ဆီးအသင်းက ပြင်ဆင်နေတာဖြစ်ပြီး ဘာစီလိုနာအသင်းကလည်း ဒီဂိုးသမားကိုခေါ်ယူဖို့ ဆက်သွယ်မှုတွေ ပြုလုပ်နေတာပါ။
ဝုဗ် ။ ။ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာတော့ ၀ုဗ်အသင်းရဲ့ တိုက်စစ်ကစားသမားတွေဟာ ဈေးကွက်ဝင်လာဖို့ရှိနေတယ်လို့ Goal က ဖော်ပြပါတယ်။ ၀ုဗ်တိုက်စစ်မှူး ဂျိုတာ ကို မန်ယူအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ကွင်းလယ်တိုက်စစ်က နီဗက် ကိုလည်း ရီးယဲလ်အသင်းက ခေါ်ယူဖို့ ဆက်သွယ်နေတယ်လို့ သတင်းတွေမှာ ဖော်ပြနေကြပါပြီ။
Linn
Source : TheSun , Goal , Marca